Spots news

မက်ဆီရောက်လာမှ ပီအက်စ်ဂျီ အားနည်းသွားတယ်လို့ လင်းမူအိုဝင် ဝေဖန်

Unicode Version

အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပီအက်စ်ဂျီကစားသမားဘ၀ ပထမဆုံးပွဲဦးထွက်မှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ မက်ဆီ ရောက်လာပြီးနောက် အဆိုပါပြင်သစ်ကလပ်လည်း ပိုမိုအားနည်းသွားတယ်လို့ ထောက်ပြလိုက်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ဘရုဂျက်နဲ့ပွဲမှာ မက်ပီ၊ နေမာတို့နဲ့အတူ ပီအက်စ်ဂျီတိုက်စစ်ကို ဦးဆောင်လာပေမယ့် စိတ်ပျက်ဖွယ် ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ အဲဒီကြယ်ပွင့်တိုက်စစ်မှူး ၃ဦးစလုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပြင်သစ်မီဒီယာတွေက MNM အဖြစ် တင်စားသတ်မှတ်ခံခဲ့ရတဲ့ ပီအက်စ်ဂျီရဲ့တြိဂံတိုက်စစ်အတွဲဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး တိုက်စစ်တွဲလုံးတစ်ခုအဖြစ် သတ်မှတ်ခံထားရပေမယ့် အိုဝင်ကတော့ ပီအက်စ်ဂျီ အနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ဖို့ မလုံလောက်သေးဘူးလို့ ပြောပါတယ်။

”တကယ့်ကိုသွားရည်ကျစရာအရည်အချင်းတွေနဲ့အတူ သူတို့က သူတို့ကိုယ်ပိုင်အရည်အသွေးတွေအရ အံ့အားသင့်စရာတွေပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် သူတို့ ၃ယောက်ပေါင်းလိုက်မှ အသင်းက ပိုအားနည်းသွားပြီး ချန်ပီယံလိဂ်မှာ

ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတစ်သင်း ဘာကြောင့်ဖြစ်နေလဲဆိုတာ နားကိုမလည်နိုင်ပါဘူး။ ပီအက်စ်ဂျီထက်စာရင် ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကမှ ချန်ပီယံဖြစ်ဖို့ ပိုရေပန်းစားနေပါသေးတယ်”လို့ လီဗာပူးနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က ပြောပါတယ်။

ယူနိုက်တက်မှာ အိုဝင်နဲ့ တွဲကစားခဲ့ဖူးတဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကတော့ သူ့အသင်းဖော်ဟောင်းရဲ့သုံးသပ်ချက်ကို လက်သင့်မခံခဲ့ဘဲ မက်ပီ၊ မက်ဆီနဲ့ နေမာတို့အတွက် ဖန်တီးပေးဖို့

လုံလောက်တဲ့ကွင်းလယ်လူတွေ ပီအက်စ်ဂျီမှာ ရှိနေတယ်လို့ ပြောပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီအပြင် ဝိုင်နယ်ဒမ်၊ ဒွန်နာရမ်မာ၊ ဟာကီမီနဲ့ ရာမို့စ်တို့ကို ခေါ်ယူထားပြီး အိုဝင်က ခံစစ်အားဖြည့်ထားတာက ပီအက်စ်ဂျီအတွက် ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

Zawgyi Version

အဂၤလန္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က ပီအက္စ္ဂ်ီကစားသမားဘ၀ ပထမဆုံးပြဲဦးထြက္မွာ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ မက္ဆီ ေရာက္လာၿပီးေနာက္ အဆိုပါျပင္သစ္ကလပ္လည္း ပိုမိုအားနည္းသြားတယ္လို႔ ေထာက္ျပလိုက္ပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာ ဘ႐ုဂ်က္နဲ႕ပြဲမွာ မက္ပီ၊ ေနမာတို႔နဲ႕အတူ ပီအက္စ္ဂ်ီတိုက္စစ္ကို ဦးေဆာင္လာေပမယ့္ စိတ္ပ်က္ဖြယ္ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ အဲဒီၾကယ္ပြင့္တိုက္စစ္မႉး ၃ဦးစလုံး ဂိုးေပါက္ေပ်ာက္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း ျပင္သစ္မီဒီယာေတြက MNM အျဖစ္ တင္စားသတ္မွတ္ခံခဲ့ရတဲ့ ပီအက္စ္ဂ်ီရဲ႕ႀတိဂံတိုက္စစ္အတြဲဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး တိုက္စစ္တြဲလုံးတစ္ခုအျဖစ္ သတ္မွတ္ခံထားရေပမယ့္ အိုဝင္ကေတာ့ ပီအက္စ္ဂ်ီ အေနနဲ႕ ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ဖို႔ မလုံေလာက္ေသးဘူးလို႔ ေျပာပါတယ္။

”တကယ့္ကိုသြားရည္က်စရာအရည္အခ်င္းေတြနဲ႕အတူ သူတို႔က သူတို႔ကိုယ္ပိုင္အရည္အေသြးေတြအရ အံ့အားသင့္စရာေတြပါ။ ဒါေပမဲ့ ကြၽန္ေတာ့္အျမင္ေျပာရရင္ သူတို႔ ၃ေယာက္ေပါင္းလိုက္မွ အသင္းက ပိုအားနည္းသြားၿပီး ခ်န္ပီယံလိဂ္မွာ

ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့အသင္းတစ္သင္း ဘာေၾကာင့္ျဖစ္ေနလဲဆိုတာ နားကိုမလည္နိုင္ပါဘူး။ ပီအက္စ္ဂ်ီထက္စာရင္ ခ်ဲလ္ဆီး၊ လီဗာပူး၊ မန္စီးတီးနဲ႕ ယူနိုက္တက္တို႔ကမွ ခ်န္ပီယံျဖစ္ဖို႔ ပိုေရပန္းစားေနပါေသးတယ္”လို႔ လီဗာပူးနဲ႕ ယူနိုက္တက္တိုက္စစ္မႉးေဟာင္း အိုဝင္က ေျပာပါတယ္။

ယူနိုက္တက္မွာ အိုဝင္နဲ႕ တြဲကစားခဲ့ဖူးတဲ့ အဂၤလန္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ကေတာ့ သူ႕အသင္းေဖာ္ေဟာင္းရဲ႕သုံးသပ္ခ်က္ကို လက္သင့္မခံခဲ့ဘဲ မက္ပီ၊ မက္ဆီနဲ႕ ေနမာတို႔အတြက္ ဖန္တီးေပးဖို႔

လုံေလာက္တဲ့ကြင္းလယ္လူေတြ ပီအက္စ္ဂ်ီမွာ ရွိေနတယ္လို႔ ေျပာပါတယ္။ ပီအက္စ္ဂ်ီဟာ မက္ဆီအျပင္ ဝိုင္နယ္ဒမ္၊ ဒြန္နာရမ္မာ၊ ဟာကီမီနဲ႕ ရာမို႔စ္တို႔ကို ေခၚယူထားၿပီး အိုဝင္က ခံစစ္အားျဖည့္ထားတာက ပီအက္စ္ဂ်ီအတြက္ ပိုအေရးႀကီးတယ္လို႔ ေျပာပါတယ္။