Spots news

ဘိုင်ယန်ကို ရှုံးနိမ့်ပြီး အာဆင်နယ်နဲ့ နှိုင်းယှဉ်ကာ သရော်ခံနေရတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းရဲ့ ပရိတ်သတ်များကတော့ က ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို လာလီဂါရဲ့အာဆင်နယ်လို့ လှောင်ပြောင် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ဘိုင်ယန်ဟာ ဘာစီလိုနာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ၃ မှတ်ပြည့်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေကတော့ ချန်ပီယံလိဂ်ရှုံးပွဲအပြီးမှာ ဘိုင်ယန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး‌ ရလဒ်တွေဆိုးရွားနေတဲ့ အာဆင်နယ်နဲ့ နှိုင်းယှဉ်ခဲ့ ကြတာဖြစ်ပါတယ်။ “ဘာစီလိုနာရဲ့ကျရှုံးခြင်းက တော်တော်လေးဝမ်းနည်းဖို့ကောင်းပါတယ်”လို့ တစ်ဦးက ရေးသားခဲ့ပြီး “ဘိုင်ယန်နဲ့ပွဲအပြီးမှာ အာဆင်နယ်ကို သတိရမိပါတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

“တကယ့်အဆိုးဝါးဆုံး အခြေအ‌နေကို ဘာစီလိုနာအသင်း ရောက်ရှိနေရတာဖြစ်ပြီး ကျွန်တော့်ဘဝမှာ ဝမ်းနည်းစရာ ကိစ္စတွေထဲက တစ်ခုကို မြင်တွေ့နေရတာပါ။ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့တောင် ဘာမှမထူးခြားပါဘူး”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ဘာစီလိုနာဟာ နွေရာသီ အပြောင်းအရွေ့မှာ ဂန္ထဝင်ကစားသမား မက်ဆီကို လက်လွှတ်ခဲ့ရတာကြောင့် ရလဒ်တွေ ဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အီမာဆန် ၊ ဂရစ်ဇ်မန်းတို့ကိုလည်း လက်လွှတ်ခဲ့ရပြီး ဒီပေး ၊ အဂူရို ၊ ဂါစီယာ နဲ့ လုခ်ဒီဂျောင်တို့ကိုတော့ ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ ပရိတ္သတ္မ်ားကေတာ့ က ဘိုင္ယန္ျမဴးနစ္အသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းကို လာလီဂါရဲ႕အာဆင္နယ္လို႔ ေလွာင္ေျပာင္ ကင္ပြန္းတပ္ခဲ့ၾကပါတယ္။ ဘိုင္ယန္ဟာ ဘာစီလိုနာကို ၃ ဂိုးျပတ္နဲ႕ အနိုင္ရရွိခဲ့ၿပီး ၃ မွတ္ျပည့္ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ ပရိသတ္ေတြကေတာ့ ခ်န္ပီယံလိဂ္ရႈံးပြဲအၿပီးမွာ ဘိုင္ယန္ကို ဂိုးျပတ္ရႈံးနိမ့္ၿပီး‌ ရလဒ္ေတြဆိုး႐ြားေနတဲ့ အာဆင္နယ္နဲ႕ ႏွိုင္းယွဥ္ခဲ့ ၾကတာျဖစ္ပါတယ္။ “ဘာစီလိုနာရဲ႕က်ရႈံးျခင္းက ေတာ္ေတာ္ေလးဝမ္းနည္းဖို႔ေကာင္းပါတယ္”လို႔ တစ္ဦးက ေရးသားခဲ့ၿပီး “ဘိုင္ယန္နဲ႕ပြဲအၿပီးမွာ အာဆင္နယ္ကို သတိရမိပါတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

“တကယ့္အဆိုးဝါးဆုံး အေျခအ‌ေနကို ဘာစီလိုနာအသင္း ေရာက္ရွိေနရတာျဖစ္ၿပီး ကြၽန္ေတာ့္ဘဝမွာ ဝမ္းနည္းစရာ ကိစၥေတြထဲက တစ္ခုကို ျမင္ေတြ႕ေနရတာပါ။ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နဲ႕ေတာင္ ဘာမွမထူးျခားပါဘူး”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

ဘာစီလိုနာဟာ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ဂႏၳဝင္ကစားသမား မက္ဆီကို လက္လႊတ္ခဲ့ရတာေၾကာင့္ ရလဒ္ေတြ ဆိုးဝါးလာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အီမာဆန္ ၊ ဂရစ္ဇ္မန္းတို႔ကိုလည္း လက္လႊတ္ခဲ့ရၿပီး ဒီေပး ၊ အဂူရို ၊ ဂါစီယာ နဲ႕ လုခ္ဒီေဂ်ာင္တို႔ကိုေတာ့ ျပန္လည္ေခၚယူထားခဲ့ပါတယ္။