Spots news

ပရိတ်သတ်တွေကို ကျေနပ်စေပြီး အသင်းကို ဇယားထိပ်ပို့ပေးလိုက်တဲ့ ရော်နယ်ဒို

Unicode Version

ဆိုးလ်ရှားကတော့ ဒီပွဲမှာ ကစားသမားသစ်ရော်နယ်ဒိုကို ပွဲထွက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဝယ်ယူခဲ့တဲ့ ကစားသမားသစ် ဆန်ချို၊ ဗာရန်းနဲ့ ရော်နယ်ဒိုတို့အားလုံးကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရအောင် ပထမပိုင်းမှာကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ အတွဲအဖက်မမိဖြစ်နေခဲ့ပြီး တစ်ဦးချင်းထိုးဖောက်အားတွေကိုသာ အားကိုးနေခဲ့ရတာပါ။ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ နားလည်မှုအားနည်းခဲ့ပြီး ဖာနန်ဒက်စ်ကတော့ ဆိုးဆိုးရွားရွားကို ခြေစွမ်းပျက်နေခဲ့ပါတယ်။ နယူးကာဆယ်က တန်ပြန်တိုက်စစ်တွေ ကောင်းမွန်ခဲ့ပြီး မက်ဆီမင်ရဲ့ မြန်နှုန်းက မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ ရော်နယ်ဒိုက ပထမပိုင်းနာကျင်အချိန်ပိုမှာ ဂရင်းဝုဒ်ရဲ့ကန်သွင်းချက်ကို နယူးကာဆယ်ဂိုးသမားပုတ်ထုတ်တာကနေ လျှံကျလာတာကို ပိတ်သွင်းယူခဲ့တာပါ။ ရော်နယ်ဒိုအတွက် အဖွင့်ပွဲမှာပဲ ဂိုးရခဲ့တာဖြစ်ပြီး ဂိုးလာဘ်ကကောင်းမွန်နေခဲ့သလို ၁၈ ကိုက်စည်းထဲမှာ အသင့်ဖြစ်နေတဲ့ တိုက်စစ်မှူးတစ်ဦးရဲ့ပုံစံအပြည့်ရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နယူးကာဆယ်ကစားပုံက ပိုသွက်လာခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ၅၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မက်ဆီမင်ဖန်တီးပေးတာကို မန်ကွီနိုက အပိုင်သွင်းကာ ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ သိပ်တော့ကြာကြာမခံခဲ့ဘဲ ၆၂ မိနစ်မှာ လုခ်ရှောရဲ့ ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ဘယ်ခြေနဲ့အပြင်းကန်ခဲ့ရာမှာ ဂိုးသမားပေါင်ကြားထဲကဝင်ပြီး ဂိုးဝင်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပြန်ရသွားခဲ့ပါတယ်။

အသင်းအတွက် အဖွင့်ပွဲမှာတင် ရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ လက်ခုပ်သံကို သဲ့ယူသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက် ယူနိုက်တက်က ပွဲကိုသေချာထိန်းကစားခဲ့ပြီး နယူးကာဆယ်ကို တိုက်စစ်ဆင်ခွင့်မရအောင် ဂရုစိုက်ခဲ့ပါတယ်။ ကစားကွက်အသာနဲ့ ဖိကစားနေရင်း မိနစ် ၈၀ မှာတော့ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေ ဖာနန်ဒက်စ်က ဂိုးဧရိယာထိပ်နားက လှလှပပကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ တတိယမြောက်ဂိုးရသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ လင်ဂတ်က နောက်တစ်ဂိုးထပ်သွင်းပေးခဲ့လို့ ယူနိုက်တက်တို့ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက် သွင်းဂိုးတွေနဲ့ အဖွင့်လှခဲ့သလို အသင်းကိုလည်း ဇယားထိပ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအတွက်တော့ သွင်းဂိုးတွေအတွက် စိတ်မပူရတဲ့ အနေအထားတစ်ခုကို ရောက်သွားပြီလို့ ဆိုရတော့မှာပါပဲ။

Zawgyi Version

ဆိုးလ္ရွားကေတာ့ ဒီပြဲမွာ ကစားသမားသစ္ေရာ္နယ္ဒိုကို ပြဲထြက္စာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ ေႏြရာသီမွာ ဝယ္ယူခဲ့တဲ့ ကစားသမားသစ္ ဆန္ခ်ိဳ၊ ဗာရန္းနဲ႕ ေရာ္နယ္ဒိုတို႔အားလုံးကို ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြကို စိတ္ေက်နပ္ေစခဲ့ပါတယ္။ ယူနိုက္တက္အေနနဲ႕ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရေအာင္ ပထမပိုင္းမွာကစားနိုင္ခဲ့ေပမယ့္ ဂိုးရဖို႔ေတာ့ ခက္ခဲေနခဲ့ပါတယ္။

တိုက္စစ္ပိုင္းမွာ အတြဲအဖက္မမိျဖစ္ေနခဲ့ၿပီး တစ္ဦးခ်င္းထိုးေဖာက္အားေတြကိုသာ အားကိုးေနခဲ့ရတာပါ။ ေပါ့ဂ္ဘာနဲ႕ ဖာနန္ဒက္စ္တို႔ နားလည္မႈအားနည္းခဲ့ၿပီး ဖာနန္ဒက္စ္ကေတာ့ ဆိုးဆိုး႐ြား႐ြားကို ေျခစြမ္းပ်က္ေနခဲ့ပါတယ္။ နယူးကာဆယ္က တန္ျပန္တိုက္စစ္ေတြ ေကာင္းမြန္ခဲ့ၿပီး မက္ဆီမင္ရဲ႕ ျမန္ႏႈန္းက မက္ဂြိုင္းယားနဲ႕ ဗာရန္းတို႔ကို ဒုကၡေပးနိုင္ခဲ့ပါတယ္။

ယူနိုက္တက္အတြက္ အဖြင့္ဂိုးကိုေတာ့ ေရာ္နယ္ဒိုက ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ ဂရင္းဝုဒ္ရဲ႕ကန္သြင္းခ်က္ကို နယူးကာဆယ္ဂိုးသမားပုတ္ထုတ္တာကေန လွ်ံက်လာတာကို ပိတ္သြင္းယူခဲ့တာပါ။ ေရာ္နယ္ဒိုအတြက္ အဖြင့္ပြဲမွာပဲ ဂိုးရခဲ့တာျဖစ္ၿပီး ဂိုးလာဘ္ကေကာင္းမြန္ေနခဲ့သလို ၁၈ ကိုက္စည္းထဲမွာ အသင့္ျဖစ္ေနတဲ့ တိုက္စစ္မႉးတစ္ဦးရဲ႕ပုံစံအျပည့္ရွိခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ နယူးကာဆယ္ကစားပုံက ပိုသြက္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္းပဲ ၅၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန မက္ဆီမင္ဖန္တီးေပးတာကို မန္ကြီနိုက အပိုင္သြင္းကာ ေခ်ပဂိုးသြင္းယူသြားခဲ့ပါတယ္။ ဒီဂိုးဟာ သိပ္ေတာ့ၾကာၾကာမခံခဲ့ဘဲ ၆၂ မိနစ္မွာ လုခ္ေရွာရဲ႕ ဖန္တီးေပးမႈကေန ေရာ္နယ္ဒိုက ဘယ္ေျခနဲ႕အျပင္းကန္ခဲ့ရာမွာ ဂိုးသမားေပါင္ၾကားထဲကဝင္ၿပီး ဂိုးဝင္ခဲ့လို႔ ယူနိုက္တက္တို႔ ဦးေဆာင္ဂိုးျပန္ရသြားခဲ့ပါတယ္။

အသင္းအတြက္ အဖြင့္ပြဲမွာတင္ ေရာ္နယ္ဒိုက ၂ ဂိုးသြင္းခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ လက္ခုပ္သံကို သဲ့ယူသြားခဲ့ျပန္ၿပီျဖစ္ပါတယ္။ ဦးေဆာင္ဂိုးရၿပီးေနာက္ ယူနိုက္တက္က ပြဲကိုေသခ်ာထိန္းကစားခဲ့ၿပီး နယူးကာဆယ္ကို တိုက္စစ္ဆင္ခြင့္မရေအာင္ ဂ႐ုစိုက္ခဲ့ပါတယ္။ ကစားကြက္အသာနဲ႕ ဖိကစားေနရင္း မိနစ္ ၈၀ မွာေတာ့ ေပါ့ဂ္ဘာရဲ႕ ေပးပို႔မႈကေန ဖာနန္ဒက္စ္က ဂိုးဧရိယာထိပ္နားက လွလွပပကန္သြင္းယူခဲ့လို႔ ယူနိုက္တက္တို႔ တတိယေျမာက္ဂိုးရသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ လင္ဂတ္က ေနာက္တစ္ဂိုးထပ္သြင္းေပးခဲ့လို႔ ယူနိုက္တက္တို႔ ၄-၁ နဲ႕ အနိုင္ရရွိသြားခဲ့ပါတယ္။ ဒီပြဲအနိုင္ရလဒ္ေၾကာင့္ ယူနိုက္တက္တို႔ အမွတ္ေပးဇယားထိပ္ဆုံးေနရာကိုပါ ရယူနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေရာ္နယ္ဒိုအတြက္ သြင္းဂိုးေတြနဲ႕ အဖြင့္လွခဲ့သလို အသင္းကိုလည္း ဇယားထိပ္ေရာက္ေအာင္ ပို႔ေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားအတြက္ေတာ့ သြင္းဂိုးေတြအတြက္ စိတ္မပူရတဲ့ အေနအထားတစ္ခုကို ေရာက္သြားၿပီလို႔ ဆိုရေတာ့မွာပါပဲ။