Spots news

ယူနိုက်တက်ပရိတ်သတ်တွေ အားပေးကြမ်းပုံကို တုန်လှုပ်မိတယ်လို့ ရော်နယ်ဒိုပြော

Unicode Version

နယူးကာဆယ်နဲ့ပွဲမှာ သူ့နာမည်ကို သီချင်းလုပ်ဆိုခဲ့တဲ့ ပရိသတ်တွေကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး တုန်လှုပ်မိခဲ့ကြောင်း ရော်နယ်ဒိုက ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က ၄-၁ နဲ့

အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာတင်ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်။

အိပ်မက်ကဇာတ်ရုံလို့ နာမည်ကြီးတဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့ရတာလည်း ပဥ္စလက်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်လို့လည်း ပေါ်တူဂီသားကြီးကဆိုခဲ့ပါတယ်။

ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို ရယူနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ တကျော့ပြန်အိမ်ပြန်လမ်းဟာ ပြီးပြည့်စုံမှုတွေနဲ့ စတင်နိုင်ခဲ့ပါတယ်။

ပွဲအပြီး သူ့ရဲ့အင်စတာဂရမ်ကတဆင့် ရော်နယ်ဒိုက ပြောဆိုခဲ့ရာမှာလည်း “အိုးထရက်ဖို့ဒ်က ကျွန်တော့်အတွက်တော့ စိတ်ထဲရှိသမျှအောင်မြင်အောင်လုပ်နိုင်တဲ့ အမြဲတမ်းပဥ္စလက်ဆန်တဲ့နေရာပါပဲ၊

အသင်းဖော်တွေအားလုံးကလည်း ကျွန်တော့်ကို ပံ့ပိုးပေးခဲ့ကြပြီး အမြဲတမ်းရပ်တည်မှုကနေ ယုံကြည်ချက်တွေ၊ အကောင်းမြင်မှုတွေနဲ့ ရှေ့ဆက်ပြီး အဆုံးမှာ အတူတကွအောင်ပွဲခံနိုင်ကြမှာပါ” လို့ ရေးသားခဲ့ပါတယ်။

BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း “မယုံကြည်နိုင်စရာပါပဲ၊ ပွဲစချိန်မှာ ကျွန်တော်စိတ်လှုပ်ရှားထိတ်လန့်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်နာမည်ကို တစ်ပွဲလုံးသီချင်းလုပ်ဆိုမယ်လို့ မမျှော်လင့်ထားလို့ပါ၊ တကယ်ကိုတုန်လှုပ်ခဲ့ရပါတယ်၊

ဒါပေမယ့် ဒါကိုကျွန်တော် မဖော်ပြတာလည်းဖြစ်နိုင်ပါတယ်၊ ကျွန်တော့်ကို ကြိုဆိုခဲ့တာက အံ့မခန်းပါပဲ၊ ကောင်းကောင်းကစားပြချင်ခဲ့ပြီး အသင်းကို ကူညီနိုင်စွမ်း ကျွန်တော့်မှာရှိသေးတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတ်။

ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ၄ ပွဲကစားအပြီးမှာ ၃ပွဲအနိုင်ရထားပြီး တစ်ပွဲသရေကျထားကာ ချယ်လ်ဆီးနဲ့ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးနေရာကို ရရှိထားတာဖြစ်ပါတယ်။

Zawgyi Version

နယူးကာဆယ္နဲ႕ပြဲမွာ သူ႕နာမည္ကို သီခ်င္းလုပ္ဆိုခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ စိတ္လႈပ္ရွားခဲ့ရၿပီး တုန္လႈပ္မိခဲ့ေၾကာင္း ေရာ္နယ္ဒိုက ဝန္ခံေျပာဆိုလိုက္ပါတယ္။ ယူနိုက္တက္က ၄-၁ နဲ႕

အနိုင္ရခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုက အသင္းအတြက္ ၂ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အဖြင့္ပြဲမွာတင္ေျခစြမ္းျပနိုင္ခဲ့ကာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ၿပီး ပရိသတ္ေတြကို ၿပဳံးေပ်ာ္ေစခဲ့ပါတယ္။

အိပ္မက္ကဇာတ္႐ုံလို႔ နာမည္ႀကီးတဲ့ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိလာခဲ့ရတာလည္း ပၪၥလက္ဆန္ၿပီး စိတ္လႈပ္ရွားစရာေကာင္းခဲ့တယ္လို႔လည္း ေပၚတူဂီသားႀကီးကဆိုခဲ့ပါတယ္။

ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားခဲ့ၿပီး အသင္းအတြက္ အေရးပါတဲ့ဂိုးေတြကို ရယူနိုင္ခဲ့တဲ့ေနာက္ ေရာ္နယ္ဒိုရဲ႕ တေက်ာ့ျပန္အိမ္ျပန္လမ္းဟာ ၿပီးျပည့္စုံမႈေတြနဲ႕ စတင္နိုင္ခဲ့ပါတယ္။

ပြဲအၿပီး သူ႕ရဲ႕အင္စတာဂရမ္ကတဆင့္ ေရာ္နယ္ဒိုက ေျပာဆိုခဲ့ရာမွာလည္း “အိုးထရက္ဖို႔ဒ္က ကြၽန္ေတာ့္အတြက္ေတာ့ စိတ္ထဲရွိသမွ်ေအာင္ျမင္ေအာင္လုပ္နိုင္တဲ့ အၿမဲတမ္းပၪၥလက္ဆန္တဲ့ေနရာပါပဲ၊

အသင္းေဖာ္ေတြအားလုံးကလည္း ကြၽန္ေတာ့္ကို ပံ့ပိုးေပးခဲ့ၾကၿပီး အၿမဲတမ္းရပ္တည္မႈကေန ယုံၾကည္ခ်က္ေတြ၊ အေကာင္းျမင္မႈေတြနဲ႕ ေရွ႕ဆက္ၿပီး အဆုံးမွာ အတူတကြေအာင္ပြဲခံနိုင္ၾကမွာပါ” လို႔ ေရးသားခဲ့ပါတယ္။

BBC နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာလည္း “မယုံၾကည္နိုင္စရာပါပဲ၊ ပြဲစခ်ိန္မွာ ကြၽန္ေတာ္စိတ္လႈပ္ရွားထိတ္လန႔္ခဲ့ရပါတယ္၊ ဘာလို႔လဲဆိုေတာ့ သူတို႔က ကြၽန္ေတာ့္နာမည္ကို တစ္ပြဲလုံးသီခ်င္းလုပ္ဆိုမယ္လို႔ မေမွ်ာ္လင့္ထားလို႔ပါ၊ တကယ္ကိုတုန္လႈပ္ခဲ့ရပါတယ္၊

ဒါေပမယ့္ ဒါကိုကြၽန္ေတာ္ မေဖာ္ျပတာလည္းျဖစ္နိုင္ပါတယ္၊ ကြၽန္ေတာ့္ကို ႀကိဳဆိုခဲ့တာက အံ့မခန္းပါပဲ၊ ေကာင္းေကာင္းကစားျပခ်င္ခဲ့ၿပီး အသင္းကို ကူညီနိုင္စြမ္း ကြၽန္ေတာ့္မွာရွိေသးတယ္ဆိုတာကို ျပသနိုင္ခဲ့ပါတယ္” လို႔ ေရာ္နယ္ဒိုက ေျပာဆိုခဲ့ပါတ္။

ယူနိုက္တက္ကေတာ့ ဒီနိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းသြားနိုင္ခဲ့ပါတယ္။ ၄ ပြဲကစားအၿပီးမွာ ၃ပြဲအနိုင္ရထားၿပီး တစ္ပြဲသေရက်ထားကာ ခ်ယ္လ္ဆီးနဲ႕ရမွတ္တူေနေပမယ့္ ဂိုးကြာျခားခ်က္ေၾကာင့္ ထိပ္ဆုံးေနရာကို ရရွိထားတာျဖစ္ပါတယ္။