Spots news

၄-၁ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒိုဆီက ပွဲဦးထွက်ဂျာဆီကို တောင်းခဲ့တဲ့ ငှက်ကျားနှစ်ဦး

Unicode Version

ယူနိုက်တက် နဲ့ နယူးကာဆယ်တို့ပွဲအပြီးမှာ ငှက်ကျားကစားသမားနှစ်ဦးက ရော်နယ်ဒိုဆီက ဂျာစီတောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ အဆိုပါပွဲဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို တကျော့ပြန်ရောက်လာတဲ့ ပထမဆုံးပွဲဖြစ်ပြီး ခြေစွမ်းပြကစားခဲ့ကာ ၂ ဂိုးအထိသွင်းယူခဲ့ပြီး အသင်းကို ၄-၁ နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။

ပွဲအပြီးမှာ နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆဲလက်စ် နဲ့ တိုက်စစ်မှူးဂျိုလင်တန်တို့က ရော်နယ်ဒိုရဲ့ဂျာစီကို ရနိုင်မလားလို့ သွားရောက်မေးမြန်းခဲ့ကြတယ်လို့ နယူးကာဆယ်ပရိသတ်တွေက ယုံကြည်နေကာ ဒေါသထွက်နေကြပါတယ်။ ရုပ်သံပြကွက်တွေအရလည်း ပွဲအပြီးမှာ လက်ဆဲလက်စ်က ရော်နယ်ဒိုနဲ့ စကားပြောဆိုခဲ့ပြီး ရော်နယ်ဒိုက ခေါင်းခါပြခဲ့တာကို တွေ့ခဲ့ရပါတယ်။

တောင်းဆိုနေတဲ့အချိန်မှာလည်း ရော်နယ်ဒိုဟာ တနေရာကို လက်ညွှန်ပြခဲ့ပြီး သူပေးဖို့အတွက် ပြောဆိုထားပြီးဖြစ်တယ်ဆိုတာကို ရှင်းပြဟန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကို ရော်နယ်ဒိုပြန်လည်ရောက်ရှိလာချိန်မှာပဲ သူ့ရဲ့ဂျာစီကိုအမှတ်တရရယူချင်တဲ့ ကစားသမားတွေရှိနေတယ်ဆိုတာကို အတိအလင်းမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာတော့ နယူးကာဆယ်ပရိသတ်တွေက အသင်းခေါင်းဆောင်လက်ဆဲလက်စ်ရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အသင်းရှုံးပွဲအတွက် စိတ်ပျက်နေမယ့်အစား ပြိုင်ဘက်ကစားသမားဆီက ဂျာစီကိုရယူဖို့သာ အားစိုက်နေတယ်လို့ တွစ်တာမှာ ရေးသားပြောဆိုခဲ့ကြတာဖြစ်ပြီး အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဟေးဒန်းကလည်း ရော်နယ်ဒိုနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။

Zawgyi Version

ယူနိုက္တက္ နဲ႕ နယူးကာဆယ္တို႔ပြဲအၿပီးမွာ ငွက္က်ားကစားသမားႏွစ္ဦးက ေရာ္နယ္ဒိုဆီက ဂ်ာစီေတာင္းဆိုခဲ့ေပမယ့္ ျငင္းဆန္ခံခဲ့ရတယ္လို႔ The Sun က ေဖာ္ျပလိုက္ပါတယ္။ အဆိုပါပြဲဟာ ေရာ္နယ္ဒိုရဲ႕ ယူနိုက္တက္ကို တေက်ာ့ျပန္ေရာက္လာတဲ့ ပထမဆုံးပြဲျဖစ္ၿပီး ေျခစြမ္းျပကစားခဲ့ကာ ၂ ဂိုးအထိသြင္းယူခဲ့ၿပီး အသင္းကို ၄-၁ နဲ႕ အနိုင္ရရွိေစခဲ့ပါတယ္။

ပြဲအၿပီးမွာ နယူးကာဆယ္အသင္းေခါင္းေဆာင္ လက္ဆဲလက္စ္ နဲ႕ တိုက္စစ္မႉးဂ်ိဳလင္တန္တို႔က ေရာ္နယ္ဒိုရဲ႕ဂ်ာစီကို ရနိုင္မလားလို႔ သြားေရာက္ေမးျမန္းခဲ့ၾကတယ္လို႔ နယူးကာဆယ္ပရိသတ္ေတြက ယုံၾကည္ေနကာ ေဒါသထြက္ေနၾကပါတယ္။ ႐ုပ္သံျပကြက္ေတြအရလည္း ပြဲအၿပီးမွာ လက္ဆဲလက္စ္က ေရာ္နယ္ဒိုနဲ႕ စကားေျပာဆိုခဲ့ၿပီး ေရာ္နယ္ဒိုက ေခါင္းခါျပခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ေတာင္းဆိုေနတဲ့အခ်ိန္မွာလည္း ေရာ္နယ္ဒိုဟာ တေနရာကို လက္ၫႊန္ျပခဲ့ၿပီး သူေပးဖို႔အတြက္ ေျပာဆိုထားၿပီးျဖစ္တယ္ဆိုတာကို ရွင္းျပဟန္ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ကို ေရာ္နယ္ဒိုျပန္လည္ေရာက္ရွိလာခ်ိန္မွာပဲ သူ႕ရဲ႕ဂ်ာစီကိုအမွတ္တရရယူခ်င္တဲ့ ကစားသမားေတြရွိေနတယ္ဆိုတာကို အတိအလင္းျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ တဖက္မွာေတာ့ နယူးကာဆယ္ပရိသတ္ေတြက အသင္းေခါင္းေဆာင္လက္ဆဲလက္စ္ရဲ႕လုပ္ရပ္ကို ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။ အသင္းရႈံးပြဲအတြက္ စိတ္ပ်က္ေနမယ့္အစား ၿပိဳင္ဘက္ကစားသမားဆီက ဂ်ာစီကိုရယူဖို႔သာ အားစိုက္ေနတယ္လို႔ တြစ္တာမွာ ေရးသားေျပာဆိုခဲ့ၾကတာျဖစ္ၿပီး အျခားကစားသမားတစ္ဦးျဖစ္တဲ့ ေဟးဒန္းကလည္း ေရာ္နယ္ဒိုနဲ႕ လက္ဆြဲႏႈတ္ဆက္ခဲ့လို႔ ေဝဖန္ခံခဲ့ရပါတယ္။