Unicode Version
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ဆွစ်ဇာလန်မြေပေါ်မှာ ယန်းဘွိုင်းကို အရှက်ရဖွယ်အရေးနိမ့်သွားခဲ့ပါတယ်။ လူစုံတက်စုံပွဲထွက်လာပြီး ကစားခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ
စုတ်ပြတ်နုံချာခဲ့ပြီး စိတ်ပျက်ဖွယ်ရာပုံစံကိုသာ ပြသသွားခဲ့ကာ ပရိသတ်တွေအတွက်တော့ ရော်နယ်ဒို ဂိုးသွင်းယူခဲ့မှုနဲ့သာ ကျေနပ်ခဲ့ရပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတဲ့ ည ဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာ ရော်နယ်ဒိုက အဖွင့်ဂိုးကို ဖာနန်ဒက်စ်ရဲ့ လှပတဲ့ဖန်တိးပေးမှုကနေ သွင်းယူပေးခဲ့ပါတယ်။ ဂိုးသမားပေါင်ကြားထဲကဝင်ကာ ဂိုးစည်းကျော်သွားခဲ့လို့ အဖွင့်ဂိုးရရှိခဲ့တာပါတယ်။
ဒါပေမယ့် ယူနိုက်တက်ခြေစွမ်းကတော့ တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ယန်းဘွိုင်းကတောင် အသင်းကြိးတစ်သင်းပုံစံနဲ့ကစားကာ ဖိအားပေးခဲ့ပြီး ဆိုးလ်ရှားကို ပညာပေးခဲ့ပါတယ်။
ဘစ််စ်ကာအနီကတ်ပြထုတ်ပယ်ခံရချိန်မှာတော့ ယူနိုက်တက်ကစားပုံက ပိုမိုဆိုးရွားသွားခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ လူစားလဲပုံအားနည်းချက်တွေလည်း ပေါ်လွင်လာခဲ့ပါတယ်။ ဆန်ချိုကိုထုတ်ပြီး ဒါလော့ကို
ထည့်သွင်းခဲ့တဲ့ ယူနိုက်တက်ဟာ ပထမပိုင်းကို ရော်နယ်ဒိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဗန်ဒီဘိခ်နေရာ ဗာရန်းကို ထပ်မံလူစားလဲပြီး ဆိုးလ်ရှားက အသင်းကို ပြင်ဆင်လာခဲ့ပါတယ်။
ယန်းဘွိုင်းကတော့ ဆက်တိုက်ဖိကစားနေခဲ့ပြီးနောက် ချေပဂိုးရအောင်စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ကိုပါ ထုတ်ပြီး ဆိုးလ်ရှားက လင်ဂတ်၊ မာတစ်တို့ကို
ထပ်မံထည့်သွင်းခဲ့ပါတယ်။ နောက်ခံလူ ၅ဦး၊ ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ မာတစ်၊ ဖရက်ဒ်၊ လင်ဂတ်တို့သာ ရှိနေတော့ပြီး ဆွစ်ဇာလန်ကလပ်က စိတ်ကြိုက်ဖိကစားနေခဲ့ပါတယ်။
ပွဲချိန်နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာတော့ လင်ဂတ်ရဲ့ ဆိုးဝါးလှတဲ့ နောက်ပြန်ပေးမှုနေ ယန်းဘွိုင်းကစားသမားက ဘောလုံးရသွားခဲ့ပြီး အဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းကို
နည်းစနစ်ဧရိယာထဲကနေ ညွှန်ကြားမှုတွေပေးပြီး ကူညီပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဆိုးလ်ရှားရဲ့ ကြိုတင်ပြင်ဆင်ထားမှုမရှိတဲ့ ဗျူဟာ၊ ဆိုးရွားတဲ့လူစားလဲပုံတွေက စိတ်ပျက်ဖွယ်အတိဖြစ်ခဲ့ပြီး ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။
Zawgyi Version
ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာေတာ့ ယူနိုက္တက္အသင္းဟာ ဆြစ္ဇာလန္ေျမေပၚမွာ ယန္းဘြိုင္းကို အရွက္ရဖြယ္အေရးနိမ့္သြားခဲ့ပါတယ္။ လူစုံတက္စုံပြဲထြက္လာၿပီး ကစားခဲ့ေပမယ့္ ေျခစြမ္းပိုင္းအရ
စုတ္ျပတ္ႏုံခ်ာခဲ့ၿပီး စိတ္ပ်က္ဖြယ္ရာပုံစံကိုသာ ျပသသြားခဲ့ကာ ပရိသတ္ေတြအတြက္ေတာ့ ေရာ္နယ္ဒို ဂိုးသြင္းယူခဲ့မႈနဲ႕သာ ေက်နပ္ခဲ့ရၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ရတဲ့ ည ျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၁၃ မိနစ္မွာ ေရာ္နယ္ဒိုက အဖြင့္ဂိုးကို ဖာနန္ဒက္စ္ရဲ႕ လွပတဲ့ဖန္တိးေပးမႈကေန သြင္းယူေပးခဲ့ပါတယ္။ ဂိုးသမားေပါင္ၾကားထဲကဝင္ကာ ဂိုးစည္းေက်ာ္သြားခဲ့လို႔ အဖြင့္ဂိုးရရွိခဲ့တာပါတယ္။
ဒါေပမယ့္ ယူနိုက္တက္ေျခစြမ္းကေတာ့ ေတာ္ေတာ္ေလးကို ဆိုး႐ြားေနခဲ့ၿပီး ယန္းဘြိုင္းကေတာင္ အသင္းႀကိးတစ္သင္းပုံစံနဲ႕ကစားကာ ဖိအားေပးခဲ့ၿပီး ဆိုးလ္ရွားကို ပညာေပးခဲ့ပါတယ္။
ဘစ္္စ္ကာအနီကတ္ျပထုတ္ပယ္ခံရခ်ိန္မွာေတာ့ ယူနိုက္တက္ကစားပုံက ပိုမိုဆိုး႐ြားသြားခဲ့ၿပီး နည္းျပဆိုးလ္ရွားရဲ႕ လူစားလဲပုံအားနည္းခ်က္ေတြလည္း ေပၚလြင္လာခဲ့ပါတယ္။ ဆန္ခ်ိဳကိုထုတ္ၿပီး ဒါေလာ့ကို
ထည့္သြင္းခဲ့တဲ့ ယူနိုက္တက္ဟာ ပထမပိုင္းကို ေရာ္နယ္ဒိုရဲ႕ ဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဗန္ဒီဘိခ္ေနရာ ဗာရန္းကို ထပ္မံလူစားလဲၿပီး ဆိုးလ္ရွားက အသင္းကို ျပင္ဆင္လာခဲ့ပါတယ္။
ယန္းဘြိုင္းကေတာ့ ဆက္တိုက္ဖိကစားေနခဲ့ၿပီးေနာက္ ေခ်ပဂိုးရေအာင္စြမ္းေဆာင္သြားနိုင္ခဲ့ပါတယ္။ ဒီေနာက္မွာ ေရာ္နယ္ဒို၊ ဖာနန္ဒက္စ္တို႔ကိုပါ ထုတ္ၿပီး ဆိုးလ္ရွားက လင္ဂတ္၊ မာတစ္တို႔ကို
ထပ္မံထည့္သြင္းခဲ့ပါတယ္။ ေနာက္ခံလူ ၅ဦး၊ ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ မာတစ္၊ ဖရက္ဒ္၊ လင္ဂတ္တို႔သာ ရွိေနေတာ့ၿပီး ဆြစ္ဇာလန္ကလပ္က စိတ္ႀကိဳက္ဖိကစားေနခဲ့ပါတယ္။
ပြဲခ်ိန္ေနာက္ဆုံးမိနစ္၊ ေနာက္ဆုံးစကၠန႔္မွာေတာ့ လင္ဂတ္ရဲ႕ ဆိုးဝါးလွတဲ့ ေနာက္ျပန္ေပးမႈေန ယန္းဘြိုင္းကစားသမားက ေဘာလုံးရသြားခဲ့ၿပီး အဖိုးတန္အနိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ အသင္းကို
နည္းစနစ္ဧရိယာထဲကေန ၫႊန္ၾကားမႈေတြေပးၿပီး ကူညီေပးခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ ဆိုးလ္ရွားရဲ႕ ႀကိဳတင္ျပင္ဆင္ထားမႈမရွိတဲ့ ဗ်ဴဟာ၊ ဆိုး႐ြားတဲ့လူစားလဲပုံေတြက စိတ္ပ်က္ဖြယ္အတိျဖစ္ခဲ့ၿပီး ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ပါတယ္။