Unicode Version
အဲဗာတန်အသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန် ကတော့ အဲဗာတန်အသင်းရဲ့ မြို့ခံပြိုင်ဘက် လီဗာပူးအသင်းရဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဗန်ဒိုက်ဟာ သတင်းစာ မီဒီယာတွေက ဖော်ပြနေသလို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး မဟုတ်ကြောင်း ပြောဆို လိုက်ပါတယ်။
ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူ တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ဆီ ထိပ်တန်း ခံစစ်မှူးတွေဖြစ်တဲ့ သီယာဂို ဆေးလ်ဗား ၊ ရာဖေးလ် ဗာရန်း ၊ ရူဘင် ဒီယက်ဇ်တို့ ရောက်လာချိန်မှာ ဘယ်သူက အကောင်းဆုံး ခံစစ်မှူးလဲဆိုတာ တဖန်ပြန်လည် ပြိုင်ဆိုင်ရဖွယ် ရှိပါတယ်။
အဲဗာတန်အသင်းရဲ့ ဘရာဇီး လက်ရွေးစင်တိုက်စစ်မှူး ရစ်ချာလီဆန်ကလည်း ဗန်ဒိုက်ဟာ ထိပ်တန်း ခံစစ်မှူး တဦး ဆိုတာ လက်ခံပေမယ့် ပီအက်စ်ဂျီ အသင်းရဲ့ ခံစစ်မှူး ရာမို့စ် ၊ ဘရာဇီးလက်ရွေးစင် နိုင်ငံအသင်းဖော် သီယာဂို ဆေးလ်ဗားနဲ့ မာကွင်ဟိုတို့လောက် မကောင်းဘူးလို့ ဆိုလိုက်ပါတယ်။
ရစ်ချာလီဆန်က “အင်္ဂလန်မှာ ရှိတဲ့ လူတိုင်းနီးပါးက လီဗာပူးကို မုန်းတီးကြပါတယ်။ ပြီးတော့ လူတိုင်းက ဗန်ဒိုက်ကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ မဟုတ်ပါဘူး။ သီယာဂို ဆေးလ်ဗား ၊ မာကွင်ဟိုနဲ့ ဆာဂျီယို ရာမို့စ်တို့ အားလုံးက သူ့ထက် ပိုကောာင်းတဲ့ နောက်ခံလူတွေပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။
Zawgyi Version
အဲဗာတန္အသင္းရဲ႕ ဘရာဇီးလက္ေ႐ြးစင္ တိုက္စစ္မႉး ရစ္ခ်ာလီဆန္ ကေတာ့ အဲဗာတန္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ လီဗာပူးအသင္းရဲ႕ နယ္သာလန္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗန္ဒိုက္ဟာ သတင္းစာ မီဒီယာေတြက ေဖာ္ျပေနသလို ကမာၻ႔အေကာင္းဆုံး ခံစစ္မႉး မဟုတ္ေၾကာင္း ေျပာဆို လိုက္ပါတယ္။
ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေနာက္ခံလူ တဦး အျဖစ္ အမ်ားရဲ႕ သတ္မွတ္ျခင္းကို ခံခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ဆီ ထိပ္တန္း ခံစစ္မႉးေတြျဖစ္တဲ့ သီယာဂို ေဆးလ္ဗား ၊ ရာေဖးလ္ ဗာရန္း ၊ ႐ူဘင္ ဒီယက္ဇ္တို႔ ေရာက္လာခ်ိန္မွာ ဘယ္သူက အေကာင္းဆုံး ခံစစ္မႉးလဲဆိုတာ တဖန္ျပန္လည္ ၿပိဳင္ဆိုင္ရဖြယ္ ရွိပါတယ္။
အဲဗာတန္အသင္းရဲ႕ ဘရာဇီး လက္ေ႐ြးစင္တိုက္စစ္မႉး ရစ္ခ်ာလီဆန္ကလည္း ဗန္ဒိုက္ဟာ ထိပ္တန္း ခံစစ္မႉး တဦး ဆိုတာ လက္ခံေပမယ့္ ပီအက္စ္ဂ်ီ အသင္းရဲ႕ ခံစစ္မႉး ရာမို႔စ္ ၊ ဘရာဇီးလက္ေ႐ြးစင္ နိုင္ငံအသင္းေဖာ္ သီယာဂို ေဆးလ္ဗားနဲ႕ မာကြင္ဟိုတို႔ေလာက္ မေကာင္းဘူးလို႔ ဆိုလိုက္ပါတယ္။
ရစ္ခ်ာလီဆန္က “အဂၤလန္မွာ ရွိတဲ့ လူတိုင္းနီးပါးက လီဗာပူးကို မုန္းတီးၾကပါတယ္။ ၿပီးေတာ့ လူတိုင္းက ဗန္ဒိုက္ကို ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ သူက ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူ မဟုတ္ပါဘူး။ သီယာဂို ေဆးလ္ဗား ၊ မာကြင္ဟိုနဲ႕ ဆာဂ်ီယို ရာမို႔စ္တို႔ အားလုံးက သူ႕ထက္ ပိုေကာာင္းတဲ့ ေနာက္ခံလူေတြပါ” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။