Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အား စာချုပ်သစ်ချုပ်ဆိုရန်အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှု မရရှိသေးကြောင်း Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်းမှာ ခေါ်ယူထားပြီး အသင်းမှာ တစ်နှစ်ခွဲကျော်အထိ ကစားထားပြီး ခြေစွမ်းပြသနိုင်တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ စာချုပ်အား အသစ်ပြင်ဆင်ကာ စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။
သို့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူ မီဂွယ်လ်ပင်ဟိုက ပေါ်တူဂီ လက်ရွေးစင်ရဲ့ လစာငွေကို စာချုပ်သစ်မှာ တစ်ပတ် ယူရို ၃၅၀၀၀၀ အထိ ပေးရမည်ဟု ယူနိုက်တက် အသင်းတာဝန်ရှိသူတွေကို တောင်းဆိုနေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ စာချုပ်သစ်မှာ ဘရူနိုဖာနန်ဒက်စ် အနေနဲ့ အသင်းမှ ထွက်ခွာမည် ဆိုပါက ထွက်ခွင့်လျော်ကြေး ပေးချေ ရမည့် အချက်ကို ထည့်သွင်းလိုနေပြီး နှစ်ဦးနှစ်ဖက် လိုအပ်ချက်များအတွက် ဆွေးနွေးရာ၌ သဘောတူညီမှုမရကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၁၈ ဇန်နဝါရီလက ယူနိုက်တက်အသင်းသို့ ရောက်ရှိလာပြီး လက်ရှိစာချုပ် သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ဇွန်လအထိဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၈၄ မှာ ၄၄ ဂိုးအထိသွင်းကာ ၁၇ ဂိုး ဖန်တီးပေးထားသူပါ။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ေပၚတူဂီကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္အား စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူႏွင့္ ေဆြးေႏြးခဲ့ရာမွာ သေဘာတူညီမႈ မရရွိေသးေၾကာင္း Mirror သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ စပို႔တင္း လစၥဘြန္းမွာ ေခၚယူထားၿပီး အသင္းမွာ တစ္ႏွစ္ခြဲေက်ာ္အထိ ကစားထားၿပီး ေျခစြမ္းျပသနိုင္တဲ့ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ စာခ်ဳပ္အား အသစ္ျပင္ဆင္ကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ဆႏၵရွိေနျခင္းျဖစ္ပါတယ္။
သို႔ေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ ေအးဂ်င့္ျဖစ္သူ မီဂြယ္လ္ပင္ဟိုက ေပၚတူဂီ လက္ေ႐ြးစင္ရဲ႕ လစာေငြကို စာခ်ဳပ္သစ္မွာ တစ္ပတ္ ယူရို ၃၅၀၀၀၀ အထိ ေပးရမည္ဟု ယူနိုက္တက္ အသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုေနေၾကာင္း သိရွိရသည္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းကေတာ့ စာခ်ဳပ္သစ္မွာ ဘ႐ူနိုဖာနန္ဒက္စ္ အေနနဲ႕ အသင္းမွ ထြက္ခြာမည္ ဆိုပါက ထြက္ခြင့္ေလ်ာ္ေၾကး ေပးေခ် ရမည့္ အခ်က္ကို ထည့္သြင္းလိုေနၿပီး ႏွစ္ဦးႏွစ္ဖက္ လိုအပ္ခ်က္မ်ားအတြက္ ေဆြးေႏြးရာ၌ သေဘာတူညီမႈမရေၾကာင္း Mirror က ေဖာ္ျပခဲ့ပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ ေပၚတူဂီ လက္ေ႐ြးစင္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ၂၀၁၈ ဇန္နဝါရီလက ယူနိုက္တက္အသင္းသို႔ ေရာက္ရွိလာၿပီး လက္ရွိစာခ်ဳပ္ သက္တမ္းမွာ ၂၀၂၅ ခုႏွစ္အထိ ဇြန္လအထိျဖစ္ပါတယ္။ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၈၄ မွာ ၄၄ ဂိုးအထိသြင္းကာ ၁၇ ဂိုး ဖန္တီးေပးထားသူပါ။