Spots news

ဟာလန်းကို လက်လွတ်ရဖို့သေချာနေလို့ ဝါနာကို ကြိုတင်ချိန်ရွယ်ထားတဲ့ ဒေါ့မွန်

Unicode Version

ဒေါ့မွန်အသင်းဟာ လာမည့်ရာသီမှာ လက်လွတ်ရဖွယ် ရှိနေတဲ့ လူငယ်ကြယ်ပွင့် ဟာလန်းရဲ့ နေရာအတွက် ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးလို့နေရတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ နာမည်ကျော် ဂျာမနီ အခြေစိုက် သတင်းစာများက ဖော်ပြလာပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအကုန်မှာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၄ သန်းအထိ လျော့ကျသွားမှာ ဖြစ်တဲ့အတွက် အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဥရောပကြယ်ပွင့်ကို အပြိုင်အဆိုင် ကမ်းလှမ်းလာကြမှာ ဖြစ်တဲ့အတွက် ဒေါ့မွန်အသင်း လက်လွတ်ရဖို့က ‌သေချာသလောက် နီးပါး ရှိနေပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို လက်လွတ်ဆုံးရှုံးရမယ်ဆိုရင် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် လက်ရှိ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းမှာ ရောက်ရှိနေတဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်း တီမိုဝါနာကို ပစ်မှတ်ထား ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။

တီမိုဝါနာဟာ ပြီးခဲ့တဲ့နှစ် နွေစျေးကွက်က ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး  ပထမဆုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း လူကာကူကို အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူထားလို့ အသင်းမှာ အနာဂတ် ပျောက်ဆုံးရဖို့က သေချာသလောက် ဖြစ်နေရပါတယ်။

ထို့ကြောင့် ဝါနာကို ဒေါ့မွန်အသင်းက စတင်ပစ်မှတ်ထားလာခဲ့ပြီး ဝါနာကိုယ်တိုင်ကလည်း အင်္ဂလန်မြေမှာ မရေမရာ ဖြစ်နေမှုကို အဆုံးသတ်ဖွယ် ရှိ‌နေပါတယ်။ ဝါနာဟာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၅၆ ပွဲမှာ သွင်းဂိုးစုစုပေါင်းက ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းဟာ လာမည့္ရာသီမွာ ဥေရာပအသင္းႀကီးေတြဆီကို လက္လြတ္ရဖြယ္ ရွိေနတဲ့ လူငယ္ၾကယ္ပြင့္ ဟာလန္းရဲ႕ ေနရာအတြက္ ခ်ယ္လ္ဆီးအသင္းမွာ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆုံးလို႔ေနရတဲ့ ဂ်ာမနီ တိုက္စစ္ကစားသမား တီမိုဝါနာကို ေခၚယူသြားဖြယ္ ရွိေနတယ္လို႔ နာမည္ေက်ာ္ ဂ်ာမနီ အေျခစိုက္ သတင္းစာမ်ားက ေဖာ္ျပလာပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလုံးရာသီအကုန္မွာ ဟာလန္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္ ၆၄ သန္းအထိ ေလ်ာ့က်သြားမွာ ျဖစ္တဲ့အတြက္ အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဥေရာပၾကယ္ပြင့္ကို အၿပိဳင္အဆိုင္ ကမ္းလွမ္းလာၾကမွာ ျဖစ္တဲ့အတြက္ ေဒါ့မြန္အသင္း လက္လြတ္ရဖို႔က ‌ေသခ်ာသေလာက္ နီးပါး ရွိေနပါတယ္။

ေဒါ့မြန္အသင္းအေနနဲ႕ ဟာလန္းကို လက္လြတ္ဆုံးရႈံးရမယ္ဆိုရင္ သူရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ လက္ရွိ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းမွာ ေရာက္ရွိေနတဲ့ လိုက္ပ္ဇစ္တိုက္စစ္မႉးေဟာင္း တီမိုဝါနာကို ပစ္မွတ္ထား ခ်ိန္႐ႊယ္လာခဲ့တာ ျဖစ္ပါတယ္။

တီမိုဝါနာဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြေစ်းကြက္က ခ်ယ္လ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး  ပထမဆုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၂ ဂိုးသာ သြင္းယူနိုင္ခဲ့သလို ဒီရာသီမွာလည္း လူကာကူကို အင္တာမီလန္ကေန ျပန္လည္ေခၚယူထားလို႔ အသင္းမွာ အနာဂတ္ ေပ်ာက္ဆုံးရဖို႔က ေသခ်ာသေလာက္ ျဖစ္ေနရပါတယ္။

ထို႔ေၾကာင့္ ဝါနာကို ေဒါ့မြန္အသင္းက စတင္ပစ္မွတ္ထားလာခဲ့ၿပီး ဝါနာကိုယ္တိုင္ကလည္း အဂၤလန္ေျမမွာ မေရမရာ ျဖစ္ေနမႈကို အဆုံးသတ္ဖြယ္ ရွိ‌ေနပါတယ္။ ဝါနာဟာ ခ်ယ္လ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၇.၅ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၅၆ ပြဲမွာ သြင္းဂိုးစုစုေပါင္းက ၁၂ ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။