Spots news

အိုပြီလို့ ပြောတဲ့ ပါးစပ်တွေကို ပိတ်ပြခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရော်နယ်‌ဒိုရဲ့ စံချိန်များ

Unicode Version

ယူနိုက်တက်သို့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံးပွဲထွက် ကစားခွင့်ရသည့်ပွဲမှာပင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကစားသမားသမားဘဝမှာ (၁၂)နှစ်၊ (၁၂၄)ရက်အကြာမှ ပရီးမီးယားလိဂ် သွင်းဂိုးကို ပြန်လည်သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့က ကစားခဲ့သော မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့ပြီး ယခု ယူနိုက်တက် အသင်းသို့တစ်ကျော့ပြန်ရောက်ရှိကာ

ပရီးမီးယားလိဂ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။ ထို့ကြောင့် ရော်နယ်ဒိုဟာ အဲဗာတန် တိုက်စစ်မှူးဟောင်း မတ်ဂျက်ဆန် (၁၃ နှစ်၊ ၁၈၇ ရက်)နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးတစ်ဂိုးနှင့်တစ်ဂိုး ဒုတိယအချိန်အကြာဆုံး ကွာဝေးသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် ဂိုးသွင်ယူနိုင်ခဲ့သည့် ရော်နယ်ဒိုအသက်မှာ (၃၆)နှစ်၊ (၂၁၈) ရက် ရှိနေပြီဖြစ်ပြီး ရိုင်ယန်ဂစ် (၃၉ နှစ်၊ ၈၆ ရက်) နောက် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ဂိုးသွင်းယူတဲ့ ဒုတိယအသက်အကြီးဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ အသက် (၃၆)နှစ်၊ (၂၁၈)ရက်ဖြင့် ဘန်လေတိုက်စစ်မှူး ဂရေဟမ်အလက်ဇန္ဒား (၃၈ နှစ်၊ ၁၈၂ ရက် ၂၀၁၀ ခုနှစ်) နောက် ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲအတွင်း သွင်းဂိုး ၂ ဂိုးသွင်းယူသည့် ဒုတိယအသက်အကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

Zawgyi Version

ယူနိုက္တက္သို႔ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့ၿပီးေနာက္ ပထမဆုံးပြဲထြက္ ကစားခြင့္ရသည့္ပြဲမွာပင္ ဂိုးသြင္းယူနိုင္ခဲ့တဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ကစားသမားသမားဘဝမွာ (၁၂)ႏွစ္၊ (၁၂၄)ရက္အၾကာမွ ပရီးမီးယားလိဂ္ သြင္းဂိုးကို ျပန္လည္သြင္းယူ နိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၀၉ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႕က ကစားခဲ့ေသာ မန္စီးတီးအသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ ဂိုးသြင္းယူၿပီးေနာက္ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ယခု ယူနိုက္တက္ အသင္းသို႔တစ္ေက်ာ့ျပန္ေရာက္ရွိကာ

ပရီးမီးယားလိဂ္ဂိုးကို ျပန္လည္သြင္းယူနိုင္ခဲ့ျခင္းျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ ေရာ္နယ္ဒိုဟာ အဲဗာတန္ တိုက္စစ္မႉးေဟာင္း မတ္ဂ်က္ဆန္ (၁၃ ႏွစ္၊ ၁၈၇ ရက္)ေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးတစ္ဂိုးႏွင့္တစ္ဂိုး ဒုတိယအခ်ိန္အၾကာဆုံး ကြာေဝးသူအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ထို႔ျပင္ နယူးကာဆယ္ႏွင့္ပြဲတြင္ ဂိုးသြင္ယူနိုင္ခဲ့သည့္ ေရာ္နယ္ဒိုအသက္မွာ (၃၆)ႏွစ္၊ (၂၁၈) ရက္ ရွိေနၿပီျဖစ္ၿပီး ရိုင္ယန္ဂစ္ (၃၉ ႏွစ္၊ ၈၆ ရက္) ေနာက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ ဂိုးသြင္းယူတဲ့ ဒုတိယအသက္အႀကီးဆုံး ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုဟာ အသက္ (၃၆)ႏွစ္၊ (၂၁၈)ရက္ျဖင့္ ဘန္ေလတိုက္စစ္မႉး ဂေရဟမ္အလက္ဇႏၵား (၃၈ ႏွစ္၊ ၁၈၂ ရက္ ၂၀၁၀ ခုႏွစ္) ေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္ တစ္ပြဲအတြင္း သြင္းဂိုး ၂ ဂိုးသြင္းယူသည့္ ဒုတိယအသက္အႀကီးဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။