Unicode Version
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးလ်က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်အထိ ပရီးမီးယားလိဂ်ကလပ် အသင်းများပဲ ကျန်ရှိနေပြီး လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ် ချန်ပီယံဆုကို ဆက်လက်ရရှိမည်ဟု ခန့်မှန်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်း ဂျိုးကိုးလ်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ အင်မားဖြည့်တင်းမှု အခြားပြိုင်ဘက်လိဂ်များထက် ပိုမိုအင်အား တောင့်တင်းနေပြီး ပြိုင်ဘက်လိဂ်များ အားနည်းနေချိန်မှာ ဥရောပကို ပရီးမီးယားလိဂ်က ကြီးစိုးလိမ့်မည်ဟု ပြောဆိုခဲ့ပါတယ်။
ဂျိုးကိုးလ်က ”ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ကျွန်တော်တို့ ပရီးမီးယားလိဂ်က အနည်းဆုံး ၂ သင်း မတက်ရောက်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော် သတိလစ်သွားနိုင်ပါတယ်။ ၃ သင်း တက်ရောက်နိုင်ခြေရှိပြီး ၄ သင်းစလုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန် တော်တို့က တခြားလိဂ်တွေထက် အများကြီး အင်အားကြီးထွားနေပြီလို့လည်း ထင်ပါတယ်။
“ အင်္ဂလိပ်ဘောလုံးက လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်နေပါပြီ။ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ မန်ယူအသင်းတွေမှာ အင်္ဂလန်ကစားသမားတွေအပြည့်ပါ။ ဒါကြောင့် ပရီးမီးယားလိဂ်အသင်းတွေကို မယုံနိုင်စရာအကြောင်း မရှိပါဘူး”ဟု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်စွဲမည့်အသင်းကို ခန့်မှန်းရာမှာတော့ အလားအလာ အကောင်းဆုံးအဖြစ် ချယ်လ်ဆီးကို ရွေးချယ်ပြီး အသင်းဟောင်းဖြစ်နေသောကြောင့် ရွေးချယ်ခြင်းမဟုတ်ဘဲ ပြီးခဲ့သည့်ရာသီထက် ပိုမိုတောင့်တင်းတဲ့အသင်း ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Zawgyi Version
ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း ဂ်ိဳးကိုးလ္က ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဆီမီးဖိုင္နယ္အဆင့္အထိ ပရီးမီးယားလိဂ္ကလပ္ အသင္းမ်ားပဲ က်န္ရွိေနၿပီး လက္ရွိခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းက ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကို ဆက္လက္ရရွိမည္ဟု ခန႔္မွန္းေျပာၾကားခဲ့ပါတယ္။
အဂၤလန္ကြင္းလယ္ ကစားသမားေဟာင္း ဂ်ိဳးကိုးလ္က ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ အင္မားျဖည့္တင္းမႈ အျခားၿပိဳင္ဘက္လိဂ္မ်ားထက္ ပိုမိုအင္အား ေတာင့္တင္းေနၿပီး ၿပိဳင္ဘက္လိဂ္မ်ား အားနည္းေနခ်ိန္မွာ ဥေရာပကို ပရီးမီးယားလိဂ္က ႀကီးစိုးလိမ့္မည္ဟု ေျပာဆိုခဲ့ပါတယ္။
ဂ်ိဳးကိုးလ္က ”ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္က အနည္းဆုံး ၂ သင္း မတက္ေရာက္နိုင္ခဲ့ဘူးဆိုရင္ ကြၽန္ေတာ္ သတိလစ္သြားနိုင္ပါတယ္။ ၃ သင္း တက္ေရာက္နိုင္ေျခရွိၿပီး ၄ သင္းစလုံးလည္း ျဖစ္နိုင္ပါတယ္။ ကြၽန္ ေတာ္တို႔က တျခားလိဂ္ေတြထက္ အမ်ားႀကီး အင္အားႀကီးထြားေနၿပီလို႔လည္း ထင္ပါတယ္။
“ အဂၤလိပ္ေဘာလုံးက လက္ရွိအခ်ိန္မွာ အေကာင္းဆုံးျဖစ္ေနပါၿပီ။ မန္စီးတီး၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီးနဲ႕ မန္ယူအသင္းေတြမွာ အဂၤလန္ကစားသမားေတြအျပည့္ပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္အသင္းေတြကို မယုံနိုင္စရာအေၾကာင္း မရွိပါဘူး”ဟု ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဗိုလ္စြဲမည့္အသင္းကို ခန႔္မွန္းရာမွာေတာ့ အလားအလာ အေကာင္းဆုံးအျဖစ္ ခ်ယ္လ္ဆီးကို ေ႐ြးခ်ယ္ၿပီး အသင္းေဟာင္းျဖစ္ေနေသာေၾကာင့္ ေ႐ြးခ်ယ္ျခင္းမဟုတ္ဘဲ ၿပီးခဲ့သည့္ရာသီထက္ ပိုမိုေတာင့္တင္းတဲ့အသင္း ျဖစ္လာျခင္းေၾကာင့္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။