Spots news

အာတီတာရဲ့ နေရာကို ကွန်တီနဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းဟာ လက်ရှိအသင်းနည်းပြ အာတီတာရဲ့ နေရာကို အစားထိုးရန်အတွက် အီတလီလူမျိုးနည်းပြ ကွန်တီကို ဆက်သွယ်လျက်ရှိနေကြောင်း အီတလီအားကစားဂျာနယ်လစ် တစ်ဦးဖြစ်သူ ပယ်လ်မာရီက အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီအစ ပွဲစဉ်များမှာ ရလဒ်ဆိုးများကြုံတွေ့ခဲ့ရပြီး နည်းပြ အာတီတာမှာ ဖိအားများ ကြုံတွေ့လျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူများက အသင်းလက်မဲ့ ဖြစ်နေသူ ကွန်တီကို အာတီတာရဲ့နေရာမှာ အစားထိုးရန် မျက်စိကျနေကြောင်း သိရပါတယ်။

ကွန်တီဟာ ပြီးခဲ့သည့်ရာသီက ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း အင်တာမီလန်အသင်းအား ပထမဆုံး စီးရီးအေချန်ပီယံဆု ပြန်လည်ရယူပေးခဲ့ပေမယ့် အသင်းဘုတ်အဖွဲ့နှင့် အပြောင်းအရွှေ့စီမံကိန်းများအပေါ် သဘောတူညီမှုမရရှိခြင်းကြောင့် အသင်းနှင့် လမ်းခွဲခဲ့ပြီး လက်ရှိအချိန်တွင် အသင်းလက်မဲ့ ဖြစ်နေသူတစ်ဦးဖြစ်ပါတယ်။

ကွန်တီကို အာဆင်နယ်အသင်း ချဉ်းကပ်နေတဲ့ သတင်းများဟာ ပြီးခဲ့သည့်လကတည်းက ထွက်ပေါ်နေခြင်းဖြစ်ပြီး ကွန်တီရဲ့ အေးဂျင့်ဖြစ်သူ ပတ်စတိုရယ်လိုက အာဆင်နယ်နှင့် သဘောတူညီမှုရရှိထားသည်ဆိုသည့် သတင်းများကို ပြီးခဲ့သည့်အပတ်က ငြင်းဆန်ခဲ့ပါသေးတယ်

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ အာဆင္နယ္အသင္းဟာ လက္ရွိအသင္းနည္းျပ အာတီတာရဲ႕ ေနရာကို အစားထိုးရန္အတြက္ အီတလီလူမ်ိဳးနည္းျပ ကြန္တီကို ဆက္သြယ္လ်က္ရွိေနေၾကာင္း အီတလီအားကစားဂ်ာနယ္လစ္ တစ္ဦးျဖစ္သူ ပယ္လ္မာရီက အတိအလင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုရာသီအစ ပြဲစဥ္မ်ားမွာ ရလဒ္ဆိုးမ်ားႀကဳံေတြ႕ခဲ့ရၿပီး နည္းျပ အာတီတာမွာ ဖိအားမ်ား ႀကဳံေတြ႕လ်က္ရွိေနပါတယ္။ အာဆင္နယ္အသင္းရဲ႕ တာဝန္ရွိသူမ်ားက အသင္းလက္မဲ့ ျဖစ္ေနသူ ကြန္တီကို အာတီတာရဲ႕ေနရာမွာ အစားထိုးရန္ မ်က္စိက်ေနေၾကာင္း သိရပါတယ္။

ကြန္တီဟာ ၿပီးခဲ့သည့္ရာသီက ဆယ္စုႏွစ္ တစ္ခုေက်ာ္ကာလအတြင္း အင္တာမီလန္အသင္းအား ပထမဆုံး စီးရီးေအခ်န္ပီယံဆု ျပန္လည္ရယူေပးခဲ့ေပမယ့္ အသင္းဘုတ္အဖြဲ႕ႏွင့္ အေျပာင္းအေ႐ႊ႕စီမံကိန္းမ်ားအေပၚ သေဘာတူညီမႈမရရွိျခင္းေၾကာင့္ အသင္းႏွင့္ လမ္းခြဲခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အသင္းလက္မဲ့ ျဖစ္ေနသူတစ္ဦးျဖစ္ပါတယ္။

ကြန္တီကို အာဆင္နယ္အသင္း ခ်ဥ္းကပ္ေနတဲ့ သတင္းမ်ားဟာ ၿပီးခဲ့သည့္လကတည္းက ထြက္ေပၚေနျခင္းျဖစ္ၿပီး ကြန္တီရဲ႕ ေအးဂ်င့္ျဖစ္သူ ပတ္စတိုရယ္လိုက အာဆင္နယ္ႏွင့္ သေဘာတူညီမႈရရွိထားသည္ဆိုသည့္ သတင္းမ်ားကို ၿပီးခဲ့သည့္အပတ္က ျငင္းဆန္ခဲ့ပါေသးတယ္