Spots news

တိုက်စစ်သုံးယောက်က ပြသနာဖြစ်နေကြာင်း လီဗာပူးရဲ့ ကစားသမားဟောင်းပြောကြား

Unicode Version

လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင် နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲမှာတော့ နိုင်ပွဲ ပျောက်ဆုံးသွားတဲ့ အပြင် ၊ အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်ပွဲလျော့ အမှတ်တူ နဲ့ ထပ်ကြပ်မကွာ ဖိအားပေးခြင်းကို ခံနေရတာပါ။

အစပိုင်းမှာ ခံစစ် ပြသနာတွေ ဆက်တိုက် ရင်ဆိုင် နေရပြီး အဓိက နောက်ခံလူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ် တို့ဟာ ဒူးဒဏ်ရာတွေ ကြောင့် ကာလရှည် အနားယူ နေရတာ ဖြစ်ပြီး မာတစ်ကလဲ ဇန်နဝါရီ လကုန်မှ ပြန်ကစားနိုင်ဖွယ်ရာ ရှိနေပါတယ်။

သို့ပေမယိ့ ယခုအချိန်မှာ ခံစစ်ပြသနာတင်မဟုတ်ပဲ တိုက်စစ်ကလဲ ဂိုးမသွင်းနိုင်တဲ့ ပြသနာ ရှိလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် 3 ယောက် အတွဲ လို့သတ်မှတ်ခြင်း ခံခဲ့ရတဲ့ မိုဟာမက် ဆာလတ် ၊ ဖာမီနို ၊ မာနေး တို့ဟာ စည်းလုံးမှုမရှိ စွမ်းဆောင်ရည် ကျဆင်းလာတာပါ။

မာနေး ဟာ ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန် နေရပြီး ဖာမီနို ဟာလဲ ကွင်းလယ် နဲ့ တိုက်စစ်ချိတ်ဆက်ဖို့ပဲ တာဝန်ယူ နေရတာပါ။ မက်ဒရစ် နဲ့ သတင်း ထွက်လာတဲ့ မိုဟာမက် ဆာလက်ဟာလဲ နောက်ပိုင်းပွဲစဉ်တွေမှာ အပိုင် အခွင့်အရေး များကို ပင် လွဲချော်လာခဲ့ တာပါ။

အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး စတိဗ် နီကိုးလ် ကတော့ နည်းပြကြီး ကလော့ပ် အနေနဲ့ တိုက်စစ် ကစားသမား သုံးယောက် အပေါ်ကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ဖို့က အဓိက ပြသနာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ခံစစ်ရဲ့ ပြသနာက အကြောင်းပြချက် ရှိနေပေမယ့် တိုက်စစ်က ဂိုးမရရှိ နေမှုအတွက် အဖြေလိုအပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော့် အမြင်မှာတော့ တိုက်စစ် ကစားသမား သုံးယောက်ဟာ ခြေစွမ်းလဲ မပြနိုင်သလို ၊ ဂိုးလဲ မသွင်းနိုင်ပါဘူး။ အဆိုးဆုံးက ဖန်တီးမှုတောင် လုပ်ဆောင် ပေးနိုင်ခြင်း မရှိတာပါ။ သူတို့ရဲ့ ကစားပုံက ပြိုင်ဘက်အတွက် ရင်ခုန်စရာ တောင် မရှိပါဘူး။

သူတို့ဟာ ပြိုင်ပွဲတိုင်းကို ဘောလုံး ပိုင်ဆိုင်ခွင့်အသာစီး ရယူ နိုင်ပေမယ့် သွင်းဂိုး မရရှိတာ ရှက်ဖို့ ကောင်းလှပါတယ်။ ကလော့အနေနဲ့ ဒီတိုက်စစ် သုံးယောက်ကို သေချာ ကိုင်တွယ်ဖို့လိုနေပါပြီ။

တိုက်စစ် ကစားသမားတွေကို ကစားပွဲတွင်း သေချာ ကြီးကြပ်ရမှာပါ။ ကစားသမားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးပြီး မာနေးဆိုရင်လဲ ရပ်မနေဖို့ ၊ လိမ်ခေါက်ထွက်ဖို့နဲ့ ဂိူပေါက်ကို အဆုံးသတ် သေချာစေဖို့ ကွင်းဘေးကနေ ပြောကြားနေရမှာပါ။

ဆာလတ်လဲ အတူပါပဲ ၊ ခံစစ်ဆီကနေ ဘောလုံးဆင်းသယ်ဖို့ ၊ နေရာယူထားဖို့ သေချာပြောနေသင့်ပါတယ်။ သေချာ အားထုတ်ပြီး‌ ပြေးလွှားဖို့
ထောက်ပြနေသင့်ပါတယ် ” လို့ ESPN မှာပြောကြား သွားခဲ့ပါတယ်။