Spots news

ဇန်နဝါရီမှာ ယူနိုက်တက်နဲ့ချဲလ်ဆီး တစ်သင်းကို ရောက်မယ့် ဒက်ကလန်ရိုက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဒီနွေရာသီအပြောင်းအရွှေ့အတွင်း အားရစရာခေါ်ယူမှုတွေအသီးသီးပြုလုပ်နိုင်ခဲ့ကြသလိုဘဲ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွက်ပါ ပြင်ဆင်နေကြပါပြီ။ နှစ်သင်းလုံးရဲ့အဓိကပစ်မှတ်နေရာက ရှေ့ဆုံးပြေးနေတာကတော့ ဝက်ဟမ်းစ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဖြစ်ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအပြင် အင်္ဂလန်အသင်းမှာပါ ပုံစံကောင်းတွေပြနေပြီး ကွင်းလယ်ကနေ ခံစစ်ကိုလိုက်ကူပေးတဲ့နေရာမှာ လျင်မြန်ရုံသာမက ရှေ့တက်ပြီး ကန်သွင်းရာမှာလည်းကောင်းမွန်တာမို့ ကွင်းလယ်ခံစစ် လိုအပ်နေတဲ့ ယူနိုက်တက်တို့ကတော့ မရရအောင်ခေါ်ယူသွားဖို့ရှိနေပါတယ်။

လွန်ခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တုန်းက ဝက်စ်ဟမ်းဘက်က သန်း ၁၀၀ ထိဈေးသတ်မှတ်ခဲ့လို့ အသင်းကြီးတော်တော်များများလက်ရှောင်သွားရတဲ့အပေါ်လည်း ကစားသမားကိုယ်တိုင်တော်တော်လေးစိတ်ပျက်နေပြီး ဇန်နဝါရီလမှာတော့ အသင်းကိုထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်များကဆိုကြပါတယ်။

​ချဲလ်ဆီးအသင်းကလည်း မေဆင့်မောင့်ရဲ့ သူငယ်ချင်းလည်းဖြစ် အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်လို့ အလိုရှိနေတယ်ဆိုပေမယ့် ဆာအူးလ်ရှိနေပြီမို့ ပိုပြီးလစ်လပ်နေတဲ့ နောက်ခံလူနေရာကိုသာ ပိုပြီးအာရုံစိုက်သွားနိုင်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ခ်ဲလ္ဆီးအသင္းတို႔ဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း အားရစရာေခၚယူမႈေတြအသီးသီးျပဳလုပ္နိုင္ခဲ့ၾကသလိုဘဲ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြက္ပါ ျပင္ဆင္ေနၾကပါၿပီ။ ႏွစ္သင္းလုံးရဲ႕အဓိကပစ္မွတ္ေနရာက ေရွ႕ဆုံးေျပးေနတာကေတာ့ ဝက္ဟမ္းစ္ ကြင္းလယ္လူ ဒက္ကလန္ရိုက္စ္ ျဖစ္ပါတယ္။

ဒက္ကလန္ရိုက္စ္ဟာ ဝက္စ္ဟမ္းအျပင္ အဂၤလန္အသင္းမွာပါ ပုံစံေကာင္းေတြျပေနၿပီး ကြင္းလယ္ကေန ခံစစ္ကိုလိုက္ကူေပးတဲ့ေနရာမွာ လ်င္ျမန္႐ုံသာမက ေရွ႕တက္ၿပီး ကန္သြင္းရာမွာလည္းေကာင္းမြန္တာမို႔ ကြင္းလယ္ခံစစ္ လိုအပ္ေနတဲ့ ယူနိုက္တက္တို႔ကေတာ့ မရရေအာင္ေခၚယူသြားဖို႔ရွိေနပါတယ္။

လြန္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက ဝက္စ္ဟမ္းဘက္က သန္း ၁၀၀ ထိေဈးသတ္မွတ္ခဲ့လို႔ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားလက္ေရွာင္သြားရတဲ့အေပၚလည္း ကစားသမားကိုယ္တိုင္ေတာ္ေတာ္ေလးစိတ္ပ်က္ေနၿပီး ဇန္နဝါရီလမွာေတာ့ အသင္းကိုထြက္ခြာဖို႔ျပင္ဆင္ေနတယ္လို႔ သတင္းရင္းျမစ္မ်ားကဆိုၾကပါတယ္။

​ခ်ဲလ္ဆီးအသင္းကလည္း ေမဆင့္ေမာင့္ရဲ႕ သူငယ္ခ်င္းလည္းျဖစ္ အသင္းရဲ႕ကစားသမားေဟာင္းလည္းျဖစ္လို႔ အလိုရွိေနတယ္ဆိုေပမယ့္ ဆာအူးလ္ရွိေနၿပီမို႔ ပိုၿပီးလစ္လပ္ေနတဲ့ ေနာက္ခံလူေနရာကိုသာ ပိုၿပီးအာ႐ုံစိုက္သြားနိုင္ပါတယ္။