Unicode Version
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ် အသင်းရဲ့ ဝါရင့်ခံစစ်မှူး ခီရယ်လီနီက ဂျူဗင်တပ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုရှိစဉ်က အသင်းဟာ သူ့တစ်ယောက်တည်းကိုပဲ ဗဟိုပြု၍ ကစားနေရသလို ဖြစ်နေပြီး အသင်းမှာ ရှိနေတဲ့ ဒိုင်ဘာလာရဲ့ တိုးတက်မှုကိုလည်း နှေးကွေးစေကြောင်း ပြောဆိုလိုက်ပါတယ်
အသက် ၃၆ နှစ်အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အီတလီမှာ နှစ်နှစ်ကြာ ကစားပြီးနောက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လည် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပထမဆုံးပွဲ ဦးထွက် ဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ၂ ဂိုး အထိ သွင်းယူ ခြေစွမ်းပြခဲ့ပါတယ်။
သို့ပေမယ့် ဂျူဗင်တပ်အသင်းကတော့ ရုန်းကန်နေရပြီး စီးရီးအေ အဖွင့် ၃ ပွဲတွင် ၁ မှတ်သာ ရရှိခဲ့သလို နောက်ဆုံးကစားသည့်ပွဲတွင်လည်း နာပိုလီကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရုန်းကန်နေရသော်လည်း ဂျူဗင်တပ် ပြန်ကောင်းလာမည်ဟု ခီရယ်လီနီက ယုံကြည်နေပြီး ရော်နယ်ဒို ပြောင်းရွှေ့သွားခြင်းက ကောင်းကျိုးတချို့ ရှိကြောင်း ပြောဆိုခဲ့ပါတယ်
ခီရယ်လီနီက “ရော်နယ်ဒိုလို ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ရှိပြီဆိုရင် တစ်သင်းလုံးက သူ့အတွက် ကစားပေးနေရပါတယ်။ ရော်နယ်ဒို အသင်းအတွက် ကစားပေးသွားတာကို ကျေးဇူးတင်ရမှာ ဖြစ်ပေမယ့် သူအသင်းပြောင်းသွားပေမယ့်လည်း အနိုင်ပွဲအတွက်ကတော့ ကြိုးစားနေရဦးမှာပဲ”
“ဒီနှစ်မှာ ဒိုင်ဘာလာရဲ့ အသင်း ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်မှာ ဒိုင်ဘာလာရဲ့ ပျမ်းမျှသွင်းဂိုး နည်းသွားတာက ရော်နယ်ဒိုကြောင့်ပါ။ ဒိုင်ဘာလာက အသင်းအတွက် အဓိက ကစားသမားဆိုတာလည်း အားလုံးသတိထားမိမှာပါ”ဟု ပြောခဲ့ပါတယ်။
Zawgyi Version
အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ အသင္းရဲ႕ ဝါရင့္ခံစစ္မႉး ခီရယ္လီနီက ဂ်ဴဗင္တပ္မွာ တိုက္စစ္မႉး ေရာ္နယ္ဒိုရွိစဥ္က အသင္းဟာ သူ႕တစ္ေယာက္တည္းကိုပဲ ဗဟိုျပဳ၍ ကစားေနရသလို ျဖစ္ေနၿပီး အသင္းမွာ ရွိေနတဲ့ ဒိုင္ဘာလာရဲ႕ တိုးတက္မႈကိုလည္း ေႏွးေကြးေစေၾကာင္း ေျပာဆိုလိုက္ပါတယ္
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အီတလီမွာ ႏွစ္ႏွစ္ၾကာ ကစားၿပီးေနာက္ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္သို႔ ျပန္လည္ ေျပာင္းေ႐ႊ႕သြားၿပီ ျဖစ္ပါတယ္။ ယူနိုက္တက္အတြက္ ပထမဆုံးပြဲ ဦးထြက္ ျဖစ္တဲ့ နယူးကာဆယ္ အသင္းနဲ႕ ပြဲစဥ္မွာ ေရာ္နယ္ဒိုဟာ ၂ ဂိုး အထိ သြင္းယူ ေျခစြမ္းျပခဲ့ပါတယ္။
သို႔ေပမယ့္ ဂ်ဴဗင္တပ္အသင္းကေတာ့ ႐ုန္းကန္ေနရၿပီး စီးရီးေအ အဖြင့္ ၃ ပြဲတြင္ ၁ မွတ္သာ ရရွိခဲ့သလို ေနာက္ဆုံးကစားသည့္ပြဲတြင္လည္း နာပိုလီကို ၂-၁ ျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ႐ုန္းကန္ေနရေသာ္လည္း ဂ်ဴဗင္တပ္ ျပန္ေကာင္းလာမည္ဟု ခီရယ္လီနီက ယုံၾကည္ေနၿပီး ေရာ္နယ္ဒို ေျပာင္းေ႐ႊ႕သြားျခင္းက ေကာင္းက်ိဳးတခ်ိဳ႕ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္
ခီရယ္လီနီက “ေရာ္နယ္ဒိုလို ကမာၻ႔အဆင့္ ကစားသမားတစ္ေယာက္ ရွိၿပီဆိုရင္ တစ္သင္းလုံးက သူ႕အတြက္ ကစားေပးေနရပါတယ္။ ေရာ္နယ္ဒို အသင္းအတြက္ ကစားေပးသြားတာကို ေက်းဇူးတင္ရမွာ ျဖစ္ေပမယ့္ သူအသင္းေျပာင္းသြားေပမယ့္လည္း အနိုင္ပြဲအတြက္ကေတာ့ ႀကိဳးစားေနရဦးမွာပဲ”
“ဒီႏွစ္မွာ ဒိုင္ဘာလာရဲ႕ အသင္း ျဖစ္လာနိုင္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္မွာ ဒိုင္ဘာလာရဲ႕ ပ်မ္းမွ်သြင္းဂိုး နည္းသြားတာက ေရာ္နယ္ဒိုေၾကာင့္ပါ။ ဒိုင္ဘာလာက အသင္းအတြက္ အဓိက ကစားသမားဆိုတာလည္း အားလုံးသတိထားမိမွာပါ”ဟု ေျပာခဲ့ပါတယ္။