Spots news

လီဗာပူးနဲ့အပြိုင် ဘယ်လင်ဂမ်ကို စံချိန်တင်ဈေးနဲ့ ခေါ်ယူမယ့် မန်စီးတီး

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းခေါ်ယူရန် ပစ်မှတ်ထားနေသော ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်အား ခေါ်ယူရန်စိတ်ဝင်စားနေပြီး လီဗာပူးအသင်းနှင့် အပြိုင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံထားရပြီး အသင်းအတွက်ကိုလည်း ယူရိုပြိုင်ပွဲ အပါအဝင် ပွဲပေါင်း ၈ ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်တွေကို အမြဲတမ်း မြေတောင်မြှောက်ပေးလေ့ရှိတဲ့ ဒေါ့မွန်အသင်းက ဘယ်လင်ဂမ်ကို ပထမရာသီမှာပဲ ပြိုင်ပွဲစုံ ၄၆ ပွဲအထိကို ပါဝင်ကစား ခိုင်းခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းနှင့် ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး ထိုစဉ်ကတည်းက ၁၇ နှစ်အရွယ် ဘင်လင်ဂမ်၏ စွမ်းဆောင်ရည်ကို မယုံကြည်နိုင်အောင်ဖြစ်ရသည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။

ဘယ်လင်ဂမ်နဲ့ ဒေါ့မွန်အသင်းတို့ စာချုပ်သက်တမ်းဟာ ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ဆိုရင် မန်ချက်စတာ စီးတီး အသင်းနဲ့ လီဗာပူး အသင်းတို့ အပြိုင် ခက်ခက်ခဲခဲကို ကြိုးပမ်းရဖွယ် ရှိနိုင်ပြီး ကစားသမားရဲ့ ပြောင်းရွေ့ကြေးဟာလဲ ပေါင်သန်း ၈၀ အထိ မြင့်တက်လာနိုင်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္ခ်က္စတာ စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လီဗာပူးအသင္းေခၚယူရန္ ပစ္မွတ္ထားေနေသာ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဂမ္အား ေခၚယူရန္စိတ္ဝင္စားေနၿပီး လီဗာပူးအသင္းႏွင့္ အၿပိဳင္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ဂ်ာမန္သတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဆယ္ေက်ာ္သက္ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဂမ္ဟာ အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာပါ ေ႐ြးခ်ယ္ခံထားရၿပီး အသင္းအတြက္ကိုလည္း ယူရိုၿပိဳင္ပြဲ အပါအဝင္ ပြဲေပါင္း ၈ ပြဲအထိ ပါဝင္ကစားခြင့္ ရရွိထားခဲ့ပါတယ္။

ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္မွာပဲ ဘာမင္ဂမ္စီးတီးကေန ေဒါ့မြန္အသင္းဆီကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လူငယ္ေတြကို အၿမဲတမ္း ေျမေတာင္ျမႇောက္ေပးေလ့ရွိတဲ့ ေဒါ့မြန္အသင္းက ဘယ္လင္ဂမ္ကို ပထမရာသီမွာပဲ ၿပိဳင္ပြဲစုံ ၄၆ ပြဲအထိကို ပါဝင္ကစား ခိုင္းခဲ့ပါတယ္။

ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကတည္းက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲစဥ္တြင္ မန္စီးတီးအသင္းႏွင့္ ရင္ဆိုင္ခဲ့ဖူးသူျဖစ္ၿပီး ထိုစဥ္ကတည္းက ၁၇ ႏွစ္အ႐ြယ္ ဘင္လင္ဂမ္၏ စြမ္းေဆာင္ရည္ကို မယုံၾကည္နိုင္ေအာင္ျဖစ္ရသည္ဟု မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဝန္ခံခဲ့ပါတယ္။

ဘယ္လင္ဂမ္နဲ႕ ေဒါ့မြန္အသင္းတို႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၅ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္ၿပီး ဘယ္လင္ဂမ္ကို ေခၚယူဖို႔ဆိုရင္ မန္ခ်က္စတာ စီးတီး အသင္းနဲ႕ လီဗာပူး အသင္းတို႔ အၿပိဳင္ ခက္ခက္ခဲခဲကို ႀကိဳးပမ္းရဖြယ္ ရွိနိုင္ၿပီး ကစားသမားရဲ႕ ေျပာင္းေ႐ြ႕ေၾကးဟာလဲ ေပါင္သန္း ၈၀ အထိ ျမင့္တက္လာနိုင္ပါတယ္။