Spots news
ပါတေးပြန်ကစားနိုင်၍ ထိပ်ဆုံးခြောက်သင်းပြန်ဝင်မယ်လို့ အာဆင်နယ်ပရိတ်သတ်များ ယုံကြည်
Unicode Version
စနေညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောဝစ်ခ်ျ အသင်းကို ၁-၀ ဖြင့် အာဆင်နယ်ဟာ အနိုင်ရယူခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေးလဲ
ပြန်လည်ပါဝင် လာပါတယ်။ ပါတေးဟာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြို ရန်ပုံငွေပွဲမှာ ဒဏ်ရာရခဲ့မှုကြောင့် အာဆင်ယ်အသင်းရဲ့ အဖွင့်၃ပွဲကို လွဲချော်ခဲ့ပါတယ်။
သူအနေနဲ့ ကွင်းထဲဝင်လာပြီး မကြာခင်မှာဘဲ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်း ဂိုးပေါက်ရှာတွေ့သွားခဲ့ပြီး အဆုံးမှာ အနိုင် ၃မှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။
အသင်းကလဲ ယခုရာသီမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့သလို ပါတေးလဲ ပြန်လည် ကစားနိုင်ခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်များက ပျော်ရွှင်လျက် ရှိနေသည်။
အာဆင်နယ်ပရိသတ်များရဲ့ မှတ်ချက်စကားတွေက အောက်ပါအတိုင်းဖြစ်သည်။ပါတေးက ပွဲအဖြေ ပြောင်းလဲသူပါဘဲ အာဆင်နယ်ပြန်လာပါပြီ ပါတေးက အာဆင်နယ်ရဲ့
အရေးပါဆုံး ကစားသမားတစ်ဦးပါ သူအနေနဲ့ ကြံခိုင်မှု ရနေတာ ကောင်းပါတယ်။ ပါတေးက ထူးချွန်တဲ့ ကစားသမားပါ ကျွန်တော်တို့သူနဲ့သာ ပွဲထွက်ကစားနိုင်ခဲ့ရင် ၄ဂိုးလောက် ရခဲ့နိုင်ပါတယ်။
ပါတေးက သူဘေးမှာ ထိပ်တန်းကစားသမားတွေ ဝန်းရံပေးရုံနဲ့ပေါက်ကွဲပြနိုင်တယ်ဆိုတာ သံသယမရှိပါဘူး။ ပါတေးသာ ကြံခိုင်မှု ရနေရင် အာဆင်နယ်အနေနဲ့ထိပ်ဆုံး ၆သင်းဝင်အောင် ကစားနိုင်ပါတယ် စသဖြင့် ရေးသားခဲ့ကြပါတယ်။
Zawgyi Version