Spots news

ယူနိုက်တက်သို့ လာချင်ရင် ကြိုဆိုနေမှာပါလို့ ပေါ့ဘာမဲဆွယ်လိုက်တဲ့ မိုနာကိုကြယ်ပွင့်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာက ပြင်သစ်မှာ တွဲကစားခဲ့ရတဲ့ လူငယ် ကြယ်ပွင့်ကစားသမား ချူအိုမီနီကို ချီးကျူးလိုက်ပြီး ယူနိုက်တက်သို့

ရောက်ရှိလာပါက ကြိုဆိုမိမည် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်ကို အားဖြည့်ရန် ပြင်ဆင်နေပြီး ပေါ့ဘာက ချူအိုမီနီကို ခေါ်ယူဖို့ ထောက်ပြလိုက်ခြင်း ဖြစ်ပါတယ်။

မိုနာကိုအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မိုနာကိုအသင်းနဲ့အတူ တောက်ပခဲ့တာကြောင့် ပြင်သစ်အသင်း အတွက်

ရွေးချယ်ခံရဖြစ်ပြီး ပြင်သစ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ပွဲစဉ်မှာ ပေါ့ဘာနဲ့အတူ ပွဲထွက် ကစားခွင့် ရခဲ့သူဖြစ်ပါတယ်။

ချူအိုမီနီဟာ ပြင်သစ်အသင်းအတွက် ခြေစစ်ပွဲစဉ် သုံးပွဲစလုံးတွင် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ချူအိုမီနီကို ယူနိုက်တက်ကလည်း စောင့်ကြည့်နေပြီး ပရီးမီးယားလိဂ်သို့ မကြာခင်ရောက်ရှိမည့်

ကစားသမားတစ်ဦးဟု ခန့်မှန်းခြင်းခံထားရသူဖြစ်ပါတယ်။ ပေါ့ဘာက ချူအိုမီနီရဲ့ အသင်းအပေါ် အကျိုးပြု နိုင်မှုကို ချီးကျူးလိုက်ပြီး တွဲကစားခွင့်ရရန် မျှော်လင့်နေကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ပေါ့ဘာက “သူက ကောင်လေး တယောက် မဟုတ်တော့ပါဘူး။ သူက လူကြီးတယောက် ဖြစ်နေပါပြီ။ ပြီးတော့ သူနဲ့အတူ တွဲကစားရတာက အတော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ သူက ကျွန်တော့်ကို ထောက်ပံ့မှုတွေ အများကြီး လုပ်ပေးတယ်။ အားအင်လည်း ရှိတယ်။

နည်းစနစ်ပိုင်းလည်း ကြွယ်ဝတယ်။ ပြီးတော့ ကြံ့ခိုင်မှုပိုင်းကလည်း အတော် ကောင်းပါတယ်။ သူနဲ့အတူ ပွဲတွေ အများကြီး ကစားရဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အမြဲတမ်းလည်း သူနဲ့ တဖက်ထဲမှာပဲ ကစားချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့သောနွေရာသီ အပြောင်းအရွှေ့ကာလ ကုန်ဆုံးကာနီးမှာ ချူအိုမီနီရဲ့ ကိုယ်စားလှယ်များကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး

ခေါ်ယူရန် ကြိုးစားခဲ့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။ ချူအိုမီနီကို ယူနိုက်တက်အပြင် ချဲလ်ဆီးအသင်းကလဲ ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဘာက ျပင္သစ္မွာ တြဲကစားခဲ့ရတဲ့ လူငယ္ ၾကယ္ပြင့္ကစားသမား ခ်ဴအိုမီနီကို ခ်ီးက်ဴးလိုက္ၿပီး ယူနိုက္တက္သို႔

ေရာက္ရွိလာပါက ႀကိဳဆိုမိမည္ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ယူနိုက္တက္ဟာ ကြင္းလယ္ကို အားျဖည့္ရန္ ျပင္ဆင္ေနၿပီး ေပါ့ဘာက ခ်ဴအိုမီနီကို ေခၚယူဖို႔ ေထာက္ျပလိုက္ျခင္း ျဖစ္ပါတယ္။

မိုနာကိုအသင္းရဲ႕ ကြင္းလယ္ခံစစ္ ကစားသမား ခ်ဴအိုမီနီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မိုနာကိုအသင္းနဲ႕အတူ ေတာက္ပခဲ့တာေၾကာင့္ ျပင္သစ္အသင္း အတြက္

ေ႐ြးခ်ယ္ခံရျဖစ္ၿပီး ျပင္သစ္အသင္းက ေနာက္ဆုံး ကစားခဲ့တဲ့ ယူကရိန္းအသင္းနဲ႕ပြဲစဥ္မွာ ေပါ့ဘာနဲ႕အတူ ပြဲထြက္ ကစားခြင့္ ရခဲ့သူျဖစ္ပါတယ္။

ခ်ဴအိုမီနီဟာ ျပင္သစ္အသင္းအတြက္ ေျခစစ္ပြဲစဥ္ သုံးပြဲစလုံးတြင္ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။ခ်ဴအိုမီနီကို ယူနိုက္တက္ကလည္း ေစာင့္ၾကည့္ေနၿပီး ပရီးမီးယားလိဂ္သို႔ မၾကာခင္ေရာက္ရွိမည့္

ကစားသမားတစ္ဦးဟု ခန႔္မွန္းျခင္းခံထားရသူျဖစ္ပါတယ္။ ေပါ့ဘာက ခ်ဴအိုမီနီရဲ႕ အသင္းအေပၚ အက်ိဳးျပဳ နိုင္မႈကို ခ်ီးက်ဴးလိုက္ၿပီး တြဲကစားခြင့္ရရန္ ေမွ်ာ္လင့္ေနေၾကာင္းကိုလည္း ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။

ေပါ့ဘာက “သူက ေကာင္ေလး တေယာက္ မဟုတ္ေတာ့ပါဘူး။ သူက လူႀကီးတေယာက္ ျဖစ္ေနပါၿပီ။ ၿပီးေတာ့ သူနဲ႕အတူ တြဲကစားရတာက

အေတာ္ေလးကို ေက်နပ္ဖို႔ ေကာင္းပါတယ္။ သူက ကြၽန္ေတာ့္ကို ေထာက္ပံ့မႈေတြ အမ်ားႀကီး လုပ္ေပးတယ္။ အားအင္လည္း ရွိတယ္။

နည္းစနစ္ပိုင္းလည္း ႂကြယ္ဝတယ္။ ၿပီးေတာ့ ႀကံ့ခိုင္မႈပိုင္းကလည္း အေတာ္ ေကာင္းပါတယ္။ သူနဲ႕အတူ ပြဲေတြ အမ်ားႀကီး ကစားရဖို႔ ေမွ်ာ္လင့္ပါတယ္။ ၿပီးေတာ့ အၿမဲတမ္းလည္း သူနဲ႕ တဖက္ထဲမွာပဲ ကစားခ်င္ပါတယ္” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။

ယူနိုက္တက္ဟာ ၿပီးခဲ့ေသာေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ ကုန္ဆုံးကာနီးမွာ ခ်ဴအိုမီနီရဲ႕ ကိုယ္စားလွယ္မ်ားကို ဆက္သြယ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ေခၚယူရန္

ႀကိဳးစားခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။ ခ်ဴအိုမီနီကို ယူနိုက္တက္အျပင္ ခ်ဲလ္ဆီးအသင္းကလဲ ေခၚယူရန္ စိတ္ဝင္စားေနပါတယ္။