Spots news

ဗီလာနဲ့ ပွဲစဉ်အတွက် လူကာကူရဲ့ အခြေအနေကို နည်းပြတူချယ် အတည်ပြု

Unicode Version

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့နည်းပြ တူချယ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်မယ့် အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာ ပါဝင်ကစားနိုင်မည် ဖြစ်ကြောင်း အတည်ပြုပြောကြား ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ နိုင်ငံလက်‌ရွေးစင် အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကစားရင်း ပေါင်ဒဏ်ရာရရှိခဲ့ပြီး မိခငခကလပ် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိ‌ကြောင်း သတင်းများထွက်ပေါ် နေပါတယ်။

သို့ပေမယ့် ချယ်လ်ဆီးရဲ့ အသင်းနည်းပြ တူချယ်က တိုက်စစ်မှူး လူကာကူအနေနဲ့ ယနေ့(စက်တင်ဘာ ၁၁ ရက်)မှာ ကစားမယ့် အက်စတွန်ဗီလာ အသင်းနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝပြီး ပွဲထွက် လူစားရင်းမှာ ပါဝင်နိုင်မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်က “ပြီးခဲ့တဲ့ရက်ပိုင်းကတော့ လူကာကူအနေနဲ့ ဒဏ်ရာပြဿနာ ရှိခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကြာသပတေးနေ့ကစပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းနေပြီဖြစ်ပြီး ဘာပြဿနာမှ မရှိတော့ပါဘူး”ဟု ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် ယနေ့ မြန်မာစံတော်ချိန် ည ၁၁းဝ၀ နာရီ မှာ အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး လူကာကူ ပါဝင်နိုင်မှာ ဖြစ်သော်လည်း ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကွန်တေနှင့် အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ပူလီဆစ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်းလည်း တူချယ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းရဲ႕နည္းျပ တူခ်ယ္က အသင္းရဲ႕ အဓိက တိုက္စစ္မႉး လူကာကူအေနနဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္မယ့္ အက္စတြန္ဗီလာ အသင္းနဲ႕ ပြဲမွာ ပါဝင္ကစားနိုင္မည္ ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကား ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ တိုက္စစ္မႉး လူကာကူဟာ နိုင္ငံလက္‌ေ႐ြးစင္ အသင္းအတြက္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ကစားရင္း ေပါင္ဒဏ္ရာရရွိခဲ့ၿပီး မိခငခကလပ္ ခ်ယ္လ္ဆီးအသင္းရဲ႕ ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္ဖြယ္ရွိ‌ေၾကာင္း သတင္းမ်ားထြက္ေပၚ ေနပါတယ္။

သို႔ေပမယ့္ ခ်ယ္လ္ဆီးရဲ႕ အသင္းနည္းျပ တူခ်ယ္က တိုက္စစ္မႉး လူကာကူအေနနဲ႕ ယေန႕(စက္တင္ဘာ ၁၁ ရက္)မွာ ကစားမယ့္ အက္စတြန္ဗီလာ အသင္းႏွင့္ပြဲအတြက္ ႀကံ့ခိုင္မႈျပည့္ဝၿပီး ပြဲထြက္ လူစားရင္းမွာ ပါဝင္နိုင္မွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းနည္းျပ တူခ်ယ္က “ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ လူကာကူအေနနဲ႕ ဒဏ္ရာျပႆနာ ရွိခဲ့ပါလိမ့္မယ္။ ဒါေပမဲ့ ၾကာသပေတးေန႕ကစၿပီး အသင္းနဲ႕အတူ ေလ့က်င့္ခန္းအျပည့္အဝ ဆင္းေနၿပီျဖစ္ၿပီး ဘာျပႆနာမွ မရွိေတာ့ပါဘူး”ဟု ေျပာၾကားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ ယေန႕ ျမန္မာစံေတာ္ခ်ိန္ ည ၁၁းဝ၀ နာရီ မွာ အက္စတြန္ဗီလာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာ ျဖစ္ပါတယ္။

အဆိုပါပြဲစဥ္မွာ တိုက္စစ္မႉး လူကာကူ ပါဝင္နိုင္မွာ ျဖစ္ေသာ္လည္း ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ကြန္ေတႏွင့္ အေမရိကန္ လက္ေ႐ြးစင္ ေတာင္ပံကစားသမား ပူလီဆစ္တို႔မွာ ဒဏ္ရာျပႆနာမ်ားေၾကာင့္ ပါဝင္နိုင္မည္မဟုတ္ေၾကာင္းလည္း တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။