Spots news

ချန်ပီယံလိဂ်အဖွင့်ပွဲအတွက် မက်ဆီနဲ့ နေမာရဲ့ အခြေအနေကို ပိုချက်တီနို အတည်ပြု

Unicode Version

ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်ဂျီအသင်းရဲ့ နည်းပြ ပိုချက်တီနိုက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဥ်မှာ အသင်းရဲ့ တိုက်စစ်မှူး များဖြစ်တဲ့ လီယွန်နယ် မက်ဆီနှင့် နေမာတို့ နှစ်ဦးစလုံး ပါဝင်ကစားနိုင် မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီနှင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာတို့ဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ သွားရောက်ယှဉ်ပြိုင်ခဲ့ရသည့်အတွက် ကလယ်မွန့်နှင့် ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်လီဂူးပွဲကို လွဲချော်ခဲ့ရပါတယ်။

သို့ပေမယ့် မက်ဆီနဲ့ နေမာတို့ဟာ သောကြာညကတည်းက ပြင်သစ်နိုင်ငံ ပါရီသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ပွဲကို ပါဝင်နိုင်မည် ဖြစ်ကြောင်း ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ပိုချက်တီနိုက ”သူတို့ သောကြာည ကတည်းက ပါရီကို ပြန်ရောက်ခဲ့ပြီး စနေနေ့မှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ သူတို့ ပင်ပန်းနေမယ်ဆိုရင်တောင်  အခုလိုပြန်ရောက်လာတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ သူတို့မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာလည်း ရှိမနေပါဘူး။ ချန်ပီယံလိဂ့်ပွဲစဉ်မှာ အသင်းနဲ့အတူ သူတို့ရှိနေမှာပါ”ဟု ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ ကလပ် ဘရုဂေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ပွဲအမီ အသင်းရဲ့ တတိယဝတ်စုံသစ်ကိုလည်း တနင်္လာနေ့က မိတ်ဆက်ပြသမှု ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ မက်ဆီ၊ နေမာနှင့် ဘာပေတို့ ၃ဦးစလုံးကို ပွဲထုတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Zawgyi Version

ျပင္သစ္လီဂူး ထိပ္သီးကလပ္ ပီအက္ဂ်ီအသင္းရဲ႕ နည္းျပ ပိုခ်က္တီနိုက ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ အသင္းရဲ႕ တိုက္စစ္မႉး မ်ားျဖစ္တဲ့ လီယြန္နယ္ မက္ဆီႏွင့္ ေနမာတို႔ ႏွစ္ဦးစလုံး ပါဝင္ကစားနိုင္ မည္ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနား တိုက္စစ္မႉး မက္ဆီႏွင့္ ဘရာဇီးလ္တိုက္စစ္မႉး ေနမာတို႔ဟာ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလား ေျခစစ္ပြဲမ်ား သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရသည့္အတြက္ ကလယ္မြန႔္ႏွင့္ ယွဥ္ၿပိဳင္ခဲ့သည့္ ျပင္သစ္လီဂူးပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။

သို႔ေပမယ့္ မက္ဆီနဲ႕ ေနမာတို႔ဟာ ေသာၾကာညကတည္းက ျပင္သစ္နိုင္ငံ ပါရီသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ပြဲကို ပါဝင္နိုင္မည္ ျဖစ္ေၾကာင္း ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီနိုက အတည္ျပဳ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ပိုခ်က္တီနိုက ”သူတို႔ ေသာၾကာည ကတည္းက ပါရီကို ျပန္ေရာက္ခဲ့ၿပီး စေနေန႕မွာ ေလ့က်င့္မႈ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ ပင္ပန္းေနမယ္ဆိုရင္ေတာင္  အခုလိုျပန္ေရာက္လာတာကို ကြၽန္ေတာ္ ေပ်ာ္႐ႊင္ပါတယ္။ သူတို႔မွာ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာ ျပႆနာလည္း ရွိမေနပါဘူး။ ခ်န္ပီယံလိဂ့္ပြဲစဥ္မွာ အသင္းနဲ႕အတူ သူတို႔ရွိေနမွာပါ”ဟု ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဘယ္လ္ဂ်ီယံ ကလပ္ ဘ႐ုေဂးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ၿပီး ပြဲအမီ အသင္းရဲ႕ တတိယဝတ္စုံသစ္ကိုလည္း တနလၤာေန႕က မိတ္ဆက္ျပသမႈ ျပဳလုပ္ခဲ့ပါတယ္။ ထိုပြဲမွာ မက္ဆီ၊ ေနမာႏွင့္ ဘာေပတို႔ ၃ဦးစလုံးကို ပြဲထုတ္ဖြယ္ရွိေၾကာင္းလည္း သိရပါတယ္။