Spots news

အကောင်းဆုံးပုံစံနဲ့ ယူနိုက်တက်အတွက် ပြန်လာပါပြီ ဆိုတဲ့ လူကြမ်း အဲရစ်ဘိုင်လီ

Unicode Version

ဒဏ်ရာ ပြသနာတွေနဲ့ လုံးပန်းနေရလေ့ရှိတဲ့ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီ ဟာ သူ့‌အနေနဲ့ နောက်ထပ် ကာလရှည် အနား မယူချင်တော့ ကြောင်း ပြောဆိုလိုက်ပါတယ်။

ပြိုင်ဘက် အပေါ် ဘောလုံးဖျက်ထုတ်မှု ပြုလုပ်ရာမှာ ရှောင်တိမ်း၍ ကစားလေ့မရှိသည့် ဘိုင်လီ ဟာ မကြာခဏ ဒဏ်ရာရတတ်ပြီး အသင်းနဲ့ အထိုင်ပြန်ကျလိုက် ဒဏ်ရာရလိုက်နဲ့ သံသရာ လည် နေတတ်သူပါ။

အသင်းအတွက် ကစားတဲ့ ပထမဆုံး ရာသီမှာပဲ ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကာလရှည်ကြာစွာ အနားယူခဲ့ရ သလို ပြန်လည် သက်သာလာတဲ့  အချိန်မှာလဲ အသင်းနဲ့ အသားမကျသေးခင်မှာပဲ ပြန်လည်ဒဏ်ရာ ရရှိပြီး အနားယူခဲ့ရပြန်ပါတယ်။

ယခုလက်ရှိ အချိန်မှာတော့ ဘိုင်လီဟာ အသင်းဖော်တွေ ဖြစ်တဲ့ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် တိုနဲ့ အတူ ယူနိုက်တက် နောက်တန်းကို ထိန်းကျောင်းပေးနေပြီး အသင်းဖော် လင်ဒီလော့ဖ် နောက်ကျော ဒဏ်ရာ ကြောင့် မပါဝင်နိုင်တဲ့ ပွဲစဉ်များမှာ သူ့ရဲ့ ခြေစွမ်းဟာ သိသာထင်ရှားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ဗီလာ နဲ့ ပွဲစဉ်မှာလဲ နောက်တန်းကို အကောင်းဆုံး ထိန်းချုပ်ခဲ့ပြီး အပိုင်အခွင့် အရေးများကို ကာကွယ်နိုင်ခဲ့သလို့ ထိုပွဲ၏ အကောင်းဆုံး ကစားသမားလဲ ဖြစ်ခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ အသင်းသားများရဲ့ ဝိုင်းဝန်း ဂုဏ်ပြုခြင်းကိုပါ ခံခဲ့ရသူပါ။

ဘိုင်လီကတော့ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ရောက်ဖို့ ကြိုးစားနေပြီး သူ့ရဲ့ ကစားသမားဘဝ အခက်ခဲဆုံး အချိန်တွေကို နောက်ထပ် ပြန်မလိုချင်တော့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဘိုင်လီက “ ဒါကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံ မဟုတ်သေးပါဘူး။ နောက်ထပ် အနားမယူရအောင် သေချာဂရုစိုက်မယ် ၊ ကြံ့ခိုင်မှုတွေ တိုးတက်အောင်လုပ်မယ်။ အသင်းကို ပေးဆပ်မယ် ၊ ဒါတွေပါပဲ..

“ အရမ်းခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်ခဲ့ရ ပြီးပါပြီ ။ အခုကျွန်တော်ပြန်လာပြီ။ ဒဏ်ရာတွေ မရှိတော့တဲ့ ခံစားချက်က အရမ်းကောင်းပြီး ၊ ထရိန်နင်မှာလဲ တက်ကြွတဲ့ ခံစားမှုရှိတယ်။ အသင်းအတွက် ပေးဆပ်ကစားဖို့ ကြံ့ခိုင်မှု အပြည့်ပါပဲ ”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ဒဏ္ရာ ျပသနာေတြနဲ႕ လုံးပန္းေနရေလ့ရွိတဲ့ ယူနိုက္တက္ ေနာက္ခံလူ အဲရစ္ ဘိုင္လီ ဟာ သူ႕‌အေနနဲ႕ ေနာက္ထပ္ ကာလရွည္ အနား မယူခ်င္ေတာ့ ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ၿပိဳင္ဘက္ အေပၚ ေဘာလုံးဖ်က္ထုတ္မႈ ျပဳလုပ္ရာမွာ ေရွာင္တိမ္း၍ ကစားေလ့မရွိသည့္ ဘိုင္လီ ဟာ မၾကာခဏ ဒဏ္ရာရတတ္ၿပီး အသင္းနဲ႕ အထိုင္ျပန္က်လိဳက္ ဒဏ္ရာရလိုက္နဲ႕ သံသရာ လည္ေနတတ္ပါတယ္။

အသင္းအတြက္ ကစားတဲ့ ပထမဆုံး ရာသီမွာပဲ ဒူးဒဏ္ရာ ျပင္းထန္စြာ ရရွိခဲ့ၿပီး ကာလရွည္ၾကာစြာ အနားယူခဲ့ရပါတယ္။ ျပန္လည္သက္သာလာတဲ့ အခ်ိန္မွာလဲ အသင္းနဲ႕ အသားမက်ေသးခင္မွာပဲ ျပန္လည္ဒဏ္ရာ ရရွိၿပီး အနားယူခဲ့ရျပန္ပါတယ္။

ဒယခုလက္ရွိ အခ်ိန္မွာေတာ့ ဘိုင္လီဟာ အသင္းေဖာ္ေတြ ျဖစ္တဲ့ မက္ဂြိုင္းယား ၊ လင္ဒီေလာ့ဖ္ တိုနဲ႕ အတူ ယူနိုက္တက္ ေနာက္တန္းကို ထိန္းေက်ာင္းေပးေနၿပီး အသင္းေဖာ္ လင္ဒီေလာ့ဖ္ ေနာက္ေက်ာ ဒဏ္ရာ ေၾကာင့္ မပါဝင္နိုင္တဲ့ ပြဲစဥ္မ်ားမွာ သူ႕ရဲ႕ ေျခစြမ္းဟာသိသာထင္ရွားခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ဗီလာ နဲ႕ ပြဲစဥ္မွာလဲ ေနာက္တန္းကို အေကာင္းဆုံးထိန္းခ်ဳပ္ခဲ့ၿပီး အပိုင္အခြင့္ အေရးမ်ားကို ကာကြယ္နိုင္ခဲ့သလို႔ ထိုပြဲ၏ အေကာင္းဆုံး ကစားသမားလဲ ျဖစ္ခဲ့ပါတယ္။ ပြဲစဥ္အၿပီးမွာ အသင္းသားမ်ားရဲ႕ ဝိုင္းဝန္း ဂုဏ္ျပဳျခင္းကိုပါ ခံခဲ့ရသူပါ။

ဘိုင္လီကေတာ့ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးပုံစံကို ေရာက္ဖို႔ ႀကိဳးစားေနၿပီး သူ႕ရဲ႕ ကစားသမားဘဝ အခက္ခဲဆုံး အခ်ိန္ေတြကို ေနာက္ထပ္ ျပန္မလိုခ်င္ေတာ့ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဘိုင္လီက “ ဒါကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံး ပုံစံ မဟုတ္ေသးပါဘူး။ ေနာက္ထပ္ အနားမယူရေအာင္ ေသခ်ာဂ႐ုစိုက္မယ္ ၊ ႀကံ့ခိုင္မႈေတြ တိုးတက္ေအာင္လုပ္မယ္။ အသင္းကို ေပးဆပ္မယ္ ၊ ဒါေတြပါပဲ..

“ အရမ္းခက္ခဲတဲ့ အခ်ိန္ကာလေတြကို ျဖတ္ေက်ာ္ခဲ့ရၿပီးပါၿပီ ။ အခုကြၽန္ေတာ္ျပန္လာၿပီ။ ဒဏ္ရာေတြ မရွိေတာ့တဲ့ ခံစားခ်က္က အရမ္းေကာင္းၿပီး ၊ ထရိန္နင္မွာလဲ တက္ႂကြတဲ့ ခံစားမႈရွိတယ္။ အသင္းအတြက္ ေပးဆပ္ကစားဖို႔ ႀကံ့ခိုင္မႈ အျပည့္ပါပဲ ”ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။