Spots news

ဆိုးရှားရဲ့ ရော်နယ်ဒို ၊ လင်ဂတ် လူစားလဲမှုကြောင့် အံ့ဩနေကြတဲ့ မန်ယူဖန်များ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်များက နည်းပြဆိုးရှားရဲ့ ရော်နယ်ဒိုကို လင်ဂတ်နှင့် လူစားလဲမှုအား မကျေမနပ်ဖြစ် နေကြပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီး အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်အစဉ် ယန်းဘွိုင်းအသင်းနဲ့ ပွဲစဉ်မှာ ပွဲချိန် ၁၃ မိနစ်ကတည်းက ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သို့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ ယန်းဘွိုင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပြီး ပွဲချိန် ၇၂ မိနစ်အရောက်မှာ နည်းပြ ဆိုးရှားက အားလုံးရဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို ကွင်းလယ် တိုက်စစ် ကစားသမား လင်ဂတ်နှင့် လူစားလဲခဲ့ပါတယ်။

ဒါ့အပြင် တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ပွဲရဲ့ ဒုတိယပိုက်း နောက်ဆုံးစက္ကန့်မှာ လင်ဂတ်ရဲ့ ပေါ့လျော့သော နောက်ပြန်ပေးပို့မှုမှ တစ်ဆင့် ယန်းဘွိုင်းက အနိုင်ဂိုး သွင်းယူသွားကာ ပွဲအပြီးမှာ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဆိုးရှားရဲ့ ဆုံးဖြတ်ချက်မှာ ယူနိုက်တက်အတွက် များစွာနစ်နာတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။

တစ်ဂိုးစီသရေကျနေတဲ့ အချိန်မှာ တစ်ဦးတည်းသော သွင်းဂိုးမျှော်လင့်ချက်ဖြစ်တဲ့ ရော်နယ်ဒိုကို ထုတ်ပြီး လင်ဂတ်ကို အစားသွင်းကာ ကွက်ပျောက်တိုက်စစ် ကစားစေခဲ့တဲ့ ဆိုးရှားရဲ့ ဆုံးဖြတ်ချက်ကို လက်ရှိအချိန် လူမှုကွန်ယက်မှာ ယူနိုက်တက် ပရိတ်သတ်များက များစွာဝေဖန်ခဲ့ကြပါတယ်။

“ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး လူစားလဲမှုလို့ မှတ်တမ်းဝင်သွားမှာပါ”ဟု ပရိသတ်တစ်ဦးက ရေးသားခဲ့ကြပြီး အခြားပရိသတ်တစ်ဦးကလည်း “ဆိုးရှားက ရော်နယ်ဒိုကို လင်ဂတ်နဲ့ လူစားလဲလိုက်တယ်။ လင်ဂတ်က အနိုင်ဂိုးအတွက် ဖန်တီးပေးလိုက်တယ်။ ဒါပေမယ့် ယန်းဘွိုင်းအသင်းအတွက် ဖြစ်နေတယ်”ဟု ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလဲ “မန်ယူအနိုင်ဂိုးလိုချိန်မှာ ရော်နယ်ဒိုကို လင်ဂတ်နဲ့လဲတယ်။ ဒါကိုမှ ဆိုးရှား ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်လို့မပြောရင် ဘာကိုပြောမလဲ”ဟု ရေးခဲ့ပါတယ်။ “ဒီနေ့ညမအိပ်ခင်မှာ ဆိုးရှားက ဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုကိုထုတ်ပြီး လင်ဂတ်နဲ့ မာတစ်ကို ထည့်ကစားတာ တွေ့သွားရတယ်ဗျာ”ဟု ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ပရိသတ္မ်ားက နည္းျပဆိုးရွားရဲ႕ ေရာ္နယ္ဒိုကို လင္ဂတ္ႏွင့္ လူစားလဲမႈအား မေက်မနပ္ျဖစ္ ေနၾကပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္ကို ျပန္လည္ေရာက္ရွိလာၿပီး အသင္းအတြက္ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲစဥ္အစဥ္ ယန္းဘြိုင္းအသင္းနဲ႕ ပြဲစဥ္မွာ ပြဲခ်ိန္ ၁၃ မိနစ္ကတည္းက ဦးေဆာင္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။

သို႔ေပမယ့္ ပြဲခ်ိန္ ၆၆ မိနစ္မွာ ယန္းဘြိုင္းက ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္အေရာက္မွာ နည္းျပ ဆိုးရွားက အားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႕ ဆန႔္က်င္ၿပီး အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒိုကို ကြင္းလယ္ တိုက္စစ္ ကစားသမား လင္ဂတ္ႏွင့္ လူစားလဲခဲ့ပါတယ္။

ဒါ့အျပင္ တစ္ဖက္တစ္ဂိုးစီသေရက်ေနခ်ိန္ ပြဲရဲ႕ ဒုတိယပိုက္း ေနာက္ဆုံးစကၠန႔္မွာ လင္ဂတ္ရဲ႕ ေပါ့ေလ်ာ့ေသာ ေနာက္ျပန္ေပးပို႔မႈမွ တစ္ဆင့္ ယန္းဘြိုင္းက အနိုင္ဂိုး သြင္းယူသြားကာ ပြဲအၿပီးမွာ ၂-၁ ျဖင့္ ရႈံးနိမ့္ခဲ့သျဖင့္ ဆိုးရွားရဲ႕ ဆုံးျဖတ္ခ်က္မွာ ယူနိုက္တက္အတြက္ မ်ားစြာနစ္နာတဲ့ ဆုံးျဖတ္ခ်က္ ျဖစ္ခဲ့ပါတယ္။

တစ္ဂိုးစီသေရက်ေနတဲ့ အခ်ိန္မွာ တစ္ဦးတည္းေသာ သြင္းဂိုးေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ေရာ္နယ္ဒိုကို ထုတ္ၿပီး လင္ဂတ္ကို အစားသြင္းကာ ကြက္ေပ်ာက္တိုက္စစ္ ကစားေစခဲ့တဲ့ ဆိုးရွားရဲ႕ ဆုံးျဖတ္ခ်က္ကို လက္ရွိအခ်ိန္ လူမႈကြန္ယက္မွာ ယူနိုက္တက္ ပရိတ္သတ္မ်ားက မ်ားစြာေဝဖန္ခဲ့ၾကပါတယ္။

“ခ်န္ပီယံလိဂ္ သမိုင္းတစ္ေလွ်ာက္ အဆိုးဝါးဆုံး လူစားလဲမႈလို႔ မွတ္တမ္းဝင္သြားမွာပါ”ဟု ပရိသတ္တစ္ဦးက ေရးသားခဲ့ၾကၿပီး အျခားပရိသတ္တစ္ဦးကလည္း “ဆိုးရွားက ေရာ္နယ္ဒိုကို လင္ဂတ္နဲ႕ လူစားလဲလိုက္တယ္။ လင္ဂတ္က အနိုင္ဂိုးအတြက္ ဖန္တီးေပးလိုက္တယ္။ ဒါေပမယ့္ ယန္းဘြိုင္းအသင္းအတြက္ ျဖစ္ေနတယ္”ဟု ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလဲ “မန္ယူအနိုင္ဂိုးလိုခ်ိန္မွာ ေရာ္နယ္ဒိုကို လင္ဂတ္နဲ႕လဲတယ္။ ဒါကိုမွ ဆိုးရွား ဘာလုပ္ရမွန္းမသိ ျဖစ္ေနတယ္လို႔မေျပာရင္ ဘာကိုေျပာမလဲ”ဟု ေရးခဲ့ပါတယ္။ “ဒီေန႕ညမအိပ္ခင္မွာ ဆိုးရွားက ဖာနန္ဒက္စ္နဲ႕ ေရာ္နယ္ဒိုကိုထုတ္ၿပီး လင္ဂတ္နဲ႕ မာတစ္ကို ထည့္ကစားတာ ေတြ႕သြားရတယ္ဗ်ာ”ဟု ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။