Spots news

ဖာနန်ဒင်ဟိုရဲ့နေရာ အစားထိုးဖို့ မန်ယူရဲ့ ပစ်မှတ်ကို ခေါ်ယူမယ့် မန်စီးတီး

Unicode Version

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဝါရင့်ကွင်းလယ် ကစားသမား ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ အဓိကပစ်မှတ်ဖြစ်တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအပါအဝင် ယူနိုက်တက် မန်စီးတီးအသင်းတွေကနေ ပစ်မှတ်ထားခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က သူတို့ကစားသမားအတွက် သန်း ၁၀၀ အထိ သတ်မှတ်ခဲ့တာကြောင့် လက်တွန့်ခဲ့ကြပါတယ်။

ဒါပေမယ့် ရိုက်စ်ကို လက်ရှိမှာ ယူနိုက်တက်အသင်းကနေ လာမယ့်နွေစျေးကွက်အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေချိန် ယူနိုက်တက်အသင်းနဲ့အပြိုင် မြို့ခံမန်စီးတီးအသင်းကလည်း ရိုက်စ်ကို အပြိုင်ခေါ်ယူဖို့ စတင်ပြင်ဆင်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယခုဘောလုံးရာသီအကုန်မှာ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို အသင်းကနေ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတာကြောင့် အစားထိုးဖို့ ဒက်ကလန်ရိုက်စ်လို ငယ်ရွှယ်ပြီး ပရီးမီးယားလိဂ် အတွေ့ကြုံရင့် ကွင်းလယ်ကစားသမားမျိုးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအပြင် အင်္ဂလန်အသင်းမှာပါ ပုံစံကောင်းတွေပြနေပြီး ကွင်းလယ်ကနေ ခံစစ်ကိုလိုက်ကူပေးတဲ့နေရာမှာ လျင်မြန်ရုံသာမက ရှေ့တက်ပြီး ကန်သွင်းရာမှာလည်းကောင်းမွန်တာမို့ ကွင်းလယ်ခံစစ် လိုအပ်နေတဲ့ ယူနိုက်တက်တို့ကတော့ မရရအောင်ခေါ်ယူသွားဖို့ရှိနေပါတယ်။

ဒက်ကလန်ရိုက်စ် ကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းအသင်းနဲ့ လမ်းခွဲချင်နေပြီး သူ့ကို အလိုရှိ်နေတဲ့ ကလပ်အသင်းကြီးတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းထားမှုကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ် ကစားချင်တဲ့ ရိုက်စ်အနေနဲ့ လာမယ့်နွေစျေးကွက်မှာ အပြိုင်ကမ်းလှမ်းမှူတွေ ပြုလုပ် သွားမယ့် မြို့ခံပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

 

Zawgyi Version


အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအပါအဝင် ယူနိုက်တက် မန်စီးတီးအသင်းတွေကနေ ပစ်မှတ်ထားခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က သူတို့ကစားသမားအတွက် သန်း ၁၀၀ အထိ သတ်မှတ်ခဲ့တာကြောင့် လက်တွန့်ခဲ့ကြပါတယ်။

ဒါပေမယ့် ရိုက်စ်ကို လက်ရှိမှာ ယူနိုက်တက်အသင်းကနေ လာမယ့်နွေဈေးကွက်အတွက် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေချိန် ယူနိုက်တက်အသင်းနဲ့အပြိုင် မြို့ခံမန်စီးတီးအသင်းကလည်း ရိုက်စ်ကို အပြိုင်ခေါ်ယူဖို့ စတင်ပြင်ဆင်လာခဲ့ပါတယ်။



ဒက်ကလန်ရိုက်စ် ကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းအသင်းနဲ့ လမ်းခွဲချင်နေပြီး သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းကြီးတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းထားမှုကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ် ကစားချင်တဲ့ ရိုက်စ်အနေနဲ့ လာမယ့်နွေဈေးကွက်မှာ အပြိုင်ကမ်းလှမ်းမှူတွေ ပြုလုပ် သွားမယ့် မြို့ခံပြိုင်ဘက် နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။