Spots news

ရော်နယ်ဒို ရောက်ရှိလာပြီး ကာဗာနီချန်လှပ်ထားခံရမှုကို နည်းပြဆိုးရှား ဖြေရှင်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးရှားဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် ပထမဆုံး တကျော့ပြန် ပွဲထွက်ခွင့်ရတဲ့ ရော်နယ်ဒို ၊ ဆန်ချို နဲ့ ဂရင်းဝုဒ်တို့ကို ပွဲထုတ်ခဲ့ပြီး ဥရူဂွေး တိုက်စစ်မှူး ကာဗာနီကို အသင်းရဲ့ ကစားသမား စာရင်းမှ ချန်လှပ်ထားခဲ့ပါတယ်။

ရက်ဖို့ဒ်မှာ ဒဏ်ရာကြောင့် ရှေ့လအထိ အနားယူရမည်ဖြစ်ပြီး မာရှယ်က အရန်အဖြစ် ပါဝင်ခဲ့သော်လည်း ဝါရင့် တိုက်စစ်မှူး ကာဗာနီမှာမူ အသင်းစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ထို့ကြောင့် ဝေဖန်မှုများ ရှိခဲ့သော်လည်း ကာဗာနီ မပါဝင်ရခြင်းမှာ ကြံ့ခိုင်မှုပြဿနာကြောင့်ဖြစ်ကြောင်း ဆိုးရှားက ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက “ကာဗာနီက ပွဲကစားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ သူဟာ လေ့ကျင့်ရေးမှာ အသေးစား ထိခိုက်မှုတစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် မကြာခင် သက်သာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။ ကာဗာနီ မပါဝင်နိုင်သော်လည်း နယူးကာဆယ်ကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ယူနိုက်တက်ရဲ့ ဂျာစီရောင်းချမှုမှာ မျာစွာမြင့်တက်သွားခဲ့ပြီး ဂျာစီရောင်းရခြင်းမှ ငွေသန်းပေါင်း များစွာ ခွဲဝေ ရရှိခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်မှာ ဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၇ ဂျာစီကို အသင်းကို

တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒို ဝတ်ဆင်ရန် ပေးအပ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကာဗာနီဆီသို့ လူကြီးလူကောင်းပီသစွာ ဖုန်းဆက်၍ နံပါတ် ၇ ကိုတောင်းဆိုခဲ့တာ ဖြစ်ပြီး ကာဗာနီကလဲ ရော်နယ်ဒို ရောက်ရှိလာခြင်းအတွက် ဝမ်းသာကြောင်း ပြောဆိုခဲ့ကာ နံပါတ် ၂၁ ကိုပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးရွားဟာ နယူးကာဆယ္နဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္မွာ ယူနိုက္တက္ရဲ႕ တိုက္စစ္အတြက္ ပထမဆုံး တေက်ာ့ျပန္ ပြဲထြက္ခြင့္ရတဲ့ ေရာ္နယ္ဒို ၊ ဆန္ခ်ိဳ နဲ႕ ဂရင္းဝုဒ္တို႔ကို ပြဲထုတ္ခဲ့ၿပီး ဥ႐ူေဂြး တိုက္စစ္မႉး ကာဗာနီကို အသင္းရဲ႕ ကစားသမား စာရင္းမွ ခ်န္လွပ္ထားခဲ့ပါတယ္။

ရက္ဖို႔ဒ္မွာ ဒဏ္ရာေၾကာင့္ ေရွ႕လအထိ အနားယူရမည္ျဖစ္ၿပီး မာရွယ္က အရန္အျဖစ္ ပါဝင္ခဲ့ေသာ္လည္း ဝါရင့္ တိုက္စစ္မႉး ကာဗာနီမွာမူ အသင္းစာရင္းတြင္ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ ထို႔ေၾကာင့္ ေဝဖန္မႈမ်ား ရွိခဲ့ေသာ္လည္း ကာဗာနီ မပါဝင္ရျခင္းမွာ ႀကံ့ခိုင္မႈျပႆနာေၾကာင့္ျဖစ္ေၾကာင္း ဆိုးရွားက ရွင္းျပခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက “ကာဗာနီက ပြဲကစားဖို႔ အဆင္သင့္ မျဖစ္ေသးပါဘူး။ သူဟာ ေလ့က်င့္ေရးမွာ အေသးစား ထိခိုက္မႈတစ္ခုရွိခဲ့ပါတယ္။ ဒါေပမယ့္ မၾကာခင္ သက္သာမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။ ကာဗာနီ မပါဝင္နိုင္ေသာ္လည္း နယူးကာဆယ္ကို ၄-၁ ျဖင့္ အနိုင္ရရွိခဲ့ၿပီး ေရာ္နယ္ဒိုက ႏွစ္ဂိုးသြင္းနိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ ယူနိုက္တက္ရဲ႕ ဂ်ာစီေရာင္းခ်မႈမွာ မ်ာစြာျမင့္တက္သြားခဲ့ၿပီး ဂ်ာစီေရာင္းရျခင္းမွ ေငြသန္းေပါင္း မ်ားစြာ ခြဲေဝ ရရွိခဲ့ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉး ကာဗာနီဟာ ယူနိုက္တက္မွာ ဝတ္ဆင္ထားတဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို အသင္းကို

တေက်ာ့ျပန္ ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဝတ္ဆင္ရန္ ေပးအပ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ကာဗာနီဆီသို႔ လူႀကီးလူေကာင္းပီသစြာ ဖုန္းဆက္၍ နံပါတ္ ၇ ကိုေတာင္းဆိုခဲ့တာ ျဖစ္ၿပီး ကာဗာနီကလဲ ေရာ္နယ္ဒို ေရာက္ရွိလာျခင္းအတြက္ ဝမ္းသာေၾကာင္း ေျပာဆိုခဲ့ကာ နံပါတ္ ၂၁ ကိုေျပာင္းလဲ ဝတ္ဆင္ခဲ့ပါတယ္။