Spots news

ယူနိုက်တက်နဲ့ ကိုးမန်းတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အပြောင်းအရွေ့

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကြောင့် ကွင်းအတွင်းစွမ်းဆောင်ရည် များ တိုးတက်လာပြီး ယုံကြည်မှုမြင့်မား လာကြောင်း ဘိုင်ယံမြူးနစ် တောင်ပံကစားသမား ကိုးမန်းက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ကိုးမန်းကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ဟာ ကာလရှည် ကြိုးပမ်းလာခဲ့တာပါ။ ကိုးမန်းကို မန်ချက်စတာ မြို့ခံ နှစ်သင်းမှ အပြိုင် ကြိုးပမ်းနေခဲ့တာလဲ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိ ကိုးမန်းဟာ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ် အသင်းတို့နှင့်အတူ အမှတ်ပေး ချန်ပီယံဆုကို ၉ နှစ်ဆက်တိုက် ရရှိထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘိုင်ယန်အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ယခု‌ဘောလုံးရာသီ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာလဲ  ၁၅ ပွဲကစားရာ ၅ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

ကိုးမန်းက မန်ချက်စတာ ယူနိုက်တက် ကခေါ်ယူရန်စိတ်ဝင်စားမှု ရှိခြင်းကို ဂုဏ်ယူသော်လည်း ဘိုင်ယန်နှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသဖြင့် အနာဂတ်တွင် အပြောင်းအရွေ့ ဖြစ်ပေါ်လာနိုင် ကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော့်ကို စိတ်ဝင်စားတာ သိရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ တန်ကြေး မြင့်တက်လာဖို့ ကွင်းအတွင်းမှာ ကြိုးစားစေတဲ့ တွန်းအား တစ်ခုဖြစ်ပါတယ်။ ၂၀၂၃ ရာသီကုန်အထိ ဘိုင်ယန်မြူးနစ် နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး လက်ရှိမှာလဲ ကျွန်တော် ပျော်ရွှင်နေပါတယ်။

ဆာနေး ရောက်လာတဲ့ အတွက် ကျွန်တော် ကစားချိန် အခုလောက်ရမယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်မျှော်လင့်တာထက် ပိုကစားခွင့် ရဖို့ ကျွန်တော်စဉ်းစားသွားမှာပါ “ဟု ကိုးမန်းက ပြောကြားခဲ့ ပါတယ်။

သို့ပေမယ့် ဘိုင်ယန်အသင်း အကြီးအကဲ ရူမန်နီကီက ကိုးမန်း အသင်းမှ ထွက်ခွာမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကိုးမန်းဟာ လုံးဝ ခြေစွမ်းထိပ်တန်းနဲ့ ကစားသမားပါ။ ဘိုင်ယန်အတွက် သိပ်တန်ဖိုးရှိပါတယ်။ အရေးပါတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အဆုံးအဖြတ် ပေးနိုင်တဲ့သူပါ။ ကိုးမန်းကို ထုတ်ရောင်းမှာ မဟုတ်ပါဘူး” ဟု ပြောကြာူခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား အပူတပြင်း ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကိုးမန်း နဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ဟာ ယခု ဇန်နဝါရီမှာ မဖြစ်နိုင်သေးတာမို့ တောင်ပံ ကွက်လပ်ကို မည့်သည့် ကစားသမားနဲ့ ဖြည့်စွပ်မည် ဆိုတာ စိတ်ဝင်စားစရာပါ။