Spots news

မန်ယူနိုက်တက်ကို နည်းပြခွင့်ရဖို့ ‌ကမ်းလှမ်းမှူတွေ စောင့်မျှော်နေတဲ့ ကွန်တီ

Unicode Version

အင်တာမီလန်အသင်းကို စီးရီးအေ စကူဒက်တိုဖလား ပြန်လည် ရရှိအောင် ဦးဆောင်ပေးပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ အီတလီ နာမည်ကြီး နည်းပြ ကွန်တီဟာ သူ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး လေးသင်းစာရင်းဝင် အသင်းတသင်း ဖြစ်သလို ရိုနယ်ဒို ၊ ဆန်ချို ၊ ဘရူနို ဖာနန်ဒက် ၊ ပေါ့ဘာ ၊ မက်ဂွိုင်းယား ၊ ဗာရန်း ၊ ဒီဂီယာ စတဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုးတက်သင့်သလောက် မတိုးတက်ပဲ ဖြစ်နေကာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကို အရေးနိမ့်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပြည်တွင်းရလဒ်တွေ ကောင်းမွန်လာပေမယ့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်တွေ ဆိုးဝါးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုက ဆိုးလ်ရှားကို ယခုနှစ် ဘောလုံးရာသီ တရာသီသာ စောင့်ကြည့်ကာ အချိန်ပေးသွားဖို့ ရှိနေပြီး အကယ်၍ ယခုနှစ်မှာလည်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရရင် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ကွန်တီ ၊ ဇီဒန်းတို့လို ထိပ်တန်းနည်းပြတွေဟာ အသင်းလက်မဲ့တွေ ဖြစ်နေပြီး နာမည်ကျော် အီတလီ သတင်းထောက် ဒီမာဇီယိုကတော့ ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

ဒီမာဇီယိုက “ကွန်တီက ဆုဖလားတွေ ရယူနိုင်မယ့် အသင်းကိုသာ ကိုင်တွယ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကွန်တီက စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သလို အာဆင်နယ်အသင်းကိုလည်း ပြောင်းဖို့ စိတ်ကူးမရှိပါဘူး။ သူက မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ကမ်းလှမ်းမှု ရလာရင်တော့ လက်ခံဖို့ အဆင်သင့် ဖြစ်နေပါတယ်” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

အင္တာမီလန္အသင္းကို စီးရီးေအ စကူဒက္တိုဖလား ျပန္လည္ ရရွိေအာင္ ဦးေဆာင္ေပးၿပီး အသင္းနဲ႕ ႏွစ္ဦးသေဘာတူ လမ္းခြဲထားတဲ့ အီတလီ နာမည္ႀကီး နည္းျပ ကြန္တီဟာ သူ က်င္လည္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီး ေလးသင္းစာရင္းဝင္ အသင္းတသင္း ျဖစ္သလို ရိုနယ္ဒို ၊ ဆန္ခ်ိဳ ၊ ဘ႐ူနို ဖာနန္ဒက္ ၊ ေပါ့ဘာ ၊ မက္ဂြိုင္းယား ၊ ဗာရန္း ၊ ဒီဂီယာ စတဲ့ ကမာၻ႔ထိပ္တန္း ကစားသမားေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ဆုဖလားေတြကို စိန္ေခၚနိုင္စြမ္း ရွိပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားရဲ႕ နည္းစနစ္ပိုင္း အားနည္းမႈေတြေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ တိုးတက္သင့္သေလာက္ မတိုးတက္ပဲ ျဖစ္ေနကာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာလည္း ဆြစ္ဇာလန္ကလပ္ ယန္းဘြိုင္းအသင္းကို အေရးနိမ့္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ ျပည္တြင္းရလဒ္ေတြ ေကာင္းမြန္လာေပမယ့္ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ရလဒ္ေတြ ဆိုးဝါးေနၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ပြဲ ဆက္တိုက္ ရႈံးနိမ့္ထားပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပိုင္ရွင္ေတြ ျဖစ္တဲ့ ဂေလဇာမိသားစုက ဆိုးလ္ရွားကို ယခုႏွစ္ ေဘာလုံးရာသီ တရာသီသာ ေစာင့္ၾကည့္ကာ အခ်ိန္ေပးသြားဖို႔ ရွိေနၿပီး အကယ္၍ ယခုႏွစ္မွာလည္း ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန ထြက္ခြာခဲ့ရရင္ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စဥ္းစားေနေၾကာင္း အေမရိကန္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။

လက္ရွိမွာေတာ့ ကြန္တီ ၊ ဇီဒန္းတို႔လို ထိပ္တန္းနည္းျပေတြဟာ အသင္းလက္မဲ့ေတြ ျဖစ္ေနၿပီး နာမည္ေက်ာ္ အီတလီ သတင္းေထာက္ ဒီမာဇီယိုကေတာ့ ကြန္တီဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနေၾကာင္း အတည္ျပဳ ေျပာၾကားသြားပါတယ္။

ဒီမာဇီယိုက “ကြန္တီက ဆုဖလားေတြ ရယူနိုင္မယ့္ အသင္းကိုသာ ကိုင္တြယ္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ကြန္တီက စပါးအသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့သလို အာဆင္နယ္အသင္းကိုလည္း ေျပာင္းဖို႔ စိတ္ကူးမရွိပါဘူး။ သူက မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေန ကမ္းလွမ္းမႈ ရလာရင္ေတာ့ လက္ခံဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။