Spots news

မန်ချက်စတာမှာ ဘယ်သူ ဘုရင်လဲ ထုတ်ပြမည့် ပွဲ

Unicode Version

ဝင်လာလေ မှာ စပါးအသင်းက စောင့်နှင့် နေပြီ ဖြစ်ပြီး မန်ချက်စတာစီးတီးအသင်း နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ကာရာဘောင်ဖလား ရဲ့ ဆီမီးဖိုင်နယ် မှာ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ပရီးမီးယားလိဂ်တုန်းက ဂိုးမရှိသရေကျ ခဲ့ပေမယ့် ဒီပွဲစဉ်ကတော့ မိနစ်ကိုးဆယ် အတွင်း သရေကျခဲ့လျှင် အချိန်ပို နဲ့ ပင်နယ်တီအထိ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှ ရှုံးတာက ဖိုင်နယ်မှာ ရှုံးတာထက် ပို နာကျင်ရတယ် ဆိုတာကို သိနေတဲ့ ဆိုလ်းရှားနဲ့ အပေါင်းအပါ တို့ဟာ မနှစ်က ပြိုင်ပွဲသုံးခုမှာ ဆီမီး ဖိုင်နယ် ရှုံးပွဲကြုံတွေ့ခဲ့ကြသူများ ဖြစ်ပြီး ဒီနှစ်မှာ တော့ အဲ့လို အဖြစ် လုံးဝလက်ခံကြမှာ မဟုတ်ပါဘူး ။

နိုဝင်ဘာလမှာ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဆိုလ်းရှား ရဲ့ အသင်းဟာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ 9 ပွဲ အထိ အနိုင်ရကာ ၂၅ ဂိုး အထိ သွင်းယူပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိခြေစွမ်းဟာ မန်စီးတီး လီဗာပူး တို့အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီး ပရီးမီးယားလိဂ်မှာလဲ လီဗာပူး နဲ့ တစ်ပွဲ လျော့ အမှတ်တူ နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

မန်ချက်စတာ စီးတီး အသင်းကလဲ ချဲလ်ဆီး အသင်းရဲ့ စတန်းဖို့ဒ်ဘရစ်မှာ ၁-၃ ဂိုး ရလဒ်ဖြင့် ပူပူနွေးနွေး အနိုင်ရရှိထားပြီး အသင်းကြီးတစ်သင်း ရဲ့ ခြေစွမ်းကို ပြသထားပါတယ်။ စီးတီး အနေနဲ့ ဘရူနိုဖာနန်ဒက်စ် အဓိက ပစ်မှတ်ထား ထိန်းချုပ်ဖို့ ကြိုးစားလာမှာပါ။

ဆိုလ်းရှားအနေနဲ့ နားရက် ငါးရက်အထိ ရရှိထားတာမို့ လူစုံ ထုတ်လာနိုင်ပြီး ကျောဒဏ်ရာကြောင့် နှစ်ပွဲခန့် အနားယူထားတဲ့ နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် လဲ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိပါတယ်။ တိုက်စစ်မှူး ကာဗာနီ အတွက် ဒုတိယမြောက် ပွဲပယ် ပြစ်ဒဏ် ဖြစ်ပြီး ယူနိုက်တက်ရဲ့ ဂိုးပေါက်ကိုတော့ ဟန်ဒါဆန်က တာဝန်ယူ ဖွယ်ရာ ရှိနေပါတယ်။

မန်စီးတီး အနေနဲ့ အဓိက ဂိုးသမား အီဒါဆန်၊ ဂါစီယာ ၊ ဝေါကာ ၊ ဂျီးဆက်တို့ဟာ ကိုဗစ်ကြောင့် ယနေ့ည ပွဲစဉ် ကိုလွဲချော်မှာ ဖြစ်ပြီး ဖာရန်တောရက်စ် ၊ နေသန် အကီတို့ဟာလဲ ယနေ့ညပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နောက်တန်းကို ထိုးဖောက်ဖို့ အဂူရိုလဲ ပါဝင်လာဖွယ် ရှိနေပါတယ်။

နှစ်သင်းလုံး အင်အားပြည့် ယှဉ်ပြိုင်လာမှာ ဖြစ်ပြီး နှစ်သင်းပေါင်း သွင်းဂိုး များပြားနိုင်သလို ဖလားကို ငမ်းငမ်းတက် လိုချင်နေတဲ့ ယူနိုက်တက် တို့က အနိုင်ယူသွားဖွယ်ရာ ရှိပါတယ်။ သို့ပေမယ့် စီးတီးတို့ကလဲ ပရီးမီးယားလိပ်မှာ တထောင်ထောင် လုပ်နေတဲ့ ယူနိုက်တက်ကို ဦးချိုးပြီး ဖိုင်နယ်တက်ဖို့ အစွမ်းကုန် ရုန်းမည် ဖြစ်သော ကြောင့် ဂိုးပြတ် ဖွယ်ရာမရှိနိုင်ပါဘူး။