Unicode Version
မနေ့ည ၈နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ဖြစ်တာနဲ့အညီ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပွဲစ ပွဲဆုံး ဖိအားပေး ကစားခဲ့ပြီး နယူးကာဆယ်အသင်း ကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားပြု ကစားခဲ့ကာ အယ်မီရွန် ၊ ဂျိုလင်တန်နဲ့ မက်စီမန်တို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပါတယ်။
ယနေ့ပွဲမှာတော့ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုက သူဟာ အသက်အရွယ်ကြောင့် ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ် ဆိုတဲ့ ဝေဖန်မှုတွေကို ကောင်းကောင်းကြီး ချေဖျက်ပြခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နိုင်ပွဲကို လွယ်လွယ်ကူကူ ရခဲ့တာပါ။
အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမား ကာရေဂါဟာ သူ့ရဲ့ အစီအစဉ်တွေမှာ ရော်နယ်ဒို တယောက် ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာရင် အသက်အရွယ်ကြောင့် ရုန်းကန်ရလိမ့်မယ် လို့ အဆက်မပြတ် ဝေဖန်ခဲ့တာ ဖြစ်ပြီး ယနေ့ညမှာတော့ ရော်နယ်ဒိုဟာ ကာရေဂါရဲ့ ဝေဖန်ချက်တွေ မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။
ကာရေဂါက ရော်နယ်ဒို ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာမှုအပေါ် “သူက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဆိုတာ မမှားပါဘူး။ ဒါကိုလည်း သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူက အရမ်းကို အသက်ကြီးနေပါပြီ။ ဒါကြောင့် သူ ပြန်ရောက်လာတာက ယူနိုက်တက် အတွက် အနုတ်လက္ခဏာပဲ ဆောင်ပါလိမ့်မယ်” ဆိုပြီး ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရော်နယ်ဒိုက သူဟာ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတာကို ကာရေဂါ သိအောင် ကောင်းကောင်းကြီး သက်သေပြခဲ့ပြီး ကာရေဂါကတော့ ရော်နယ်ဒိုကို ဝေဖန်မိတဲ့ အတွက် နောင်တတွေ ရကောင်း ရနေပါလိမ့်မယ်။
Zawgyi Version
မေန႕ည ၈နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ ကစားခဲ့ၾကတဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နယူးကာဆယ္တို႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းထံ တေက်ာ့ျပန္ ျပန္လည္ ေရာက္ရွိလာတဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးေတြနဲ႕အတူ ၄-၁ ဆိုတဲ့ ရလဒ္နဲ႕ ဂိုးျပတ္အနိုင္ရခဲ့ပါတယ္။
အိုးထရက္ဖို႔ဒ္ကြင္းမွာ ကစားခဲ့ရတဲ့ ပြဲစဥ္ ျဖစ္တာနဲ႕အညီ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပြဲစ ပြဲဆုံး ဖိအားေပး ကစားခဲ့ၿပီး နယူးကာဆယ္အသင္း ကေတာ့ တန္ျပန္တိုက္စစ္ကိုသာ အဓိက အားျပဳ ကစားခဲ့ကာ အယ္မီ႐ြန္ ၊ ဂ်ိဳလင္တန္နဲ႕ မက္စီမန္တို႔ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူေတြကို အလုပ္ရႈပ္ေစခဲ့ပါတယ္။
ယေန႕ပြဲမွာေတာ့ အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုက သူဟာ အသက္အ႐ြယ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ရလိမ့္မယ္ ဆိုတဲ့ ေဝဖန္မႈေတြကို ေကာင္းေကာင္းႀကီး ေခ်ဖ်က္ျပခဲ့ၿပီး သူ႕ရဲ႕ သြင္းဂိုးေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ နိုင္ပြဲကို လြယ္လြယ္ကူကူ ရခဲ့တာပါ။
အထူးသျဖင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ခါးသီးၿပိဳင္ဘက္ လီဗာပူးအသင္းရဲ႕ ဂႏၲဝင္ ကစားသမား ကာေရဂါဟာ သူ႕ရဲ႕ အစီအစဥ္ေတြမွာ ေရာ္နယ္ဒို တေယာက္ ပရီးမီးယားလိဂ္ဆီ ျပန္ေရာက္လာရင္ အသက္အ႐ြယ္ေၾကာင့္ ႐ုန္းကန္ရလိမ့္မယ္ လို႔ အဆက္မျပတ္ ေဝဖန္ခဲ့တာ ျဖစ္ၿပီး ယေန႕ညမွာေတာ့ ေရာ္နယ္ဒိုဟာ ကာေရဂါရဲ႕ ေဝဖန္ခ်က္ေတြ မွားယြင္းေၾကာင္း သက္ေသျပခဲ့ပါတယ္။
ကာေရဂါက ေရာ္နယ္ဒို ပရီးမီးယားလိဂ္ဆီ ျပန္ေရာက္လာမႈအေပၚ “သူက သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမားေတြထဲက တဦး ဆိုတာ မမွားပါဘူး။ ဒါကိုလည္း သံသယျဖစ္စရာ မလိုပါဘူး။ ဒါေပမယ့္ ဒီတႀကိမ္မွာေတာ့ သူက အရမ္းကို အသက္ႀကီးေနပါၿပီ။ ဒါေၾကာင့္ သူ ျပန္ေရာက္လာတာက ယူနိုက္တက္ အတြက္ အႏုတ္လကၡဏာပဲ ေဆာင္ပါလိမ့္မယ္” ဆိုၿပီး ေဝဖန္ထားတာလည္း ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ေရာ္နယ္ဒိုက သူဟာ အသက္ႀကီးေပမယ့္ မပ်က္စီးေသးဘူး ဆိုတာကို ကာေရဂါ သိေအာင္ ေကာင္းေကာင္းႀကီး သက္ေသျပခဲ့ၿပီး ကာေရဂါကေတာ့ ေရာ္နယ္ဒိုကို ေဝဖန္မိတဲ့ အတြက္ ေနာင္တေတြ ရေကာင္း ရေနပါလိမ့္မယ္။