Spots news

လေ့ကျင့်ခန်းအတူဆင်းပြီး ရော်နယ်ဒိုကို လေး စားစွာ ချီးကျူးလိုက်တဲ့ ဖရက်ဒ်

Unicode Version

မန်ချက်စတာ ယူနိူက်တက် အသင်းရဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားဖရက်ဒ်က ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းဖော်များကို စိတ်အားတက်ကြွလာစေရန် တွန်းအားပေးနိုင်သူဖြစ်‌ကြောင်းဟု ချီးကျူးပြောဆို လိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၁၂ နှစ်အကြာမှာ ယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိ လာပြီး ယနေ့ကစားမည့် နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံး ပွဲထွက် လာမည် ဖြစ်ပါတယ်။

အသင်းသို့ ပြန်လာတဲ့ ယူနိုက်တက် ပရိတ်သတ် အချစ်တော် ရော်နယ်ဒိုနှင့် လေ့ကျင့်ခန်းများ အတူပြုလုပ်နေရတဲ့ ဖရက်ဒ်ကတော့ ရော်နယ်ဒိုမှာ အသင်းဖော်များကို ပိုကြိုးစားချင်လာအောင် တွန်းအားပေးနိုင်သူဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဖရက်ဒ်က ” သူနဲ့အတူ လေ့ကျင့်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့နဲ့အတူ သူ ရှိနေတာကို ပျော်ပါတယ်။ သူ့အနေနဲ့ အသင်းအတွက် ချန်ပီယံဆုတွေ ယူပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက အသင်းဖော်တွေကို ပိုကြိုးစားချင်လာအောင် တွန်းအားပေးနိုင်သူဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို့ ခွန်အားဖြစ်လာမှာပါ”ဟု ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယနေ့ည နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် Lowry ဟိုတည်သို့ အသင်းနဲ့ အတူ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုက‌တော့ ယူနိုက်တက်ကို ပြန်လာခြင်းမှာ အပန်းဖြေရန်မဟုတ်ဘဲ အသင်းနှင့်အတူ ဆုဖလားများ ရယူရန်ုဖြစ်ကြောင်း ကြုံးဝါးပြောဆိုထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိူက္တက္ အသင္းရဲ႕ ဘရာဇီးလက္ေ႐ြးစင္ ကြင္းလယ္ကစားသမားဖရက္ဒ္က ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းေဖာ္မ်ားကို စိတ္အားတက္ႂကြလာေစရန္ တြန္းအားေပးနိုင္သူျဖစ္‌ေၾကာင္းဟု ခ်ီးက်ဴးေျပာဆို လိုက္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ၁၂ ႏွစ္အၾကာမွာ ယူနိုက္တက္အသင္းသို႔ ျပန္လည္ေရာက္ရွိ လာၿပီး ယေန႕ကစားမည့္ နယူးကာဆယ္အသင္းႏွင့္ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မွာ ပထမဆုံး ပြဲထြက္ လာမည္ ျဖစ္ပါတယ္။

အသင္းသို႔ ျပန္လာတဲ့ ယူနိုက္တက္ ပရိတ္သတ္ အခ်စ္ေတာ္ ေရာ္နယ္ဒိုႏွင့္ ေလ့က်င့္ခန္းမ်ား အတူျပဳလုပ္ေနရတဲ့ ဖရက္ဒ္ကေတာ့ ေရာ္နယ္ဒိုမွာ အသင္းေဖာ္မ်ားကို ပိုႀကိဳးစားခ်င္လာေအာင္ တြန္းအားေပးနိုင္သူျဖစ္သည္ဟု ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ဖရက္ဒ္က ” သူနဲ႕အတူ ေလ့က်င့္ရတာ အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္တို႔နဲ႕အတူ သူ ရွိေနတာကို ေပ်ာ္ပါတယ္။ သူ႕အေနနဲ႕ အသင္းအတြက္ ခ်န္ပီယံဆုေတြ ယူေပးနိုင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူက အသင္းေဖာ္ေတြကို ပိုႀကိဳးစားခ်င္လာေအာင္ တြန္းအားေပးနိုင္သူျဖစ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႕ ပြဲတိုင္းကို အနိုင္ရဖို႔ ခြန္အားျဖစ္လာမွာပါ”ဟု ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ယေန႕ည နယူးကာဆယ္အသင္းနဲ႕ ယွဥ္ၿပိဳင္ကစားဖို႔အတြက္ Lowry ဟိုတည္သို႔ အသင္းနဲ႕ အတူ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုက‌ေတာ့ ယူနိုက္တက္ကို ျပန္လာျခင္းမွာ အပန္းေျဖရန္မဟုတ္ဘဲ အသင္းႏွင့္အတူ ဆုဖလားမ်ား ရယူရန္ုျဖစ္ေၾကာင္း ႀကဳံးဝါးေျပာဆိုထားပါတယ္။