Spots news

စာချုပ်သစ်ချုပ်ဆိုဖို့ အခြေအနေကို အတည်ပြုပေးလိုက်တဲ့ ဒိုင်ဘာလာ

Unicode Version

အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာ ကတော့ သူဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း နီးစပ်နေကြောင်း မယ်လ်မိုအသင်းအား အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အပြီးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြထားတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒိုင်ဘာလာနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ မရောက်ခင် ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး ဒိုင်ဘာလာကလည်း ဂျူဗင်တပ်အသင်းမှာသာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

လက်ရှိမှာတော့ လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းက ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျနေပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ဒိုင်ဘာလာကို လက်မလွှတ်ရစေဖို့ အစွမ်းကုန် ကြိုးစားနေကာ ဒိုင်ဘာလာကလည်း သူဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ဒိုင်ဘာလာက “ကျွန်တော်က အမြဲတမ်း အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်တဲ့လူတွေ ဆွေးနွေးနေကြပြီး နှစ်ဖက်လုံးက အကောင်းမြင်ထားပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံး အနေအထားနဲ့ ဆွေးနွေးမှုတွေကို အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

Zawgyi Version

အီတလီ စီးရီးေအ အင္အားႀကီးကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေပၚလို ဒိုင္ဘာလာ ကေတာ့ သူဟာ အသင္းနဲ႕ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနသလို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔လည္း နီးစပ္ေနေၾကာင္း မယ္လ္မိုအသင္းအား အေဝးကြင္းမွာ အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ အၿပီးမွာ အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၂၇ႏွစ္ အ႐ြယ္ အာဂ်င္တီးနား လက္ေ႐ြးစင္ တိုက္စစ္မႉး ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ မရွိမျဖစ္ တိုက္စစ္မႉး အျဖစ္ ေျခစြမ္းျပထားတဲ့ ကစားသမား တဦး ျဖစ္ၿပီး အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ဒိုင္ဘာလာနဲ႕ ဂ်ဴဗင္တပ္အသင္းတို႔ရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးေတာ့မွာ ျဖစ္တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းဟာ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ မေရာက္ခင္ ဒိုင္ဘာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အရွိန္အဟုန္ျမႇင့္ ႀကိဳးစားေနၿပီး ဒိုင္ဘာလာကလည္း ဂ်ဴဗင္တပ္အသင္းမွာသာ ဆက္ေနဖို႔ ဆႏၵရွိေနပါတယ္။

လက္ရွိမွာေတာ့ လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းက ဒိုင္ဘာလာကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ မ်က္စိက်ေနေပမယ့္ ဂ်ဴဗင္တပ္အသင္း ကေတာ့ ဒိုင္ဘာလာကို လက္မလႊတ္ရေစဖို႔ အစြမ္းကုန္ ႀကိဳးစားေနကာ ဒိုင္ဘာလာကလည္း သူဟာ အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ နီးစပ္ေနေၾကာင္း အတည္ျပဳ ေျပာၾကားသြားပါတယ္။

စာခ်ဳပ္သစ္ကိစၥနဲ႕ ပတ္သတ္ၿပီး ဒိုင္ဘာလာက “ကြၽန္ေတာ္က အၿမဲတမ္း အသင္းအတြက္ အေကာင္းဆုံး ႀကိဳးစားေပးေနပါတယ္။ စာခ်ဳပ္သစ္ကိစၥနဲ႕ ပတ္သတ္ၿပီး သက္ဆိုင္တဲ့လူေတြ ေဆြးေႏြးေနၾကၿပီး ႏွစ္ဖက္လုံးက အေကာင္းျမင္ထားပါတယ္။ ကြၽန္ေတာ္တို႔ေတြ အေကာင္းဆုံး အေနအထားနဲ႕ ေဆြးေႏြးမႈေတြကို အဆုံးသတ္နိုင္မယ္လို႔ ထင္ပါတယ္” ဆိုၿပီး ေျပာၾကားခဲ့တာပါ။