Spots news

ပင်နယ်တီဝင်အောင်မကန်နိုင်လို့ ဖလားမရလိုက်တဲ့လူတွေတစ်ပုံကြီးပါလို့ ဘရူနိုပြောကြား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်ရှိအခြေအနေ ကို အဓိက ပုံ့ပိုးပေးနေတဲ့ ကစားသမား များစွာ ထဲမှာ ဘရူနို ဖာနန်ဒက်စ်က  အထင်ရှားဆုံး ဖြစ် နေပါတယ်။

သောကြာနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးသွား ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းကနေ ပြောင်းရွေ့လာ ကတည်းက ယူနိုက်တက် အတွက် ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့အဓိကကစားသမား တစ်ဦးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

လက်ရှိ အချိန်မှာ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ဂိုးသွင်း စာရင်းတွင် တတိယ နေရာ ၌ ရပ်တည် နေပြီး ၁၁ ဂိုး သွင်းယူ ပေးထား နိုင် ပါတယ်။ အဆိုပါ မှတ်တမ်း ဟာ ကွင်းလယ် ကစား သမား တစ်ဦး အတွက် မယုံကြည် နိုင်အောင်  ကောင်းမွန် တဲ့ မှတ်တမ်း တစ်ခု ဖြစ်ပြီး လီဗာပူး တိုက်စစ်မှူး ဆာလာ နှင့် စပါး အသင်းမှ ဆွန်ဟောင်မင် တို့သာ လျှင် ဖာနန်ဒက်စ် ထက် ဂိုး ပိုသွင်း ထားနိုင် တာပါ။

ဘရူနို ဖာနန်ဒက်စ် ရဲ့ သွင်း ဂိုး ၁၁ ဂိုး မှာ ၅ ဂိုး က ပင်နယ်တီ ကနေ တဆင့် သွင်းယူခဲ့ တာလဲ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေမှာ ပင်နယ်တီများ ပါဝင်နေမှု ကို လီဗာပူး နည်းပြ ကလော့ပ် နဲ့ စပါးနည်းပြ မော်ရင်ဟို တို့က သိသာစွာ ဝေဖန်ခဲ့ ကြပါတယ်။

ဒါပေမယ့် ဘရူနိုကတော့ ပင်နယ်တီနဲ့ ပတ်သက်ပြီး သူ့အပေါ် ဝေဖန်မှုတွေကို အောက်ပါအတိုင်း တုံ့ပြန် လိုက်ပါတယ်။

“ကျွန်တော် မရောက်ခင်တုန်းက မန်ချက်စတာ  ယူနိုက်တက်မှာ ပင်နယ်တီ ပုံမှန်ကန်မယ့် သူမရှိခဲ့ ပါဘူး။ ကျွန်တော်ရောက်ပီး ကံအားလျော်စွာ  ပင်နယ်တီရ ရှိခဲ့တော့ ကျွန်တော် ကန်ခွင့်ရခဲ့ပါတယ်။

“လူတွေက ပင်နယ်တီ ၊ ပင်နယ်တီ ဆိုပြီး ဝေဖန်နေကြတာ တွေ့ရတယ်။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ ရခဲ့တဲ့ chance ပါ။ World Cup ,Euros နဲ့ Champion League ဖိုင်နယ်တွေမှာ ပင်နယ်တီနဲ့  ရှုံးနိမ့် ခဲ့ရတဲ့ အသင်းတွေ အများကြီး တွေ့ဖူးကြမှာပါ။ ဒါဟာ ပြိုင်ပွဲရဲ့ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်”

“ပင်နယ်တီ ကန်သွင်းဖို့ဆိုတာ ပုံမှန် သွင်းဂိုးထက် စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာ ဝေဖန်နေသူတွေ သိနိုင်မယ် မထင်ပါဘူး။ ဒါဟာလဲ သွင်းဂိုးတစ်ဂိုးပါပဲ။ ဂုဏ်ပြုခံရဖို့ ထိုက်တန်ပါတယ် ” ဟု တုံ့ပြန်ပြောကြား လိုက်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ လက္ရွိအေျခအေနကို အဓိက ပုံ႕ပိုးေပးေနတဲ့ ကစားသမားမ်ားစြာ ထဲမွာ ဘ႐ူနို ဖာနန္ဒက္စ္က အထင္ရွားဆုံး ျဖစ္ေနပါတယ္။ ေသာၾကာေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ဗီလာနဲ႕ ပြဲစဥ္မွာ အသင္းအတြက္ အနိုင္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးသြားခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ဟာ စပို႔တင္းကေန ေျပာင္းေ႐ြ႕လာကတည္းက ယူနိုက္တက္ အတြက္ေျခစြမ္းျပခဲ့သူျဖစ္ၿပီး လက္ရွိမွာ အသင္းရဲ႕အဓိကကစားသမားတစ္ဦးအျဖစ္ ရပ္တည္လ်က္ရွိေနပါတယ္။

လက္ရွိ အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္ ဟာ ပရီးမီးယားလိဂ္ ဂိုးသြင္း စာရင္းတြင္ တတိယ ေနရာ ၌ ရပ္တည္ ေနၿပီး ၁၁ ဂိုး သြင္းယူ ေပးထား နိုင္ ပါတယ္။ အဆိုပါ မွတ္တမ္း ဟာ ကြင္းလယ္ ကစား သမား တစ္ဦး အတြက္ မယုံၾကည္ နိုင္ေအာင္  ေကာင္းမြန္ တဲ့ မွတ္တမ္း တစ္ခု ျဖစ္ၿပီး လီဗာပူး တိုက္စစ္မႉး ဆာလာ ႏွင့္ စပါး အသင္းမွ ဆြန္ေဟာင္မင္ တို႔သာ လွ်င္ ဖာနန္ဒက္စ္ ထက္ ဂိုး ပိုသြင္း ထားနိုင္ တာပါ။ ဘ႐ူနို ဖာနန္ဒက္စ္ ရဲ႕ သြင္း ဂိုး ၁၁ ဂိုး မွာ ၅ ဂိုး က ပင္နယ္တီ ကေန တဆင့္ သြင္းယူခဲ့ တာလဲ ျဖစ္ပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးေတြမွာ ပင္နယ္တီမ်ား ပါဝင္ေနမႈ ကို လီဗာပူး နည္းျပ ကေလာ့ပ္ နဲ႕ စပါးနည္းျပ ေမာ္ရင္ဟိုတို႔က သိသာစြာ ေဝဖန္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ဘ႐ူနိုကေတာ့ ပင္နယ္တီနဲ႕ပတ္သက္ၿပီး သူ႕အေပၚေဝဖန္မႈေတြကို ေအာက္ပါအတိုင္း တုံ႕ျပန္ လိုက္ပါတယ္။

“ကြၽန္ေတာ္ မေရာက္ခင္တုန္းက မန္ခ်က္စတာ ယူနိုက္တက္မွာ ပင္နယ္တီ ပုံမွန္ကန္မယ့္ သူမရွိခဲ့ပါဘူး။ ကြၽန္ေတာ္ေရာက္ပီး ကံအားေလ်ာ္စြာ ပင္နယ္တီရရွိခဲ့ေတာ့ ကြၽန္ေတာ္ ကန္ခြင့္ရခဲ့ပါတယ္။

“လူေတြက ပင္နယ္တီ ၊ ပင္နယ္တီ ဆိုၿပီး ေဝဖန္ေနၾကတာ ေတြ႕ရတယ္။ ဒါဟာ ကြၽန္ေတာ္တို႔အသင္းရဲ႕ တိုက္စစ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ရခဲ့တဲ့ chance ပါ။ World Cup ,Euros နဲ႕ Champion League ဖိုင္နယ္ေတြမွာ ပင္နယ္တီနဲ႕ ရႈံးနိမ့္ခဲ့ရတဲ့ အသင္းေတြအမ်ားႀကီးေတြ႕ဖူးၾကမွာပါ။ ဒါဟာ ၿပိဳင္ပြဲရဲ႕ အေရးပါတဲ့ အရာတစ္ခုျဖစ္ပါတယ္”

“ပင္နယ္တီ ကန္သြင္းဖို႔ဆိုတာ ပုံမွန္ သြင္းဂိုးထက္ စိတ္လႈပ္ရွားဖို႔ ေကာင္းတယ္ဆိုတာ ေဝဖန္ေနသူေတြ သိနိုင္မယ္ မထင္ပါဘူး။ ဒါဟာလဲ သြင္းဂိုးတစ္ဂိုးပါပဲ။ ဂုဏ္ျပဳခံရဖို႔ ထိုက္တန္ပါတယ္ ” ဟု တုံ႕ျပန္ေျပာၾကား လိုက္ပါတယ္။