Spots news

ကာဗာနီမပါပေမယ့် လူစုံတက်စုံ ချီတက်သွားတဲ့ မန်ယူရဲ့ ချန်ပီယံလိဂ်လူစာရင်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ည ယန်းဘွိုင်းအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အတွက် ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ဆွစ်ဇာလန်ကို လိုက်ပါသွားတဲ့ ကစားသမားစာရင်းထဲပါဝင်ပေမယ့်

အက်ဒီဆင် ကာဗာနီကတော့ ထပ်မံလွဲချော်ခဲ့ပြန်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တဲ့ အသေးစားဒဏ်ရာကြောင့် နယူးကာဆယ်နဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပြီး တနင်္ဂနွေနေ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ ပြန်ပါလာဖို့ မျှော်လင့်ရပါတယ်။

ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည်ရောက်ရှိတဲ့ ပထမဆုံးပွဲမှာပဲ ( ၂ ) ဂိုးသွင်းယူနိုင်ခဲ့ပြီး နယူးကာဆယ်အသင်းကို ( ၄-၁ ) အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူက ( ၂၀၀၉ ) ခုနှစ် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်နောက်ပိုင်း

ယူနိုက်တက်အတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ် ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ ဒွန်နီ ဗန်ဒီဘိက အသင်းလူစာရင်းမှာ ပါဝင်လာပြီး ဒီရာသီ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ရပါတယ်။

ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်အတွက် ယူနိုက်တက်ရဲ့ ကစားသမားစာရင်း ဒီဂီယာ ၊ ဟီတန် ၊ ကိုဗာ ၊ ဘိုင်လီ ၊ ဒါးလော့၊ လင်ဒီလော့ ၊ မက်ဂွဲယား ၊ ရှော ၊ ဗာရန်း ၊ ဖာနန်ဒက်စ် ၊ ဖရက် ၊ လင်ဂတ် ၊ မာတာ ၊ မာတစ် ၊ ပေါ့ဘာ ၊ ဆန်ချို ၊ ဗန်ဒီဘိ ၊ အီလန်ဂါ ၊ဂရင်းဝုဒ် ၊ မာရှယ် ၊ ရော်နယ်ဒို။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဂၤါေန႕ည ယန္းဘြိုင္းအသင္းနဲ႕ ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အတြက္ ကစားသမားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ခရစၥတီယာနို ေရာ္နယ္ဒိုက ဆြစ္ဇာလန္ကို လိုက္ပါသြားတဲ့ ကစားသမားစာရင္းထဲပါဝင္ေပမယ့္

အက္ဒီဆင္ ကာဗာနီကေတာ့ ထပ္မံလြဲေခ်ာ္ခဲ့ျပန္ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဟာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ရရွိခဲ့တဲ့ အေသးစားဒဏ္ရာေၾကာင့္ နယူးကာဆယ္နဲ႕ ပြဲစဥ္ကိုလည္း လြဲေခ်ာ္ခဲ့ၿပီး တနဂၤေႏြေန႕ ဝက္စ္ဟမ္းအသင္းနဲ႕ ပြဲစဥ္မွာေတာ့ ျပန္ပါလာဖို႔ ေမွ်ာ္လင့္ရပါတယ္။

ေရာ္နယ္ဒိုက မန္ခ်က္စတာ ယူနိုက္တက္ထံ ျပန္လည္ေရာက္ရွိတဲ့ ပထမဆုံးပြဲမွာပဲ ( ၂ ) ဂိုးသြင္းယူနိုင္ခဲ့ၿပီး နယူးကာဆယ္အသင္းကို ( ၄-၁ ) အနိုင္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ သူက ( ၂၀၀၉ ) ခုႏွစ္ ဘာစီလိုနာအသင္းနဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲစဥ္ေနာက္ပိုင္း

ယူနိုက္တက္အတြက္ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲစဥ္ ကစားခြင့္ရရွိမွာျဖစ္ပါတယ္။ နယူးကာဆယ္နဲ႕ ပြဲစဥ္မွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ ဒြန္နီ ဗန္ဒီဘိက အသင္းလူစာရင္းမွာ ပါဝင္လာၿပီး ဒီရာသီ ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

ယန္းဘြိုင္းစ္နဲ႕ ပြဲစဥ္အတြက္ ယူနိုက္တက္ရဲ႕ ကစားသမားစာရင္း ဒီဂီယာ ၊ ဟီတန္ ၊ ကိုဗာ ၊ ဘိုင္လီ ၊ ဒါးေလာ့၊ လင္ဒီေလာ့ ၊ မက္ဂြဲယား ၊ ေရွာ ၊ ဗာရန္း ၊ ဖာနန္ဒက္စ္ ၊ ဖရက္ ၊ လင္ဂတ္ ၊ မာတာ ၊ မာတစ္ ၊ ေပါ့ဘာ ၊ ဆန္ခ်ိဳ ၊ ဗန္ဒီဘိ ၊ အီလန္ဂါ ၊ဂရင္းဝုဒ္ ၊ မာရွယ္ ၊ ေရာ္နယ္ဒို။