Spots news

မေဆင်မောင့်ကို လစာနှစ်ဆ တိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုမယ့် ချဲလ်ဆီး

Unicode Version

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းဟာ ခြေစွမ်း သိသိသာသာ တိုးတက်လာခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်လူ မေဆင်မောင့်ကို မြင့်မားတဲ့လစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မောင့်ဟာ ချဲလ်ဆီးနဲ့ အင်္ဂလန်အတွက် ခြေစွမ်းကောင်းများပြသ ထားနိုင်သူဖြစ်ပါတယ်။

မေဆင်မောင့်ဟာ အသက် ၆ နှစ်အရွယ်ကတည်းက ချဲလ်ဆီးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀ ဖြင့် ၅ နှစ်စာချုပ်ကို ချုပ်ဆိုထားသူပါ။ လက်ရှိမှာတော့ မောင့်ဟာ ချဲလ်ဆီးအသင်း အတွက် ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့တဲ့အထိ ခြေစွမ်းတိုးတက်လာတဲ့ အတွက် ချဲလ်ဆီးက လုပ်ခလစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်လာတာပါ။

ချဲလ်ဆီးအသင်းဟာ မောင့်ရဲ့လစာကို နှစ်ဆတိုးပေးပြီး တစ်ပတ်ကို ပေါင် ၁၅၀၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုလိုနေပါတယ်။ လက်ရှိနည်းပြ တူချယ် အပြင် နည်းပြဟောင်း လမ်းပတ်ကပါ မောင့်ကို နှစ်သက်သူဖြစ်ပြီး နည်းပြလမ်းပတ်ဟာ ၂၀၁၈-၁၉ ရာသီကတည်းက မောင့်ကိုဒါဘီကောင်တီမှာ အငှားနဲ့ခေါ်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လက်ရှိနည်းပြတူချယ်က  “သူ့မှာ အရမ်းကောင်းတဲ့ ပါရမီမျိုးရှိပြီး ပိုပြီးအရေးကြီးတဲ့သူတောင် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ သူကငယ်ငယ်လေးကတည်းက ဘောလုံးကွင်းထဲမှာပဲ ကြီးပြင်းလာသူဖြစ်တာကြောင့် စိတ်ဓာတ်ကလည်းကောင်းတယ်။ အမြဲတမ်းအသင်းကို ပြုံးပျော်ပြီးရောက်လာတတ်တယ်။

မေဆင်က ဘောလုံးကန်နေရရင်ကို ပျော်နေတဲ့သူမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး၊ အရမ်းနှိမ့်ချတတ်တယ်၊ သင်ယူဖို့လည်း အဆင်သင့်ပဲ။ သူကကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ကိုတတ်နိုင်သမျှ အကောင်းဆုံးပံ့ပိုးမှုအားလုံး ပေးသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ ခ်ဲလ္ဆီးအသင္းဟာ ေျခစြမ္း သိသိသာသာ တိုးတက္လာခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္လူ ေမဆင္ေမာင့္ကို ျမင့္မားတဲ့လစာနဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ေမာင့္ဟာ ခ်ဲလ္ဆီးနဲ႕ အဂၤလန္အတြက္ ေျခစြမ္းေကာင္းမ်ားျပသ ထားနိုင္သူျဖစ္ပါတယ္။

ေမဆင္ေမာင့္ဟာ အသက္ ၆ ႏွစ္အ႐ြယ္ကတည္းက ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိခဲ့သူျဖစ္ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၇၅၀၀၀ ျဖင့္ ၅ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုထားသူပါ။ လက္ရွိမွာေတာ့ ေမာင့္ဟာ ခ်ဲလ္ဆီးအသင္း အတြက္ ခ်န္ပီယံလိဂ္ဆုဖလား ရယူေပးနိုင္ခဲ့တဲ့အထိ ေျခစြမ္းတိုးတက္လာတဲ့ အတြက္ ခ်ဲလ္ဆီးက လုပ္ခလစာတိုးေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ျပင္ဆင္လာတာပါ။

ခ်ဲလ္ဆီးအသင္းဟာ ေမာင့္ရဲ႕လစာကို ႏွစ္ဆတိုးေပးၿပီး တစ္ပတ္ကို ေပါင္ ၁၅၀၀၀၀ နဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုေနပါတယ္။ လက္ရွိနည္းျပ တူခ်ယ္ အျပင္ နည္းျပေဟာင္း လမ္းပတ္ကပါ ေမာင့္ကို ႏွစ္သက္သူျဖစ္ၿပီး နည္းျပလမ္းပတ္ဟာ ၂၀၁၈-၁၉ ရာသီကတည္းက ေမာင့္ကိုဒါဘီေကာင္တီမွာ အငွားနဲ႕ေခၚယူခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

လက္ရွိနည္းျပတူခ်ယ္က  “သူ႕မွာ အရမ္းေကာင္းတဲ့ ပါရမီမ်ိဳးရွိၿပီး ပိုၿပီးအေရးႀကီးတဲ့သူေတာင္ ျဖစ္လာနိုင္ပါတယ္။ ၿပီးေတာ့ သူကငယ္ငယ္ေလးကတည္းက ေဘာလုံးကြင္းထဲမွာပဲ ႀကီးျပင္းလာသူျဖစ္တာေၾကာင့္ စိတ္ဓာတ္ကလည္းေကာင္းတယ္။ အၿမဲတမ္းအသင္းကို ၿပဳံးေပ်ာ္ၿပီးေရာက္လာတတ္တယ္။

ေမဆင္က ေဘာလုံးကန္ေနရရင္ကို ေပ်ာ္ေနတဲ့သူမ်ိဳးပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္ရွိၿပီး၊ အရမ္းႏွိမ့္ခ်တတ္တယ္၊ သင္ယူဖို႔လည္း အဆင္သင့္ပဲ။ သူကကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္ပါ။ သူ႕ကိုတတ္နိုင္သမွ် အေကာင္းဆုံးပံ့ပိုးမႈအားလုံး ေပးသြားမွာပါ ” လို႔ ေျပာခဲ့ပါတယ္။