Spots news

မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မှီတော့မယ့် ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ ယနေ့မှာ အက်စတွန်ဗီလာအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းကြီးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲအရေအတွက် ပွဲ ၆၀၀ ပြည့်မြောက်မယ့် ဒုတိယမြောက်အသင်း ဖြစ်လာရတော့မယ်လို့ သိရပါတယ်။

ဥရောပချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားပြိုင်ပွဲတွေရဲ့ ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာလည်း သူတို့အသင်းရဲ့ အကောင်းဆုံးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း ကစားသမားဟောင်း လူကာကူနဲ့ ပြန်လည်အင်အားဖြည့်တင်းလို့ ထားပါတယ်။

လက်ရှိမှာ အသင်းလိုက်စွမ်းရည်ရော ရလဒ်တွေပါ ကောင်းမွန်လို့နေတဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်မှုအရှိဆုံး အသင်းတစ်သင်းအဖြစ်နဲ့ပါ သတ်မှတ်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လ ၁၉ ရက်နေ့က မန်ချက်စတာယူနိုက်တက်အသင်းဟာ မစ်ဒယ်ဘရော့အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပထမဆုံးသော နိုင်ပွဲအရေအတွက် ၆၀၀ ပြည့်တဲ့ ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ရပြီး အခုလည်း

နိုင်ပွဲပေါင်း ၅၉၉ အထိ ရရှိလို့ထားတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီတစ်ပတ်အတွင်းမှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရလိုက်မယ်ဆိုရင်တော့ ယူနိုက်တက်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲ ၆၀၀ ပြည့်တဲ့ ဒုတိယမြောက် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ ယေန႕မွာ အက္စတြန္ဗီလာအသင္းနဲ႕ စတမ္းဖိုဒ့္ဘရစ္ခ်္ကြင္းႀကီးမွာ ဧည့္ခံကစားသြားရမွာျဖစ္ၿပီး အဲ့ဒီပြဲစဥ္ကိုသာ အနိုင္ရခဲ့မယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ နိုင္ပြဲအေရအတြက္ ပြဲ ၆၀၀ ျပည့္ေျမာက္မယ့္ ဒုတိယေျမာက္အသင္း ျဖစ္လာရေတာ့မယ္လို႔ သိရပါတယ္။

ဥေရာပခ်န္ပီယံလိဂ္နဲ႕ ဥေရာပစူပါဖလားၿပိဳင္ပြဲေတြရဲ႕ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းဟာ ဒီရာသီမွာလည္း သူတို႔အသင္းရဲ႕ အေကာင္းဆုံးစြမ္းရည္ကို ဆက္လက္ထိန္းသိမ္းထားနိုင္ခဲ့ၿပီး အားနည္းေနတဲ့ တိုက္စစ္ပိုင္းအတြက္ကိုလည္း ကစားသမားေဟာင္း လူကာကူနဲ႕ ျပန္လည္အင္အားျဖည့္တင္းလို႔ ထားပါတယ္။

လက္ရွိမွာ အသင္းလိုက္စြမ္းရည္ေရာ ရလဒ္ေတြပါ ေကာင္းမြန္လို႔ေနတဲ့ ခ်ယ္လ္ဆီးအသင္းက ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကို အမွတ္ေပးခ်န္ပီယံဆုအတြက္ စိန္ေခၚမႈအရွိဆုံး အသင္းတစ္သင္းအျဖစ္နဲ႕ပါ သတ္မွတ္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ မတ္လ ၁၉ ရက္ေန႕က မန္ခ်က္စတာယူနိုက္တက္အသင္းဟာ မစ္ဒယ္ဘေရာ့အသင္းကို အေဝးကြင္းမွာ အနိုင္ယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ပထမဆုံးေသာ နိုင္ပြဲအေရအတြက္ ၆၀၀ ျပည့္တဲ့ ကလပ္အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ရၿပီး အခုလည္း

နိုင္ပြဲေပါင္း ၅၉၉ အထိ ရရွိလို႔ထားတဲ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႕ ဒီတစ္ပတ္အတြင္းမွာ အက္စတြန္ဗီလာအသင္းကို အနိုင္ရလိုက္မယ္ဆိုရင္ေတာ့ ယူနိုက္တက္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္ နိုင္ပြဲ ၆၀၀ ျပည့္တဲ့ ဒုတိယေျမာက္ ကလပ္အသင္းအျဖစ္ မွတ္တမ္းဝင္သြားမွာ ျဖစ္ပါတယ္။