Spots news

လူစားဝင်ပြီး ၆ မိနစ်အကြာမှာ ရီးရဲလ်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကာမာဗင်ဂါ

Unicode Version

ပြင်သစ်ကြယ်ပွင့်ကာမာဗင်ဂါဟာ အသင်းသစ်ရီးရဲလ်မက်ဒရစ်အတွက် ဝင်ရောက်ကစားပေးပြီး ၆ မိနစ်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က ၅-၂ နဲ့ အနိုင်ရရှိခဲ့ပြီး

ဘန်ဇီမာက ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ လူစားဝင်ကစားပေးခဲ့တဲ့ ကာမာဗင်ဂါကတော့ ၆ မိနစ်ကြာမှာပဲ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ၇၂ မိနစ်မှာ ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ရန်းနက်စ်ကနေ ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့လာတဲ့ ကာမာဗင်ဂါက

အားကိုးရမယ့်ခြေစွမ်းကို စောစောစီးစီးပဲ ပြသနိုင်ခဲ့ကာ ရီးရဲလ်အတွက်တော့ နောက်ထပ်ပြင်သစ်ကြယ်ပွင့်တစ်ဦး ဘာနေဗျူးမှာ ထွန်းတောက်လာမှာကို ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။

ဟာဇက်နေရာကို ကာမာဗင်ဂါဝင်ရာက်လာခဲ့တာဖြစ်ပြီး လူကာမိုဒရစ်ရဲ့ ကန်သွင်းချက်လျှံထွက်လာတာကို သူက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာလည်း

ရွေးချယ်ခံထားရတဲ့ အသက် ၁၈ နှစ်သားဟာ ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ကွင်းလယ်နေရာမှာတော့ နာမည်အကျော်ကြာဆုံးလူငယ်ကစားသမားလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရန်းနက်စ်အတွက် ခြေစွမ်းပြခဲ့သလို ပြင်သစ်နည်းပြဒက်ချမ့်စ်ကလည်း လက်ရွေးစင်အသင်းကြီးအတွက် ယုံယုံကြည်ကြည်နဲ့ ခေခါ်ယူခဲ့ပါတယ်။ ၁၉၃၂ နောက်ပိုင်း လက်ရွေးစင်အသင်းကြီးမှာ

ရွေးချယ်ခံရတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီး ၃ ပွဲအထိ ကစားပေးထားပြီးဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ရီးရဲလ်က လက်ဦးမှုရယူသွားခဲ့တာဖြစ်ပါတယ်။

Zawgyi Version

ျပင္သစ္ၾကယ္ပြင့္ကာမာဗင္ဂါဟာ အသင္းသစ္ရီးရဲလ္မက္ဒရစ္အတြက္ ဝင္ေရာက္ကစားေပးၿပီး ၆ မိနစ္အၾကာမွာပဲ ဂိုးသြင္းနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဆယ္လ္တာဗီဂိုနဲ႕ပြဲမွာ ရီးရဲလ္မက္ဒရစ္က ၅-၂ နဲ႕ အနိုင္ရရွိခဲ့ၿပီး

ဘန္ဇီမာက ဟက္ထရစ္သြင္းယူကာ ေျခစြမ္းျပခဲ့ပါတယ္။ လူစားဝင္ကစားေပးခဲ့တဲ့ ကာမာဗင္ဂါကေတာ့ ၆ မိနစ္ၾကာမွာပဲ ရီးရဲလ္ကစားသမားဘဝ ပထမဆုံးဂိုးကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

သူဟာ ပြဲခ်ိန္ ၆၆ မိနစ္မွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး ၇၂ မိနစ္မွာ ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ ရန္းနက္စ္ကေန ယူရိုသန္း ၄၀ နဲ႕ ေျပာင္းေ႐ႊ႕လာတဲ့ ကာမာဗင္ဂါက

အားကိုးရမယ့္ေျခစြမ္းကို ေစာေစာစီးစီးပဲ ျပသနိုင္ခဲ့ကာ ရီးရဲလ္အတြက္ေတာ့ ေနာက္ထပ္ျပင္သစ္ၾကယ္ပြင့္တစ္ဦး ဘာေနဗ်ဴးမွာ ထြန္းေတာက္လာမွာကို ၾကည့္ရႈရေတာ့မွာလည္းျဖစ္ပါတယ္။

ဟာဇက္ေနရာကို ကာမာဗင္ဂါဝင္ရာက္လာခဲ့တာျဖစ္ၿပီး လူကာမိုဒရစ္ရဲ႕ ကန္သြင္းခ်က္လွ်ံထြက္လာတာကို သူက ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္အသင္းႀကီးမွာလည္း

ေ႐ြးခ်ယ္ခံထားရတဲ့ အသက္ ၁၈ ႏွစ္သားဟာ ဥေရာပရဲ႕အထြန္းေတာက္ဆုံးလူငယ္ကစားသမားေတြထဲက တစ္ဦးအပါအဝင္ျဖစ္ၿပီး ကြင္းလယ္ေနရာမွာေတာ့ နာမည္အေက်ာ္ၾကာဆုံးလူငယ္ကစားသမားလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ရန္းနက္စ္အတြက္ ေျခစြမ္းျပခဲ့သလို ျပင္သစ္နည္းျပဒက္ခ်မ့္စ္ကလည္း လက္ေ႐ြးစင္အသင္းႀကီးအတြက္ ယုံယုံၾကည္ၾကည္နဲ႕ ေခခၚယူခဲ့ပါတယ္။ ၁၉၃၂ ေနာက္ပိုင္း လက္ေ႐ြးစင္အသင္းႀကီးမွာ

ေ႐ြးခ်ယ္ခံရတဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ၿပီး ၃ ပြဲအထိ ကစားေပးထားၿပီးျဖစ္ပါတယ္။ ယူနိုက္တက္နဲ႕ ပီအက္စ္ဂ်ီတို႔က ေခၚယူဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ ရီးရဲလ္က လက္ဦးမႈရယူသြားခဲ့တာျဖစ္ပါတယ္။