Spots news

ကလပ်အသင်းအဆင့်သတ်မှတ်ချက်မှာ စပါးအောက်ရောက်တော့မယ့် အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ကလပ်အသင်း တစ်စင်းအဖြစ် သတ်မှတ်ခြင်းခံလာရပြီ ဖြစ်တဲ့ စပါးအသင်းဟာ လန်ဒန်မြို့ခံပြိုင်ဘက် အင်အားကြီး အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို UEFA ရဲ့ ကလပ်အသင်းများရဲ့ အဆင့် သတ်မှတ်ချက်မှာ ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

စပါးအသင်းဟာ ၁၉၉၁-၉၂ ဘောလုံးရာသီက လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အထက် အဆင့်သတ်မှတ်ချက် နေရာမှာ နောက်ဆုံး ရပ်တည်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်ခေတ် တစ်လျှောက်လုံး အာဆင်နယ်အသင်းရဲ့ အောက်တွင်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကအထိ စပါးအသင်းဟာ အာဆင်နယ်ထက် ၂ မှတ်လျော့ အနေအထားမှာ ရှိနေခဲ့သော်လည်း ယခု ဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းက ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရတဲ့ အတွက် စပါးအသင်းအနေဖြင့် မြို့ခံပြိုင်ဘက်အသင်းကို ကျော်ဖြတ်နိုင်ရန် သေချာသွားခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့်ရာသီအထိ UEFA ရဲ့ ကလပ် အသင်းအဆင့်သတ်မှတ်ချက်မှာ အာဆင်နယ်အသင်းက အဆင့် ၁၂ မှာ ရပ်တည်နေပြီး စပါးက အဆင့် ၁၃ နေရာမှာ အသီးသီး ရပ်တည်နေခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေကြောင်း သိရပါတယ်။

Zawgyi Version



