Spots news

၄ ပွဲမှာ ၇ ဂိုးဖန်တီးပြီး ပရီးမီးယားလိဂ်ရဲ့ Assis King ဖြစ်နေတဲ့ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာက ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့ဂိုးဖန်တီးမှုစွမ်းရည်ကို အကောင်းဆုံး ပြသထားနိုင််ခဲ့ပြီး အခုလည်း ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲ ကစားလို့အပြီးမှာပဲ ဂိုးဖန်တီးမှုကို ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ပေါ့ဘာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွင်းမှာပဲ ဂိုးဖန်တီးမှု ၄ ကြိမ်အထိပါ လုပ်ဆောင်နိုင်ခဲ့သလို ဆောက်သမ်တန်အသင်းနဲ့ စိန့်မေရီကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ချိန်မှာလည်း ဂရင်းဝုဒ်ရဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

ဝုလ်ဗ်အသင်းကို အနိုင်ခဲ့ရတဲ့ ပွဲစဉ် ၃ မှာသာ ဂရင်းဝုဒ်ရဲ့ အနိုင်ဂိုးကို ပေါ့ဘာ မဖန်တီးနိုင်ခဲ့တာ ဖြစ်ပေမယ့် မနေ့ညက ပွဲစဉ်အတွင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ အလန်းစားသွင်းဂိုးနဲ့ လင်ဂတ်ရဲ့ ပွဲသိမ်းအနိုင်ဂိုးတွေအားလုံးကို ပေါ့ဘာက ဖန်တီးပေးနိုင်ခဲ့တာကြောင့် အခုဆိုရင် သူရဲ့ ဂိုးဖန်တီးမှုက ၇ ကြိမ်အထိကို ရှိလာခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် နယူးကာဆဲလ််နဲ့ ပွဲစဉ်မှာ အသင်းနဲ့ နှစ်ပေါင်းများစွာအကြာမှ ပြန်လည်လက်တွဲခဲ့တဲ့ ရော်နယ်လ်ဒိုလည်း ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ Assist King ဖြစ်လို့နေတဲ့ ပေါ့ဘာကလည်း သူရဲ့ Assist ၂ ကြိမ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းက အနာဂတ် လှုပ်ခတ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စာချုပ်ကလဲလပိုင်းသာ ကျန်ရှိနေပါတယ်။ ဒါကြောင့် အခုလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလျက်ရှိနေတဲ့ ပေါ့ဘာကိုတော့ ယူနိုက်တက်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဖွယ်မရှိပဲ အရသက်တမ်းတိုးဖွယ်သာ ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာက ဒီႏွစ္ေဘာလုံးရာသီအတြင္းမွာ သူရဲ႕ဂိုးဖန္တီးမႈစြမ္းရည္ကို အေကာင္းဆုံး ျပသထားနိုင္္ခဲ့ၿပီး အခုလည္း ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲ ကစားလို႔အၿပီးမွာပဲ ဂိုးဖန္တီးမႈကို ၇ ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ပါတယ္။

ေပါ့ဘာဟာ လိဒ္စ္ယူနိုက္တက္အသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အတြင္းမွာပဲ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိပါ လုပ္ေဆာင္နိုင္ခဲ့သလို ေဆာက္သမ္တန္အသင္းနဲ႕ စိန႔္ေမရီကြင္းမွာ သြားေရာက္ရင္ဆိုင္ခဲ့ခ်ိန္မွာလည္း ဂရင္းဝုဒ္ရဲ႕ ေခ်ပဂိုးကို ဖန္တီးေပးနိုင္ခဲ့ပါေသးတယ္။

ဝုလ္ဗ္အသင္းကို အနိုင္ခဲ့ရတဲ့ ပြဲစဥ္ ၃ မွာသာ ဂရင္းဝုဒ္ရဲ႕ အနိုင္ဂိုးကို ေပါ့ဘာ မဖန္တီးနိုင္ခဲ့တာ ျဖစ္ေပမယ့္ မေန႕ညက ပြဲစဥ္အတြင္းမွာေတာ့ ဖာနန္ဒက္စ္ရဲ႕ အလန္းစားသြင္းဂိုးနဲ႕ လင္ဂတ္ရဲ႕ ပြဲသိမ္းအနိုင္ဂိုးေတြအားလုံးကို ေပါ့ဘာက ဖန္တီးေပးနိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ သူရဲ႕ ဂိုးဖန္တီးမႈက ၇ ႀကိမ္အထိကို ရွိလာခဲ့ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ နယူးကာဆဲလ္္နဲ႕ ပြဲစဥ္မွာ အသင္းနဲ႕ ႏွစ္ေပါင္းမ်ားစြာအၾကာမွ ျပန္လည္လက္တြဲခဲ့တဲ့ ေရာ္နယ္လ္ဒိုလည္း ဂိုး ၂ ဂိုး သြင္းယူနိုင္ခဲ့သလို အသင္းရဲ႕ Assist King ျဖစ္လို႔ေနတဲ့ ေပါ့ဘာကလည္း သူရဲ႕ Assist ၂ ႀကိမ္ကို အေကာင္းဆုံး လုပ္ေဆာင္နိုင္ခဲ့ပါတယ္။

ေပါ့ဘာဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္အတြင္းက အနာဂတ္ လႈပ္ခတ္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး စာခ်ဳပ္ကလဲလပိုင္းသာ က်န္ရွိေနပါတယ္။ ဒါေၾကာင့္ အခုလို စြမ္းေဆာင္ရည္ေကာင္းေတြ ျပသလ်က္ရွိေနတဲ့ ေပါ့ဘာကိုေတာ့ ယူနိုက္တက္ဘက္က အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ လက္လြတ္ဖြယ္မရွိပဲ အရသက္တမ္းတိုးဖြယ္သာ ရွိေနပါတယ္။