Spots news

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အဓိကထား ရယူသွားမယ်လို့ ရော်နယ်ဒိုပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည် ရောက်ရှိလာပြီး ပွဲဦးထွက်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို အဓိက ရယူနိုင်ဖို့ ကြိုးစားသွားမှာလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကြံ့ခိုင်မှု အသားပေးပြီး အရှိန်အဟုန်နဲ့

ကစားလေ့ရှိတာကြောင့် အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ဆိုတဲ့ ထင်မြင်ချက်တွေ ရှိခဲ့ပေမယ့် ပထမပွဲဦးထွက်မှာပဲ ၂ ဂိုးသွင်းကာ ရော်နယ်ဒို ကတော့ သူ့အသက်အရွယ်ကို ဂရုမစိုက်ကြောင်း အလုပ်နဲ့ ဝေဖန်သူတွေကို သက်သေပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းဟောင်းအတွက် ပထမဆုံး ပြန်လည်ပွဲထွက်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ပွဲစဉ် အပြီးမှာတော့ တိုက်စစ်မှူး ရော်နယ်ဒိုက သူတို့အသင်းဟာ ချန်ပီယံ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး ခြေစွမ်းကောင်းမွန်တဲ့ လူငယ် ကစားသမားတွေ များပြားတာကြောင့် ပွဲစဉ်တိုင်းအတွက် တည်ငြိမ် ရင့်ကျက်မှုသာ အဓိက ဆုဖလားတွေကို ရယူနိုင်မယ်လို့ ပြောခဲ့ပါတယ်

ရော်နယ်ဒိုက “ အခုဆိုရင် အောင်မြင်မှု များစွာကို ရယူနိုင်တဲ့ အသင်းဖြစ်နေပြီး အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ နည်းပြကောင်းလည်း ရှိတယ်။ အသင်းရဲ့ လူငယ်ကစားသမားတွေအနေနဲ့ ပွဲစဉ်တိုင်းကို ရင့်ကျတ်တဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရမှာပါ။ ချန်ပီယံလိဂ်ဖလား ရောပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ျပန္လည္ ေရာက္ရွိလာၿပီး ပြဲဦးထြက္မွာတင္ သြင္းဂိုး ၂ဂိုး သြင္းယူေပးနိုင္ခဲ့တဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ ယခုႏွစ္ ေဘာလုံးရာသီမွာ ယူနိုက္တက္အေနနဲ႕ ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ ဆုဖလားေတြကို အဓိက ရယူနိုင္ဖို႔ ႀကိဳးစားသြားမွာလို႔ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္း ကေန အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅သန္းနဲ႕ ျပန္လည္ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲဟာ ႀကံ့ခိုင္မႈ အသားေပးၿပီး အရွိန္အဟုန္နဲ႕

ကစားေလ့ရွိတာေၾကာင့္ အသက္ ၃၆ႏွစ္ အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုအေနနဲ႕ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပနိုင္ဖို႔ ႐ုန္းကန္ရလိမ့္မယ္ ဆိုတဲ့ ထင္ျမင္ခ်က္ေတြ ရွိခဲ့ေပမယ့္ ပထမပြဲဦးထြက္မွာပဲ ၂ ဂိုးသြင္းကာ ေရာ္နယ္ဒို ကေတာ့ သူ႕အသက္အ႐ြယ္ကို ဂ႐ုမစိုက္ေၾကာင္း အလုပ္နဲ႕ ေဝဖန္သူေတြကို သက္ေသျပခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းက နယူးကာဆယ္အသင္းကို ၄-၁ နဲ႕ အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းေဟာင္းအတြက္ ပထမဆုံး ျပန္လည္ပြဲထြက္ခဲ့ၿပီး အသင္းအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုး ၂ဂိုးကို သြင္းယူေပးနိုင္ခဲ့သလို ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကိုပါ ရရွိခဲ့ပါတယ္။

ပြဲစဥ္ အၿပီးမွာေတာ့ တိုက္စစ္မႉး ေရာ္နယ္ဒိုက သူတို႔အသင္းဟာ ခ်န္ပီယံ ဆုဖလားေတြကို စိန္ေခၚနိုင္တဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားၿပီး ေျခစြမ္းေကာင္းမြန္တဲ့ လူငယ္ ကစားသမားေတြ မ်ားျပားတာေၾကာင့္ ပြဲစဥ္တိုင္းအတြက္ တည္ၿငိမ္ ရင့္က်က္မႈသာ အဓိက ဆုဖလားေတြကို ရယူနိုင္မယ္လို႔ ေျပာခဲ့ပါတယ္

ေရာ္နယ္ဒိုက “ အခုဆိုရင္ ေအာင္ျမင္မႈ မ်ားစြာကို ရယူနိုင္တဲ့ အသင္းျဖစ္ေနၿပီး အရမ္းေကာင္းတဲ့ ကစားသမားေတြ ရွိတယ္။ နည္းျပေကာင္းလည္း ရွိတယ္။ အသင္းရဲ႕ လူငယ္ကစားသမားေတြအေနနဲ႕ ပြဲစဥ္တိုင္းကို ရင့္က်တ္တဲ့ စိတ္ဓာတ္နဲ႕ ရင္ဆိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္ ဆုဖလား ရမွာပါ။ ခ်န္ပီယံလိဂ္ဖလား ေရာပဲ” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။