Spots news

ချဲဆီးကထွက်ခွာခဲ့ပါက ဘာစီလိုနာကို နည်းပြချင်တဲ့ လမ်းပတ်

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖြစ်ရင် စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းကို ကိုင်တွယ်ချင်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားပါတယ်။

လက်ရှိ ချဲလ်ဆီးအသင်း နည်းပြ လမ်းပတ်ဟာ  ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဖြစ်ပြီး နည်းပြဆာရီ နေရာကို အစားထိုးဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကစားသမား ဝယ်ယူခွင့် ပိတ်ခံထားရတဲ့ ရာသီမှာ အသင်းရဲ့ ရှိရင်းစွဲ လူငယ်တွေကို အသုံးချပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူပေးခဲ့သူပါ။

လမ်းပတ်ဟာ ကစားသမား ဘဝမှာ အောင်မြင် ခဲ့သူ ဖြစ်ပြီး IQ မြင့်မားတဲ့ ဘောလုံးသမားတစ်‌ယောက် အဖြစ် သတ်မှတ်ခံထားရသူပါ။ သူ့ရဲ့ ဘောလုံး အယူအဆ တွေဟာ လူငယ်ကစားသမား တွေပေါ်မှာ အတော်လေး လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် နည်းပြလောက အစမှာပဲ ချဲလ်ဆီး လိုအသင်းကြီး ကိုင်တွယ်ရာမှာ နည်းစနစ် လိုအပ်ချက်များ ရှိနေသေးကြောင်း  သိသာခဲ့သူပါ။

စပိန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Guillem Balague သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာရရင် ဘာစီလိုနာ အသင်းကို နည်းပြဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

လမ်းပတ်ဟာ ကစားသမားဘဝမှာ ဘာစီလိုနာကို ပြောင်းရွေ့ချင်ကြောင်း ဝန်ခံခဲ့ဘူးပါတယ်။
လက်ရှိ အချိန်မှာတော့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရော်နယ်ကိုးမန်းကို နည်းပြသစ် အဖြစ် ခန့်အပ် ထားတာကြောင့် လမ်းပတ်အနေနဲ့ ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်ဖို့ အတွက် နှစ်အတော်ကြာ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပျဖစ္သူ လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္း ကေန ထြက္ခြာျဖစ္ရင္ စပိန္ အင္အားႀကီး အသင္းတစ္သင္း ျဖစ္တဲ့ ဘာစီလိုနာ အသင္းကို ကိုင္တြယ္ခ်င္ေနေၾကာင္း စပိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပ သြားပါတယ္။

လက္ရွိ ခ်ဲလ္ဆီးအသင္း နည္းျပ လမ္းပတ္ဟာ  ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္ၿပီး နည္းျပဆာရီ ေနရာကို အစားထိုးဝင္ေရာက္ခဲ့သူ ျဖစ္ပါတယ္။ ကစားသမား ဝယ္ယူခြင့္ ပိတ္ခံထားရတဲ့ ရာသီမွာ အသင္းရဲ႕ ရွိရင္းစြဲ လူငယ္ေတြကို အသုံးခ်ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူေပးခဲ့သူပါ။

လမ္းပတ္ဟာ ကစားသမား ဘဝမွာ ေအာင္ျမင္ ခဲ့သူ ျဖစ္ၿပီး IQ ျမင့္မားတဲ့ ေဘာလုံးသမားတစ္‌ေယာက္ ျဖစ္သူအျဖစ္ သတ္မွတ္ခံထားရသူပါ။ သူ႕ရဲ႕ ေဘာလုံး အယူအဆ ေတြဟာ လူငယ္ကစားသမား ေတြေပၚမွာ အေတာ္ေလး လႊမ္းမိုးနိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ နည္းျပေလာက အစမွာပဲ ခ်ဲလ္ဆီး လိုအသင္းႀကီး ကိုင္တြယ္ရာမွာ နည္းစနစ္ လိုအပ္ခ်က္မ်ား ရွိေနေသးေၾကာင္း သိသာခဲ့သူပါ။

စပိန္ အေျခစိုက္ သတင္းဌာန တစ္ခု ျဖစ္တဲ့ Guillem Balague သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရေတာ့ လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္း ကေန ထြက္ခြာရရင္ ဘာစီလိုနာ အသင္းကို နည္းျပဖို႔ အတြက္ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

လမ္းပတ္ဟာ ကစားသမားဘဝမွာ ဘာစီလိုနာကို ေျပာင္းေ႐ြ႕ခ်င္ေၾကာင္း ဝန္ခံခဲ့ဘူးပါတယ္။
လက္ရွိ အခ်ိန္မွာေတာ့ ဘာစီလိုနာ အသင္းဟာ သူတို႔အသင္းရဲ႕ ဂႏၲဝင္ ကစားသမားႀကီး ေရာ္နယ္ကိုးမန္းကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ ထားတာေၾကာင့္ လမ္းပတ္အေနနဲ႕ ဘာစီလိုနာ အသင္းရဲ႕ နည္းျပ ျဖစ္လာနိုင္ဖို႔ အတြက္ ႏွစ္အေတာ္ၾကာ ေစာင့္ဆိုင္းရဖြယ္ ရွိပါတယ္။