Spots news

ဘယ်လင်ဂမ်ကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ခေါ်မယ့် လီဗာပူး

Unicode Version

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဒေါ့မွန် လူငယ်ကစားသမား ဂျုဒ့်ဘယ်လင်ဂမ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ လောက်အထိအသုံးပြုပြီး ဒေါ့မွန်အသင်ကိုကမ်းလှမ်းမှုတွေ လာမယ့်နွေစျေးကွက်အတွင်းမှာ စတင်လုပ်‌ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံထားရပြီး အသင်းအတွက်ကိုလည်း ယူရိုပြိုင်ပွဲ အပါအဝင် ပွဲပေါင်း ၈ ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်တွေကို အမြဲတမ်း မြေတောင်မြှောက်ပေးလေ့ရှိတဲ့ ဒေါ့မွန်အသင်းက ဘယ်လင်ဂမ်ကို ပထမရာသီမှာပဲ ပြိုင်ပွဲစုံ ၄၆ ပွဲအထိကို ပါဝင်ကစား ခိုင်းခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းရဲ့ ကွင်းလယ်ကို အရည်အသွေးမြင့် လူငယ်တွေနဲ့ အစားထိုးချင်နေတာကြောင့် ဘယ်လင်ဂမ်ကို လာမယ့်နွေမှာ ဦးစားပေး ခေါ်ယူသွားမယ့် ကစားသမားအဖြစ် သတ်မှတ် ထားပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ပါ ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

အပြောင်းအရွေ့သာ ဖြစ်ခဲ့ရင် ဘယ်လင်ဂမ်ဟာ ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး လီဗာပူးအသင်းရဲ့ ပြောင်းရွေ့ကြေး အများဆုံး ကစားသမား ဖြစ်လာမှာပါ။ ဘယ်လင်ဂမ်နဲ့ ဒေါ့မွန်အသင်းတို့ စာချုပ်သက်တမ်းဟာ ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အပြိုင် ခက်ခက်ခဲခဲကို ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းဟာ ေဒါ့မြန္ လူငယ္ကစားသမား ဂ်ဳဒ့္ဘယ္လင္ဂမ္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားလ်က္ရွိေနၿပီး ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ ေလာက္အထိအသုံးျပဳၿပီး ေဒါ့မြန္အသင္ကိုကမ္းလွမ္းမႈေတြ လာမယ့္ေႏြေစ်းကြက္အတြင္းမွာ စတင္လုပ္‌ေဆာင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဆယ္ေက်ာ္သက္ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဂမ္ဟာ အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာပါ ေ႐ြးခ်ယ္ခံထားရၿပီး အသင္းအတြက္ကိုလည္း ယူရိုၿပိဳင္ပြဲ အပါအဝင္ ပြဲေပါင္း ၈ ပြဲအထိ ပါဝင္ကစားခြင့္ ရရွိထားခဲ့ပါတယ္။

ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္မွာပဲ ဘာမင္ဂမ္စီးတီးကေန ေဒါ့မြန္အသင္းဆီကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လူငယ္ေတြကို အၿမဲတမ္း ေျမေတာင္ျမႇောက္ေပးေလ့ရွိတဲ့ ေဒါ့မြန္အသင္းက ဘယ္လင္ဂမ္ကို ပထမရာသီမွာပဲ ၿပိဳင္ပြဲစုံ ၄၆ ပြဲအထိကို ပါဝင္ကစား ခိုင္းခဲ့ပါတယ္။

လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က အသင္းရဲ႕ ကြင္းလယ္ကို အရည္အေသြးျမင့္ လူငယ္ေတြနဲ႕ အစားထိုးခ်င္ေနတာေၾကာင့္ ဘယ္လင္ဂမ္ကို လာမယ့္ေႏြမွာ ဦးစားေပး ေခၚယူသြားမယ့္ ကစားသမားအျဖစ္ သတ္မွတ္ ထားၿပီး ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႕ပါ ကမ္းလွမ္းလာနိုင္တယ္လို႔ သတင္းမ်ားက ေဖာ္ျပထားပါတယ္။

အေျပာင္းအေ႐ြ႕သာ ျဖစ္ခဲ့ရင္ ဘယ္လင္ဂမ္ဟာ ဗန္ဒိုက္ကို ေက်ာ္ျဖတ္ၿပီး လီဗာပူးအသင္းရဲ႕ ေျပာင္းေ႐ြ႕ေၾကး အမ်ားဆုံး ကစားသမား ျဖစ္လာမွာပါ။ ဘယ္လင္ဂမ္နဲ႕ ေဒါ့မြန္အသင္းတို႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၅ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္ၿပီး ဘယ္လင္ဂမ္ကို ေခၚယူဖို႔ဆိုရင္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕အၿပိဳင္ ခက္ခက္ခဲခဲကို ႀကိဳးပမ္းရဖြယ္ ရွိနိုင္ပါတယ္။