Spots news

ရော်နယ်ဒို နဲ့ လင်ဂတ် လူစားလဲပြီး ဆိုးရှားတစ်ကွက်ပြလိုက်လို့ ရှုံးနိမ့်ခဲ့တဲ့ မန်ယူ

Unicode Version

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းကို အဝေးကွင်းမှာ တစ်ယောက်

လျော့အနေအထားနဲ့ ၂-၁ ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်ချင်းဆီရဲ့ ပေါ့လျော့မှုထက် နည်းပြဆိုးလ်ရှားရဲ့ နည်းဗျူဟာ မှားယွင်းမှုတွေက ဒီပွဲမှာ သိသာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ ယန်းဘွိုင်းရဲ့ အစောပိုင်းကန်ချက်ကလွဲလို့ ယူနိုက်တက် တို့ကသာ အသင်းကြီးပီပီ ဖိဖိစီးစီးကစားနိုင်ခဲ့ပြီး ၁၃မိနစ်မှာပဲ ဘရူနိုရဲ့ အကွက်မြင်တဲ့ ဖန်တီးမှုကနေ ရော်နယ်ဒိုက အဆုံးသတ်ပိတ်သွင်းသွားခဲ့ပါတယ်။

ဂိုးစောစော ရလိုက်တာကြောင့် ပွဲဟာ ယူနိုက်တက်တို့ကသာ တစ်ဖက်သက် ဖိကစားနေရင်းကပဲ မထင်မှတ်ဘဲ ဘစ်ဆာကာရဲ့ မဆင်မခြင်ဖျက်ထုတ်မှုကြောင့် ပွဲချိန် ၃၆မိနစ်မှာပဲ ယူနိက်တက်တို့ လူတစ်ယောက်လျော့သွားခဲ့ပါတယ်။

ဒါနဲ့ ချက်ချင်းပဲ ဆိုးလ်ရှားက ဆန်ချိုကိုထုတ်ပြီး ခံစစ်အတွက် ဒါးလော့ကို ထည့်ရင်း ပထမပိုင်းကို ထိန်းသွားခဲ့ပါတယ်။ ဒုတိယပိုင်းစတော့ ဗန်ဒီဘိခ် ကို ထပ်ထုတ်ပြီး ဗာရန်းနဲ့ ခံစစ် ၃ယောက်တန်း ကစားကွက်ပြင်ဆင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ကြံ့ကြံ့ခံ ပိတ်ဆို့နေရင်းကနေပဲ ၆၆မိနစ်မှာတော့ ချေပခံလိုက်ရပါတယ်။

ဒီလို တစ်ဖက်တစ်ဂိုးစီဖြစ်သွားချိန်မှာ ယန်းဘွိုင်းတို့ဟာ အနိုင်ရလဒ်အတွက် ပိုမိုယုံကြည်မှု ရှိသွားစေမှာ မှန်ပေမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ကတော့ ရော်နယ်ဒို နဲ့ ဖာနန်ဒက် ကိုထုတ်ပြီး မာတစ် နဲ့ လင်ဂတ်ကို လဲလိုက်တာတော့ ရုပ်ပျက်စေပါတယ်။

ဖာနန်ဒက် ဟာ ခြေကျနေတာကြောင့် ထုတ်တာမပြောလိုပေမယ့် ရော်နယ်ဒိုလို Game killerတစ်ယောက်ကိုထုတ်လိုက်တာက တိုက်စစ်ကို သတ်လိုက်တာဖြစ်ပြီး ထည့်လိုက်တဲ့ကစားသမားဟာလည်း တိုက်စစ်မဟုတ်သူ ဖြစ်ခဲ့ရပါတယ် ။

ဒီနောက် ယန်းဘွိုင်းတိုက်စစ် အဆုံးသတ် ညံ့နေလို့သာ ဂိုးမရ ဖြစ်နေပေမယ့် ရော်နယ်ဒိုကို ထုတ်ပြီး လူစားလဲလိုက်တဲ့ လင်ဂတ်ရဲ့ နောက်ဆုံးမိနစ် လွဲချော်မှုကနေ ပြိုင်ဘက်က အဆုံးသတ်ရင်း အရှုံးပေးလိုက်ရပါတော့တယ်။

Zawgyi Version







