Spots news

နယူးကာဆယ်နဲ့ပွဲအတွက်ရော်နယ်ဒို ရဲ့ အခြေ အနေကို နည်းပြဆိုးလ်ရှားအတည်ပြု

Unicode Version

ဒီနေ့ည ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့ တိုက်စစ်မှူးရော်နယ်ဒို ပါဝင်ကစားပေးမယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ

ပြောဆိုခဲ့တာဖြစ်ပြီး ပွဲထွက်ပါဝင်မှာလား၊ လူစားဝင်ကစားမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောဆိုသွားခြင်းမရှိဘဲ ရော်နယ်ဒိုကတော့ Lowry ဟိုတယ်ကို ရောက်ရှိခဲ့တဲ့ အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ပထမဆုံးပွဲကို ကစားပေးခွင့်ရရှိတော့မှာဖြစ်ပြီး သူ့ခြေစွမ်းကိုမြင်တွေ့ချင်တဲ့ ပရိသတ်တွေရဲ့ ဆန္ဒက ပြည့်ဝလာတော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားသစ်ဆိုရင် အရန်ခုံမှာ အရင်ထိုင်ခိုင်းလေ့ရှိတဲ့ ဆိုးလ်ရှားရဲ့ အကျင့်ကြောင့် ပွဲထွက်မှာလား၊ လူစားလဲဝင်ရောက်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုပါဝင်မှာလားဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက “သူ ပြန်ရောက်လာလို့ အားလုံးပျော်ရွှင်နေကြပါတယ်၊ စနေနေ့မှာ ကြည့်ကြည့်ပါ၊ ကောင်းမွန်တဲ့ရာသီကြိုတစ်ခုကို သူရရှိခဲ့ပြီး

လက်ရွေးစင်အသင်းအတွက်လည်း ကစားပေးခဲ့ပါတယ်၊ သေချာတာတစ်ခုကတော့ သူ ကွင်းထဲကို ရောက်လာမှာပါ၊ ကစားရမယ့်အချိန်ကို ကျွန်တော်မဆုံးဖြတ်ရသေးဘူးဆိုတာကိုတော့ သူသိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

“အဲဒါက ကျွန်တော့်အလုပ်ပါပဲ၊ သူ့ဆီကနေ အကောင်းဆုံးတွေရအောင် ကျွန်တော်လုပ်ရမှာပါ၊ အကောင်းဆုံးကစားနေတဲ့ ရော်နယ်ဒိုကို ကျွန်တော်မြင်တွေ့ချင်တယ်၊ ဒါတွေက ဆက်သွယ်မှုကနေ လာတာပါ” လို့

ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး အဆိုပါနံပါတ်ကို အသင်းဖော်တိုက်စစ်မှူးကာဗာနီက သူ့ကို ရှောရှောရှူရှူပဲ လွှဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

“ရော်နယ်ဒိုက အဲဒီဂျာစီကို သူရနိုင်မလားလို့ ကာဗာနီကို လေးစားမှုအပြည့်နဲ့ မေးမြန်းတောင်းဆိုခဲ့တာပါ၊ ကာဗာနီကလည်း သူ့ ဂျာစီကို ပေးဖို့ ကြည်ဖြူခဲ့ပါတယ်၊ ထိပ်တန်းပုဂ္ဂိုလ်တွေပါပဲ၊ ထိပ်တန်းပရော်ဖက်ရှင်နယ်တွေဖြစ်ပါတယ်’ လို့ ဆိုးလ်ရှားက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version

ဒီေန႕ည ကစားမယ့္ နယူးကာဆယ္နဲ႕ပြဲမွာ ပရိသတ္ေတြအားလုံးေစာင့္ေမွ်ာ္ေနတဲ့ တိုက္စစ္မႉးေရာ္နယ္ဒို ပါဝင္ကစားေပးမယ္လို႔ နည္းျပဆိုးလ္ရွားက အတည္ျပဳလိုက္ပါတယ္။ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွ

ာ ေျပာဆိုခဲ့တာျဖစ္ၿပီး ပြဲထြက္ပါဝင္မွာလား၊ လူစားဝင္ကစားမွာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းေျပာဆိုသြားျခင္းမရွိဘဲ ေရာ္နယ္ဒိုကေတာ့ Lowry ဟိုတယ္ကို ေရာက္ရွိခဲ့တဲ့ အသင္းလူစာရင္းမွာ ပါဝင္ခဲ့ပါတယ္။

ယူနိုက္တက္ကို တေက်ာ့ျပန္ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္ဒိုဟာ အသင္းအတြက္ ပထမဆုံးပြဲကို ကစားေပးခြင့္ရရွိေတာ့မွာျဖစ္ၿပီး သူ႕ေျခစြမ္းကိုျမင္ေတြ႕ခ်င္တဲ့ ပရိသတ္ေတြရဲ႕ ဆႏၵက ျပည့္ဝလာေတာ့မွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားသစ္ဆိုရင္ အရန္ခုံမွာ အရင္ထိုင္ခိုင္းေလ့ရွိတဲ့ ဆိုးလ္ရွားရဲ႕ အက်င့္ေၾကာင့္ ပြဲထြက္မွာလား၊ လူစားလဲဝင္ေရာက္မွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရေတာ့မွာပါ။

ေသာၾကာေန႕ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္ဒိုပါဝင္မွာလားဆိုတဲ့ ေမးခြန္းကို ဆိုးလ္ရွားက “သူ ျပန္ေရာက္လာလို႔ အားလုံးေပ်ာ္႐ႊင္ေနၾကပါတယ္၊ စေနေန႕မွာ ၾကည့္ၾကည့္ပါ၊ ေကာင္းမြန္တဲ့ရာသီႀကိဳတစ္ခုကို

သူရရွိခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္လည္း ကစားေပးခဲ့ပါတယ္၊ ေသခ်ာတာတစ္ခုကေတာ့ သူ ကြင္းထဲကို ေရာက္လာမွာပါ၊ ကစားရမယ့္အခ်ိန္ကို ကြၽန္ေတာ္မဆုံးျဖတ္ရေသးဘူးဆိုတာကိုေတာ့ သူသိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

“အဲဒါက ကြၽန္ေတာ့္အလုပ္ပါပဲ၊ သူ႕ဆီကေန အေကာင္းဆုံးေတြရေအာင္ ကြၽန္ေတာ္လုပ္ရမွာပါ၊ အေကာင္းဆုံးကစားေနတဲ့ ေရာ္နယ္ဒိုကို ကြၽန္ေတာ္ျမင္ေတြ႕ခ်င္တယ္၊ ဒါေတြက ဆက္သြယ္မႈကေန လာတာပါ” လို႔

ဆိုးလ္ရွားက ထပ္ေျပာခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားမွာျဖစ္ၿပီး အဆိုပါနံပါတ္ကို အသင္းေဖာ္တိုက္စစ္မႉးကာဗာနီက သူ႕ကို ေရွာေရွာရႉရႉပဲ လႊဲေျပာင္းေပးအပ္ခဲ့တာလည္းျဖစ္ပါတယ္။

“ေရာ္နယ္ဒိုက အဲဒီဂ်ာစီကို သူရနိုင္မလားလို႔ ကာဗာနီကို ေလးစားမႈအျပည့္နဲ႕ ေမးျမန္းေတာင္းဆိုခဲ့တာပါ၊ ကာဗာနီကလည္း သူ႕ ဂ်ာစီကို ေပးဖို႔ ၾကည္ျဖဴခဲ့ပါတယ္၊ ထိပ္တန္းပုဂၢိဳလ္ေတြပါပဲ၊ ထိပ္တန္းပေရာ္ဖက္ရွင္နယ္ေတြျဖစ္ပါတယ္’ လို႔ ဆိုးလ္ရွားက ထပ္မံေျပာၾကားခဲ့ပါတယ္။