Spots news

ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လပိုင်းသာ ကျန်တော့တဲ့ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ ပေါ့ဘာဘက်ကလည်း အသင်းရဲ့ အားရဖွယ် အခြေအနေအရ အသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ နွေစျေးကွက်အတွင်းမှာ ဆန်ချို နဲ့ ဗာရန်းတို့လို ထိပ်တန်းကစားသမားကောင်းတွေအပြင် အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကိုပါ ခေါ်ယူအားဖြည့်ထားတာကြောင့် လက်ရှိမှာ အသင်းရဲ့ လူအင်အားက အလွန်တောင့်တင်းလွန်းနေပြီး ဆုဖလားအောင်မြင်မှုတွေကိုပါ ပိုမိုမျှော်မှန်းနိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိနေပါတယ်။

ပေါ့ဘာရဲ့ စာချုပ်ဟာ ၂၀၂၂ ဇူလိုင်လ ၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် အသင်းဘက်က အဓိက ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာသာ ဆက်လက်ရှိနေဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး တစ်ပတ်လုပ်ခကိုလည်း ပေါင် ၄ သိန်းဝန်းကျင်လောက်အထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းထားပါတယ်။

သို့ပေမယ့် ပေါ့ဘာဘက်က ကမ်းလှမ်းမှုကို တုံ့ပြန်ထားခြင်း မရှိသေးပဲ သက်တမ်းတိုးမယ့်ကိစ္စက ကြန့်ကြာ‌ နေခဲ့ပြီး ယခုမှာ‌တော့ အသင်းရဲ့ အင်အားဖြည့်တင်းမှုများနဲ့ ဆုဖလားစိန်ခေါ်နိူင်စွမ်းကြောင့် ယူနိုက်တက်အသင်းမှာပဲ ဆက်နေပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ကိစ္စကို ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ယခု ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသလို့နေပြီး လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၄ ပွဲကစားအပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ကာ ခြေစွမ်းပြသထားနိုင်ပါတယ်။

Zawgyi Version


ယူနိုက်တက်အသင်းဟာ နွေဈေးကွက်အတွင်းမှာ ဆန်ချို နဲ့ ဗာရန်းတို့လို ထိပ်တန်းကစားသမားကောင်းတွေအပြင် အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကိုပါ ခေါ်ယူအားဖြည့်ထားတာကြောင့် လက်ရှိမှာ အသင်းရဲ့ လူအင်အားက အလွန်တောင့်တင်းလွန်းနေပြီး ဆုဖလားအောင်မြင်မှုတွေကိုပါ ပိုမိုမျှော်မှန်းနိုင်တဲ့ အနေအထားမျိုးကို ရောက်ရှိနေပါတယ်။


သို့ပေမယ့် ပေါ့ဘာဘက်က ကမ်းလှမ်းမှုကို တုံ့ပြန်ထားခြင်း မရှိသေးပဲ သက်တမ်းတိုးမယ့်ကိစ္စက ကြန့်ကြာ‌ နေခဲ့ပြီး ယခုမှာ‌တော့ အသင်းရဲ့ အင်အားဖြည့်တင်းမှုများနဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းကြောင့် ယူနိုက်တက်အသင်းမှာပဲ ဆက်နေပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ကိစ္စကို ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
