Spots news

ဘာပေနဲ့ ဟာလန်း နှစ်ယောက်လုံးကို တစ်ပြိုင်နက်ဝယ်နိုင်တဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

စပိန် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ လူငယ်ထိပ်သီး နှစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေနှင့် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူရန်အတွက် လုံလောက်တဲ့ ငွေကြေးရှိကြောင်း လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က ပြောကြားခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီးမှာ ပီအက်စ်ဂျီ အသင်းနှင့် လာမည့်နှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းက ပယ်ချခဲ့ပါတယ်။

ရီးရဲလ်အနေနဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကို လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဟု သတင်းအချို့က ဖော်ပြနေပြီး ဘာပေနှင့် ပီအက်စ်ဂျီ အသင်းအကြား ယခုအချိန်အထိ စာချုပ် သက်တမ်းတိုးရန် ဆွေးနွေးမှုမရှိသေးကြောင်း သိရပါတယ်။

တီဘက်စ်က ” ရီးရဲလ်ဟာ ယူရို သန်း ၂၀၀ လောက်ရှိတဲ့ ကစားသမား ရောင်းချမှုတွေ ပြုလုပ်ထားပါတယ်။ ဘာပေ နဲ့ ဟာလန်း တို့ကို ခေါ်ယူဖို့ သူတို့မှာ ငွေကြေးအလုံအလောက် ရှိပါတယ်။ သူတို့အနေနဲ့ ငွေကြေးအရှုံးပြမှု လည်း မရှိပါဘူး” ဟု တီဘက်စ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တီဘက်စ်က ပီအက်စ်ဂျီ အသင်းဟာ UEFAရဲ့ FFP (ဘဏ္ဍာရေသာတူညီမျှ) စည်းမျဉ်းကို   ရှောင်လွှဲနေနိုင်မှုနှင့် ပတ်သက်ပြီးလည်း ဝေဖန်ခဲ့ပါတယ်။ “ယူရို သန်း ၄၀၀ လောက် အရှုံးပြပြီး လစာပေးချေမှု ယူရို သန်း ၅၀၀ လောက် သုံးစွဲနေတဲ့ အသင်းတစ်သင်းက ဘာပေအတွက် ကမ်းလှမ်းမှုမျိုးကို

ငြင်းဆန်နေတာ နားမလည်နိုင်လောက်အောင်ပါပဲ။  ပြင်သစ်မှာ ဒီစည်းမျဉ်းတွေက ကျရှုံးနေပါ တယ်။ သူတို့ဟာ ဥရောပစျေးကွက်ကို ထိခိုက်အောင် လုပ်ဆောင်နေပြီး UEFA ရဲ့ စနစ်ကိုက မှားယွင်းနေတာပါ” ဟု တီဘက်စ်က မှတ်ချက်ပြုခဲ့ပါတယ်။

Zawgyi Version

စပိန္ လာလီဂါ ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိအခ်ိန္မွာ ဥေရာပရဲ႕ လူငယ္ထိပ္သီး ႏွစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံထားရတဲ့ ပီအက္စ္ဂ်ီ တိုက္စစ္မႉး အမ္ဘာေပႏွင့္ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းတို႔ကို ေခၚယူရန္အတြက္ လုံေလာက္တဲ့ ေငြေၾကးရွိေၾကာင္း လာလီဂါအဖြဲ႕ခ်ဳပ္ဥကၠ႒ျဖစ္သူ တီဘက္စ္က ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္ မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ပိတ္သိမ္းခါနီးမွာ ပီအက္စ္ဂ်ီ အသင္းႏွင့္ လာမည့္ႏွစ္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ တိုက္စစ္မႉး အမ္ဘာေပကို ေခၚယူရန္ အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့ေသာ္လည္း ပီအက္စ္ဂ်ီ အသင္းက ပယ္ခ်ခဲ့ပါတယ္။

ရီးရဲလ္အေနနဲ႕ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပကို လာမယ့္ႏွစ္မွာ ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ေခၚယူနိုင္မည္ဟု သတင္းအခ်ိဳ႕က ေဖာ္ျပေနၿပီး ဘာေပႏွင့္ ပီအက္စ္ဂ်ီ အသင္းအၾကား ယခုအခ်ိန္အထိ စာခ်ဳပ္ သက္တမ္းတိုးရန္ ေဆြးေႏြးမႈမရွိေသးေၾကာင္း သိရပါတယ္။

တီဘက္စ္က ” ရီးရဲလ္ဟာ ယူရို သန္း ၂၀၀ ေလာက္ရွိတဲ့ ကစားသမား ေရာင္းခ်မႈေတြ ျပဳလုပ္ထားပါတယ္။ ဘာေပ နဲ႕ ဟာလန္း တို႔ကို ေခၚယူဖို႔ သူတို႔မွာ ေငြေၾကးအလုံအေလာက္ ရွိပါတယ္။ သူတို႔အေနနဲ႕ ေငြေၾကးအရႈံးျပမႈ လည္း မရွိပါဘူး” ဟု တီဘက္စ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ တီဘက္စ္က ပီအက္စ္ဂ်ီ အသင္းဟာ UEFAရဲ႕ FFP (ဘ႑ာေရသာတူညီမွ်) စည္းမ်ဥ္းကို   ေရွာင္လႊဲေနနိုင္မႈႏွင့္ ပတ္သက္ၿပီးလည္း ေဝဖန္ခဲ့ပါတယ္။ “ယူရို သန္း ၄၀၀ ေလာက္ အရႈံးျပၿပီး လစာေပးေခ်မႈ ယူရို သန္း ၅၀၀ ေလာက္ သုံးစြဲေနတဲ့ အသင္းတစ္သင္းက ဘာေပအတြက္ ကမ္းလွမ္းမႈမ်ိဳးကို

ျငင္းဆန္ေနတာ နားမလည္နိုင္ေလာက္ေအာင္ပါပဲ။  ျပင္သစ္မွာ ဒီစည္းမ်ဥ္းေတြက က်ရႈံးေနပါ တယ္။ သူတို႔ဟာ ဥေရာပေစ်းကြက္ကို ထိခိုက္ေအာင္ လုပ္ေဆာင္ေနၿပီး UEFA ရဲ႕ စနစ္ကိုက မွားယြင္းေနတာပါ” ဟု တီဘက္စ္က မွတ္ခ်က္ျပဳခဲ့ပါတယ္။