Spots news

ပေါ့ဘာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်လာတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ၃ပွဲမှာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနေပေမယ့် သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပေါ့ဘာဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ ပြောဖူးပါတယ်။

ပေါ့ဘာရဲ့စာချုပ်ကလည်း ၂၀၂၂ နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စပိန်အားကစား မီဒီယာများ ရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ဘာကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ကို ကျော်ဖြတ်ကာ အခြေအနေ အကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းဟာ ၂၀၁၉ မှာ အသင်းကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ပေါ့ဘာကို ခေါ်ယူဖို့ ဈေးကွက် ဖွင့်ချိန်ရောက်တိုင်း ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်ဘက်က ယူရိုသန်း ၁၈၀ အထိ သတ်မှတ်ခဲ့လို့ အဆင်မပြေ ဖြစ်ခဲ့ရတာပါ။

ယူနိုက်တက်ကလည်း ၂၀၁၆ နွေရာသီမှာ ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၉သန်းနဲ့ ဂျူဗင်တပ်ကနေ ပြန်လည်ခေါ်ယူခဲ့တဲ့ ပေါ့ဘာအနေနဲ့ အသင်းမှာ ဆက်ကစားချင်နေတယ်လို့ ယုံကြည်လျက်ရှိပေမယ့် ဒီအတိုင်းဆိုရင် ပေါ့ဘာကို ဇန်နဝါရီလမှာ ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ ESPN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ယခု‌ နွေရာသီအတွင်း အားကုန်ကြိုးစားခဲ့မှု အဆင်မပြေဖြစ်ခဲ့ပေမယ့် ၂၀၂၂ နွေရာသီမှာ ပေါ့ဘာလိုပဲ ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္ကြင္းလယ္လူ ေပါ့ဘာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ အနီးစပ္ဆုံး ျဖစ္လာတယ္လို႔ သိရပါတယ္။

ေပါ့ဘာဟာ ၃ပြဲမွာ ဂိုးဖန္တီးမႈ ၅ႀကိမ္ျပဳလုပ္ကာ ေျခစြမ္းျပေနေပမယ့္ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာက ေပါ့ဘာဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနတယ္လို႔ ေျပာဖူးပါတယ္။

ေပါ့ဘာရဲ႕စာခ်ဳပ္ကလည္း ၂၀၂၂ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စပိန္အားကစား မီဒီယာမ်ား ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ေပါ့ဘာကို ေခၚယူဖို႔ ပီအက္စ္ဂ်ီနဲ႕ ဂ်ဴဗင္တပ္တို႔ကို ေက်ာ္ျဖတ္ကာ အေျခအေန အေကာင္းဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ နည္းျပေဟာင္း ဇီဒန္းဟာ ၂၀၁၉ မွာ အသင္းကို တစ္ေက်ာ့ျပန္ေရာက္လာၿပီးေနာက္ ေပါ့ဘာကို ေခၚယူဖို႔ ေဈးကြက္ ဖြင့္ခ်ိန္ေရာက္တိုင္း ႀကိဳးစားခဲ့ေပမယ့္ ယူနိုက္တက္ဘက္က ယူရိုသန္း ၁၈၀ အထိ သတ္မွတ္ခဲ့လို႔ အဆင္မေျပ ျဖစ္ခဲ့ရတာပါ။

ယူနိုက္တက္ကလည္း ၂၀၁၆ ေႏြရာသီမွာ ကလပ္ စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၈၉သန္းနဲ႕ ဂ်ဴဗင္တပ္ကေန ျပန္လည္ေခၚယူခဲ့တဲ့ ေပါ့ဘာအေနနဲ႕ အသင္းမွာ ဆက္ကစားခ်င္ေနတယ္လို႔ ယုံၾကည္လ်က္ရွိေပမယ့္ ဒီအတိုင္းဆိုရင္ ေပါ့ဘာကို ဇန္နဝါရီလမွာ ေရာင္းထုတ္ဖြယ္ရွိေနတယ္လို႔ ESPN သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက တိုက္စစ္မႉး အမ္ဘာေပကို ေခၚယူဖို႔ ယခု‌ ေႏြရာသီအတြင္း အားကုန္ႀကိဳးစားခဲ့မႈ အဆင္မေျပျဖစ္ခဲ့ေပမယ့္ ၂၀၂၂ ေႏြရာသီမွာ ေပါ့ဘာလိုပဲ ဘာေပကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္ဖို႔ အေျခအေန ေကာင္းေနပါတယ္။