Spots news

ရော််နယ်ဒိုရဲ့ အသက်အရွယ်ကြောင့် ပွဲတိုင်းကစားခွင့် မပေးနိုင်ကြောင်း ဆိုးလ်းရှားပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက တစ်ကျော့ပြန်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အတွက် ပွဲအားလုံး ကစားခွင့်ရမှာ မဟုတ်သလို ပွဲထွက်စာရင်းတွင် အမြဲရွေးချယ်ခံရမှာ မဟုတ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ် အသင်းမှ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ တစ်ကျော့ပြန် ရောက်ရှိလာသူဖြစ်ပြီး စနေနေ့က နယူးကာဆယ် အသင်းနှင့်ပွဲတွင် ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားရာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

သို့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် ယူနိုက်တက်မှာ ပွဲအားလုံး ကစားခွင့်ရမည်မဟုတ်ဘဲ အသက် ၃၆ နှစ်အရွယ် အထောင်တိုက်စစ်ကစားသမား တစ်ဦးအတွက် ပွဲကစားချိန်နဲ့ ပွဲထွက်ခွင့် တွေကို မိမိဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက ”စီရော်နယ်လ်ဒို အမြဲတမ်းရွေးချယ်ခံရမှာ မဟုတ်ပါဘူး။ သူက ၃၆ နှစ်ရှိပါပြီ။ မေဆန် (ဂရင်းဝုဒ်)က ၁၉ နှစ်ပါ။ အားလုံးက အတူတူပါပဲ။ သူ့ ကစားချိန်ကို ကျွန်တော် စီမံသွားမှာပါ။ အသက် ၃၆ နှစ်အရွယ် ကစားသမားတစ်ယောက် ကောင်းကောင်းကစားနိုင်မယ့် မိနစ်တွေကို ကျွန်တော်စီမံကိုင်တွယ်သွားမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

ထို့ပြင် ယခုနွေရာသီမှာ ရော်နယ်ဒိုနှင့် ဗာရန်းကဲ့သို့ကစားသမားများ ရောက်ရှိလာခြင်းမှာ အားလုံးအတွက် အံ့အားသင့်စရာဖြစ်ပြီး အသင်းရဲ့ မူလရှိရင်းစွဲ အခြေအနေကို ပို၍မြင့်တက်လာစေကြောင်း၊ လူငယ်များအတွက် တွန်း အားဖြစ်စေနိုင်ကြောင်းလည်း ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားက တစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ေရာ္နယ္ဒိုအေနနဲ႕ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ အတြက္ ပြဲအားလုံး ကစားခြင့္ရမွာ မဟုတ္သလို ပြဲထြက္စာရင္းတြင္ အၿမဲေ႐ြးခ်ယ္ခံရမွာ မဟုတ္ေၾကာင္း သတိေပးေျပာၾကားခဲ့ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယခုႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဂ်ဴဗင္တပ္ အသင္းမွ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္သို႔ တစ္ေက်ာ့ျပန္ ေရာက္ရွိလာသူျဖစ္ၿပီး စေနေန႕က နယူးကာဆယ္ အသင္းႏွင့္ပြဲတြင္ ပထမဆုံးအႀကိမ္ ပြဲထြက္ပါဝင္ကစားရာ ႏွစ္ဂိုးသြင္းယူေပးနိုင္ခဲ့ပါတယ္။

သို႔ေပမယ့္ တိုက္စစ္မႉး ေရာ္နယ္ဒိုအေနျဖင့္ ယူနိုက္တက္မွာ ပြဲအားလုံး ကစားခြင့္ရမည္မဟုတ္ဘဲ အသက္ ၃၆ ႏွစ္အ႐ြယ္ အေထာင္တိုက္စစ္ကစားသမား တစ္ဦးအတြက္ ပြဲကစားခ်ိန္နဲ႕ ပြဲထြက္ခြင့္ ေတြကို မိမိဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း နည္းျပ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားက ”စီေရာ္နယ္လ္ဒို အၿမဲတမ္းေ႐ြးခ်ယ္ခံရမွာ မဟုတ္ပါဘူး။ သူက ၃၆ ႏွစ္ရွိပါၿပီ။ ေမဆန္ (ဂရင္းဝုဒ္)က ၁၉ ႏွစ္ပါ။ အားလုံးက အတူတူပါပဲ။ သူ႕ ကစားခ်ိန္ကို ကြၽန္ေတာ္ စီမံသြားမွာပါ။ အသက္ ၃၆ ႏွစ္အ႐ြယ္ ကစားသမားတစ္ေယာက္ ေကာင္းေကာင္းကစားနိုင္မယ့္ မိနစ္ေတြကို ကြၽန္ေတာ္စီမံကိုင္တြယ္သြားမွာပါ” ဟု ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ ယခုေႏြရာသီမွာ ေရာ္နယ္ဒိုႏွင့္ ဗာရန္းကဲ့သို႔ကစားသမားမ်ား ေရာက္ရွိလာျခင္းမွာ အားလုံးအတြက္ အံ့အားသင့္စရာျဖစ္ၿပီး အသင္းရဲ႕ မူလရွိရင္းစြဲ အေျခအေနကို ပို၍ျမင့္တက္လာေစေၾကာင္း၊ လူငယ္မ်ားအတြက္ တြန္း အားျဖစ္ေစနိုင္ေၾကာင္းလည္း ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။