Unicode Version
နာပိုလီအသင်းဟာ ယမန်နေ့ညက ဂျူဗင်တပ်စ်ကို ၂-၁ဂိုးနဲ့ အနိုင်ယူကာ ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၀မိနစ်မှာ ဂျူဗင်တပ်စ်က ဦးဆောင်ဂိုးရခဲ့ပြီး မိုရာတာက ဂိုးသမား အော့စပီနာနဲ့ ၁ယောက်ချင်းတွေ့ချိန် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ နာပိုလီက တောက်လျောက် ဖိအားပေးကစားခဲ့ပေမဲ့ ၁၀ကြိမ် ဂိုးပေါက် ကန်ရာမှာ ၂ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ဦးဆောင်ဂိုး ရခဲ့ပြီးနောက် ကူလူဆက်ဗ်စကီး အခွင့်အရေး ထပ်ရပေမဲ့ အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။
ဂျူဗီတို့ ဆက်ထိန်းထားနိုင်ခဲ့ပေမဲ့ ခံစစ်ပိုင်းအမှားကြောင့် နာပိုလီကို ချေပဂိုး ခွင့်ပြုခဲ့ရပါတယ်။ အင်ဆစ်ဂ်နီရဲ့ ကန်ချက်ကို ဂိုးသမား ဆက်ဂ်ဇနီ ကာကွယ်ရာမှာ လွတ်ကျသွားခဲ့တာကြောင့် ပိုလီတာနိုက နာပိုလီအတွက် ချေပဂိုးအဖြစ် အနီးကပ် ပိတ်သွင်းခဲ့ပါတယ်။
သိပ်မကြာခင်မှာတော့ နောက်ထပ် ခံစစ်အမှားတစ်ခုကြောင့် ဂျူဗီတို့ ပေးဆပ်မှု ကြီးမားခဲ့ရပါတယ်။ ထောင့်ကန်ဘော ကာကွယ်ရာမှာ မွိုက်စ်ကိန်း ကိုယ့်ဂိုးထဲကိုယ် ခေါင်းတိုက်သွင်းမိခဲ့ပြီး ဆက်ဂ်ဇနီ ကာကွယ်နိုင်ခဲ့ပေမဲ့ ကူလီဘာလေက ပိတ်သွင်းသွားခဲ့ပါတယ်။
အဆိုပါ ရလဒ်ကြောင့် နာပိုလီတို့ဟာ ၃ ပွဲကစား ၃ ပွဲ နိုင်ဖြင့် အီတလီစီးရီးအေရဲ့ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ကာ ဂျူဗင်တပ်စ်ကတော့ ၃ပွဲကစား ရမှတ် ၁ မှတ်ဖြင့် တန်းဆင်းဇုန်ရဲ့ အထက်မှာသာ ရှိနေခဲ့ပါတယ်။
Zawgyi Version
နာပိုလီအသင္းဟာ ယမန္ေန႕ညက ဂ်ဴဗင္တပ္စ္ကို ၂-၁ဂိုးနဲ႕ အနိုင္ယူကာ ဇယားထိပ္ဆုံးမွာ ရပ္တည္နိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၁၀မိနစ္မွာ ဂ်ဴဗင္တပ္စ္က ဦးေဆာင္ဂိုးရခဲ့ၿပီး မိုရာတာက ဂိုးသမား ေအာ့စပီနာနဲ႕ ၁ေယာက္ခ်င္းေတြ႕ခ်ိန္ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။
ပြဲအစပိုင္းမွာ နာပိုလီက ေတာက္ေလ်ာက္ ဖိအားေပးကစားခဲ့ေပမဲ့ ၁၀ႀကိမ္ ဂိုးေပါက္ ကန္ရာမွာ ၂ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္က ဦးေဆာင္ဂိုး ရခဲ့ၿပီးေနာက္ ကူလူဆက္ဗ္စကီး အခြင့္အေရး ထပ္ရေပမဲ့ အသုံးခ်နိဳင္ခဲ့ျခင္း မရွိပါဘူး။
ဂ်ဴဗီတို႔ ဆက္ထိန္းထားနိုင္ခဲ့ေပမဲ့ ခံစစ္ပိုင္းအမွားေၾကာင့္ နာပိုလီကို ေခ်ပဂိုး ခြင့္ျပဳခဲ့ရပါတယ္။ အင္ဆစ္ဂ္နီရဲ႕ ကန္ခ်က္ကို ဂိုးသမား ဆက္ဂ္ဇနီ ကာကြယ္ရာမွာ လြတ္က်သြားခဲ့တာေၾကာင့္ ပိုလီတာနိုက နာပိုလီအတြက္ ေခ်ပဂိုးအျဖစ္ အနီးကပ္ ပိတ္သြင္းခဲ့ပါတယ္။
သိပ္မၾကာခင္မွာေတာ့ ေနာက္ထပ္ ခံစစ္အမွားတစ္ခုေၾကာင့္ ဂ်ဴဗီတို႔ ေပးဆပ္မႈ ႀကီးမားခဲ့ရပါတယ္။ ေထာင့္ကန္ေဘာ ကာကြယ္ရာမွာ မြိုက္စ္ကိန္း ကိုယ့္ဂိုးထဲကိုယ္ ေခါင္းတိုက္သြင္းမိခဲ့ၿပီး ဆက္ဂ္ဇနီ ကာကြယ္နိုင္ခဲ့ေပမဲ့ ကူလီဘာေလက ပိတ္သြင္းသြားခဲ့ပါတယ္။
အဆိုပါ ရလဒ္ေၾကာင့္ နာပိုလီတို႔ဟာ ၃ ပြဲကစား ၃ ပြဲ နိုင္ျဖင့္ အီတလီစီးရီးေအရဲ႕ ဇယားထိပ္မွာ ရပ္တည္နိုင္ခဲ့ကာ ဂ်ဴဗင္တပ္စ္ကေတာ့ ၃ပြဲကစား ရမွတ္ ၁ မွတ္ျဖင့္ တန္းဆင္းဇုန္ရဲ႕ အထက္မွာသာ ရွိေနခဲ့ပါတယ္။