Spots news

ယူနိုက်တက်မှာ ရော်နယ်ဒို အသက်၄၀ အထိ ကစားနိုင်လိမ့်မည်ဟု ရွန်းနီပြော

Unicode Version

လက်ရှိတွင် ဒါဘီအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေသော မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုအနေဖြင့် အသက် ၄၀ အထိ ကစားနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အသင်းရဲ့ ကစားသမားဟောင်း ပေါ်တူဂီဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းထံမှ ကနဦး ပေါင် ၁၂ သန်းအပြင် အပိုဆုကြေး ပေါင် ရှစ်သန်း ဖြင့် ပြန်လည်ခေါ်ယူခဲ့ပါတယ်။

မနေ့ညက အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ နယူကာဆယ်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက စတင်ပွဲထွက် ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာတင် ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုနှင့်အတူ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ငါးရာသီကြာ တွဲဖက်ကစားခဲ့ဖူးတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ရွန်နီက ရော်နယ်ဒိုရဲ့ ကစားပုံနှင့်ဆိုလျှင် အသက် ၄၀ အရွယ်ထိ ကစားနိုင်စွမ်းရှိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရွန်နီက ” ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကစားခဲ့တုန်းက တစ်ကွင်းလုံး ပြေးလွှားကစားခဲ့သလို အလိမ်အခေါက်တွေလည်း အများကြီးပြုလုပ်ခဲ့ပါတယ်။ သူဟာ အဲဒီတုန်းက မြန်နှုန်းမြင့်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရော်နယ်ဒိုဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး ဖြစ်နေပါပြီ။

သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အံဝင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သူ့အနေနဲ့ ခန္ဓာကိုယ်ကို အထူးဂရုစိုက်တာကြောင့် လက်ရှိအချိန်အထိ သူဟာ အကောင်းဆုံးအနေအထားမှာ ရှိနေဆဲဖြစ်ပြီး ရိုင်ယန်ဂစ်လိုပဲ အသက် ၄၀ အထိ ကစားကာ ဂိုးတွေအများကြီး သွင်းယူနိုင်ဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

လက္ရွိတြင္ ဒါဘီအသင္းရဲ႕ နည္းျပအျဖစ္ ေဆာင္႐ြက္ေနေသာ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း ၀ိန္း႐ြန္နီက ယူနိုက္တက္ကို ျပန္ေရာက္လာတဲ့ အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုအေနျဖင့္ အသက္ ၄၀ အထိ ကစားနိုင္စြမ္းရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသက္ ၃၆ ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္တဲ့ အသင္းရဲ႕ ကစားသမားေဟာင္း ေပၚတူဂီဝါရင့္တိုက္စစ္မႉး ေရာ္နယ္ဒိုကို ဂ်ဴဗင္တပ္စ္အသင္းထံမွ ကနဦး ေပါင္ ၁၂ သန္းအျပင္ အပိုဆုေၾကး ေပါင္ ရွစ္သန္း ျဖင့္ ျပန္လည္ေခၚယူခဲ့ပါတယ္။

မေန႕ညက အိမ္ကြင္း အိုးထရတ္ဖိုဒ့္မွာ နယူကာဆယ္အသင္းကို ၄-၁ ဂိုးျဖင့္ အနိုင္ရခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုက စတင္ပြဲထြက္ ပါဝင္ကစားခဲ့ၿပီး အသင္းအတြက္ ၂ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အဖြင့္ပြဲမွာတင္ ေျခစြမ္းျပနိုင္ခဲ့ကာ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ၿပီး ပရိသတ္ေတြကို ၿပဳံးေပ်ာ္ေစခဲ့ပါတယ္။

ယူနိုက္တက္အသင္းမွာ ေရာ္နယ္ဒိုႏွင့္အတူ ၂၀၀၄ ခုႏွစ္မွ ၂၀၀၉ ခုႏွစ္အထိ ငါးရာသီၾကာ တြဲဖက္ကစားခဲ့ဖူးတဲ့ အဂၤလန္ တိုက္စစ္မႉးေဟာင္း ႐ြန္နီက ေရာ္နယ္ဒိုရဲ႕ ကစားပုံႏွင့္ဆိုလွ်င္ အသက္ ၄၀ အ႐ြယ္ထိ ကစားနိုင္စြမ္းရွိေၾကာင္း ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။

႐ြန္နီက ” ေရာ္နယ္ဒိုဟာ ယူနိုက္တက္မွာ ကစားခဲ့တုန္းက တစ္ကြင္းလုံး ေျပးလႊားကစားခဲ့သလို အလိမ္အေခါက္ေတြလည္း အမ်ားႀကီးျပဳလုပ္ခဲ့ပါတယ္။ သူဟာ အဲဒီတုန္းက ျမန္ႏႈန္းျမင့္ကစားသမားတစ္ဦး ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉး ျဖစ္ေနပါၿပီ။

သူ႕အေနနဲ႕ ပရီးမီးယားလိဂ္မွာ အလ်င္အျမန္ အံဝင္မယ္လို႔ ကြၽန္ေတာ္ ယူဆပါတယ္။ သူ႕အေနနဲ႕ ခႏၶာကိုယ္ကို အထူးဂ႐ုစိုက္တာေၾကာင့္ လက္ရွိအခ်ိန္အထိ သူဟာ အေကာင္းဆုံးအေနအထားမွာ ရွိေနဆဲျဖစ္ၿပီး ရိုင္ယန္ဂစ္လိုပဲ အသက္ ၄၀ အထိ ကစားကာ ဂိုးေတြအမ်ားႀကီး သြင္းယူနိုင္ဦးမယ္လို႔ ထင္ပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။