Spots news

အီတလီကစားသမား ဘီရာဒီကို ဇန်နဝါရီမှာခေါ်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ လက်စတာ

Unicode Version

လက်စတာအသင်းဟာ တောင်ပံကစားသမား ဘီရာဒီကိုခေါ်ယူရေးအတွက် ဆာဆူအိုလိုတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေပြီး ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူသွားဖွယ်ရှိပါတယ်။ ဘီရာဒီဟာ ယူရို ၂၀၂၁ ချန်ပီယံ အီတလီအသင်းတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ဘီရာဒီကို ပြီးခဲ့သည့်နွေရာသီကတည်းက လက်စတာက စိတ်ဝင်စားနေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းသော်လည်း ပယ်ချခြင်းခံခဲ့ရပါတယ်။ သို့ပေမယ့် ယခုအခါ ဘီရာဒီကိုခေါ်ယူရေး လက်စတာ အခြေအနေကောင်းနေကြောင်း အီတလီမီဒီယာများက ဖော်ပြထားပါတယ်။

လက်စတာအသင်းဟာ ဘီရာဒီကိုခေါ်ယူရေးအတွက် လေးလေးနက်နက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အသက် ၂၇ နှစ်အရွယ် အီတလီတောင်ပံကစားသမားကလည်း အသင်းပြောင်းလိုကြောင်း ဆာဆူအိုလိုတာဝန်ရှိသူများကို ထုတ်ဖော်ပြောဆိုထားကြောင်း အီတလီမီဒီယာများက ဖော်ပြထားပါတယ်။

ယူရို ၂၀၂၁ မှာ အီတလီအတွက် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ခဲ့သော ဘီရာဒီကို ချဲလ်ဆီး၊ ဝက်စ်ဟမ်းနှင့် ဒေါ့မွန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘီရာဒီဟာ ဆာဆူအိုလိုအတွက် စီးရီးအေပွဲ ၃၀ ကစားပြီး ၁၇ ဂိုးသွင်းကာ ၈ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ စီးရီးအေကလပ် အေစီမီလန်က လာဇီယိုနှင့် ဖီယိုရင်တီနာတို့ကလည်း သူ့ကို ခေါ်ယူလို‌ နေပါတယ်။

သို့ပေမယ့် အသင်းပြောင်းမည်ဆိုပါက ဘီရာဒီဟာ အီတလီ စီးရီးအေမှ ထွက်ခွာပြီး အခြား ဘောလုံးလိဂ် တစ်ခုခုကိုသာ ပြောင်းရွေ့ချင်သူပါ။ ဘီရာဒီဟာ ဆာဆူအိုလိုနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေပြီး ၎င်း၏တန်ကြေးကို ပေါင်သန်း ၃၀ ခန့် ဆာဆူအိုလိုက သတ်မှတ်ထားပါတယ်။

Zawgyi Version

လက္စတာအသင္းဟာ ေတာင္ပံကစားသမား ဘီရာဒီကိုေခၚယူေရးအတြက္ ဆာဆူအိုလိုတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးေနၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ ေခၚယူသြားဖြယ္ရွိပါတယ္။ ဘီရာဒီဟာ ယူရို ၂၀၂၁ ခ်န္ပီယံ အီတလီအသင္းတြင္ အဓိကေနရာမွ ပါဝင္ကစားခဲ့သူ ျဖစ္ပါတယ္။

ဘီရာဒီကို ၿပီးခဲ့သည့္ေႏြရာသီကတည္းက လက္စတာက စိတ္ဝင္စားေနျခင္းျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းျဖင့္ ကမ္းလွမ္းေသာ္လည္း ပယ္ခ်ျခင္းခံခဲ့ရပါတယ္။ သို႔ေပမယ့္ ယခုအခါ ဘီရာဒီကိုေခၚယူေရး လက္စတာ အေျခအေနေကာင္းေနေၾကာင္း အီတလီမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

လက္စတာအသင္းဟာ ဘီရာဒီကိုေခၚယူေရးအတြက္ ေလးေလးနက္နက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ အီတလီေတာင္ပံကစားသမားကလည္း အသင္းေျပာင္းလိုေၾကာင္း ဆာဆူအိုလိုတာဝန္ရွိသူမ်ားကို ထုတ္ေဖာ္ေျပာဆိုထားေၾကာင္း အီတလီမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။

ယူရို ၂၀၂၁ မွာ အီတလီအတြက္ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ ျပဳလုပ္ခဲ့ေသာ ဘီရာဒီကို ခ်ဲလ္ဆီး၊ ဝက္စ္ဟမ္းႏွင့္ ေဒါ့မြန္တို႔ကလည္း စိတ္ဝင္စားေနပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဘီရာဒီဟာ ဆာဆူအိုလိုအတြက္ စီးရီးေအပြဲ ၃၀ ကစားၿပီး ၁၇ ဂိုးသြင္းကာ ၈ ဂိုး ဖန္တီးနိုင္ခဲ့ပါတယ္။ စီးရီးေအကလပ္ ေအစီမီလန္က လာဇီယိုႏွင့္ ဖီယိုရင္တီနာတို႔ကလည္း သူ႕ကို ေခၚယူလို‌ ေနပါတယ္။

သို႔ေပမယ့္ အသင္းေျပာင္းမည္ဆိုပါက ဘီရာဒီဟာ အီတလီ စီးရီးေအမွ ထြက္ခြာၿပီး အျခား ေဘာလုံးလိဂ္ တစ္ခုခုကိုသာ ေျပာင္းေ႐ြ႕ခ်င္သူပါ။ ဘီရာဒီဟာ ဆာဆူအိုလိုႏွင့္ စာခ်ဳပ္သက္တမ္း ႏွစ္ႏွစ္က်န္ရွိေနၿပီး ၎၏တန္ေၾကးကို ေပါင္သန္း ၃၀ ခန႔္ ဆာဆူအိုလိုက သတ္မွတ္ထားပါတယ္။