Spots news

ဘိုင်ယန်၊ ဘာကာတို့နဲ့အပြိုင် လိုက်ဇစ်ကွင်းလယ်လူကို ခေါ်မယ့် မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိုက်ဇစ်အသင်းမှ ကွင်းလယ်လူ အိုလ်မိုကိုခေါ်ယူရေးအတွက် ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ် အသင်းတို့နှင့်အပြိုင် ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။ လိုက်ဇစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အိုလ်မိုဟာ ပြီးခဲ့သောနွေရာသီက ဘာကာ သို့ရောက်ရှိရန် များစွာနီးစပ်ခဲ့သူပါ။

လိုက်ဇစ်က ကွင်းလယ်လူ အိုလ်မိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်ထားပြီး အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ ဘာစီလိုနာက ပေါင်သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း လိုက်ပဇစ်က ပယ်ချခဲ့ပါတယ်။ သို့ပေမယ့် လက်ရှိအချိန်မှာ မန်ယူနိုက်တက်နှင့် ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ကလည်း

အိုလ်မို ခေါ်ယူရေးတွင် ပါဝင်လာပြီဖြစ်ပါတယ်။ စပိန်လက်ရွေးစင် အိုလ်မိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ်ရှိကြောင်း၊ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိပါက အိုလ်မိုကို လိုက်ပဇစ်က အသင်းပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။

အိုလ်မိုဟာ ဘာစီလိုနာရဲ့ လာမာဆီရာ အကယ်ဒမီမှာ ၂၀၀၇ မှ ၂၀၁၄ အထိ ပါဝင်ကစားခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာသို့ပြန်ရန် ဆန္ဒရှိသော်လည်း သင့်လျော်သည့် အစားထိုးကစားသမားမရှိခြင်းကြောင့် အိုလ်မိုကို လိုက်ဇစ်က ရောင်းမထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

အိုလ်မိုဟာ ကွင်းလယ်တိုက်စစ်၊ တောင်ပံနှင့် ရှေ့တန်းတိုက်စစ် တို့မှာ ကစားနိုင်ပြီး ထိုသို့ နေရာစုံကစားနိုင်သဖြင့်လည်း သူ့ရဲ့ခြေစွမ်းကို အသင်းကြီးများက သဘောကျခြင်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိုလ်မိုကို ဖာနန်ဒက်စ် မကစားနိုငိပါက အရန်အဖြစ် နံပါတ် ၁၀ နေရာ၌

ကစားရန် ခေါ်ယူလိုခြင်း ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ အိုလ်မိုဟာ လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြ နာဂပ်စ်မန်းနှင့် လိုက်ဇစ်တွင် နှစ်ရာသီကြာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ အိုလ်မိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘွန်ဒက်လီဂါသွင်းဂိုး ငါးဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးထားနိုင်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ လိုက္ဇစ္အသင္းမွ ကြင္းလယ္လူ အိုလ္မိုကိုေခၚယူေရးအတြက္ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔ႏွင့္အၿပိဳင္ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။ လိုက္ဇစ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ အိုလ္မိုဟာ ၿပီးခဲ့ေသာေႏြရာသီက ဘာကာ သို႔ေရာက္ရွိရန္ မ်ားစြာနီးစပ္ခဲ့သူပါ။

လိုက္ဇစ္က ကြင္းလယ္လူ အိုလ္မိုရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၆၀ သတ္မွတ္ထားၿပီး အေျပာင္းအေ႐ႊ႕ကာလေနာက္ဆုံးေန႕မွာ ဘာစီလိုနာက ေပါင္သန္း ၅၀ ျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း လိုက္ပဇစ္က ပယ္ခ်ခဲ့ပါတယ္။ သို႔ေပမယ့္ လက္ရွိအခ်ိန္မွာ မန္ယူနိုက္တက္ႏွင့္ ဘြန္ဒက္လီဂါခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္တို႔ကလည္း

အိုလ္မို ေခၚယူေရးတြင္ ပါဝင္လာၿပီျဖစ္ပါတယ္။ စပိန္လက္ေ႐ြးစင္ အိုလ္မိုဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းဖြယ္ရွိေၾကာင္း၊ ႀကီးမားတဲ့ ကမ္းလွမ္းမႈတစ္ခု ရရွိပါက အိုလ္မိုကို လိုက္ပဇစ္က အသင္းေျပာင္းေ႐ႊ႕ခြင့္ျပဳဖြယ္ရွိေၾကာင္း စပိန္သတင္းစာ မာကာက ေဖာ္ျပထားပါတယ္။

အိုလ္မိုဟာ ဘာစီလိုနာရဲ႕ လာမာဆီရာ အကယ္ဒမီမွာ ၂၀၀၇ မွ ၂၀၁၄ အထိ ပါဝင္ကစားခဲ့ၿပီး အသင္းေဟာင္း ဘာစီလိုနာသို႔ျပန္ရန္ ဆႏၵရွိေသာ္လည္း သင့္ေလ်ာ္သည့္ အစားထိုးကစားသမားမရွိျခင္းေၾကာင့္ အိုလ္မိုကို လိုက္ဇစ္က ေရာင္းမထုတ္ခဲ့ျခင္းျဖစ္ပါတယ္။

အိုလ္မိုဟာ ကြင္းလယ္တိုက္စစ္၊ ေတာင္ပံႏွင့္ ေရွ႕တန္းတိုက္စစ္ တို႔မွာ ကစားနိုင္ၿပီး ထိုသို႔ ေနရာစုံကစားနိုင္သျဖင့္လည္း သူ႕ရဲ႕ေျခစြမ္းကို အသင္းႀကီးမ်ားက သေဘာက်ျခင္းျဖစ္ပါတယ္။ယူနိုက္တက္ဟာ အိုလ္မိုကို ဖာနန္ဒက္စ္ မကစားနိုငိပါက အရန္အျဖစ္ နံပါတ္ ၁၀ ေနရာ၌

ကစားရန္ ေခၚယူလိုျခင္း ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ အိုလ္မိုဟာ လက္ရွိ ဘိုင္ယန္ျမဴးနစ္နည္းျပ နာဂပ္စ္မန္းႏွင့္ လိုက္ဇစ္တြင္ ႏွစ္ရာသီၾကာ လက္တြဲခဲ့ဖူးသူ ျဖစ္ပါတယ္။ အိုလ္မိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဘြန္ဒက္လီဂါသြင္းဂိုး ငါးဂိုးသြင္းၿပီး ၁၀ ဂိုးဖန္တီးထားနိုင္ပါတယ္။